News, Travel

ဥရောပရုပ်ရှင်ပွဲတော် ယနေ့ညနေ စပြီ

ယနေ့ စက်တင်ဘာ ၁၂ရက်နေ့ ညနေ ၆နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံတွင် ဥရောပရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ၀င်ခွင့် အခမဲ့ဖြစ်ပြီး စက်တင်ဘာ ၁၂ရက်နေ့မှ ၂၂ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ကာ နေ့စဉ်ညနေ ၃နာရီခွဲမှ ၆နာရီခွဲထိ ဥရောပရုပ်ရှင်များကို အင်္ဂလိပ်ဘာသာ စာတန်းထိုး၍ ပြသသွားမှာ ဖြစ်ပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ ပိုလန်၊ ဆွစ်ဇာလန်၊ ချက်၊ အစ္စရေးစသည့် ဥရောပနိုင်ငံများမှ ရုပ်ရှင်ကားကောင်းများကို တစ်ရက်လျှင် နှစ်ကားနှုန်းဖြင့် ညနေ၃နာရီခွဲ တစ်ပွဲ၊ ည၆နာရီခွဲ တစ်ပွဲ ပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *