News

Executive Master in Advanced Management (EMAM) ဘာသာရပ်အကြောင်း ဆွေးနွေးပွဲ

Executive Master in Advanced Management (EMAM) ဘာသာရပ်အကြောင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ Co-operative Business Center တွင် University of Liege, Belgium ၏ Dr.William Chong မှ ရှင်းလင်းဆွေးနွေးပေးပါမည်။

တက်ရောက်လိုသူများအနေဖြင့် iAcademic Management ဖုန်း-ဝ၉ ၄၂၀ဝ၃၀၉၄၃၊ ဝ၉ ၄၂၁၀၇၆၈၅၈၊ အမှတ် ၄၅၉၊ အခန်း ၃၀၂ – ဘီ၊ တတိယထပ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းသို့ ကြိုတင်စာရင်းပေးသွင်း၍ အခမဲ့တက်ရောက်နိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *