Gadgets, Review

စိတ်ဝင်စားစရာ အိုင်တီဂတ်ဂျက်လေးတွေနဲ့ AUKEY

AUKEY ဟာ ဈေးကွက်ထဲမှာ အတော်အသင့်နာမည်ရတဲ့ လူသုံးကုန်အီလက်ထရောနစ်အမှတ်တံဆိပ်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ရှန်ကျန်းမှာ အခြေစိုက်ပါတယ်။

ထုတ်ကုန်တွေအနေနဲ့ အားသွင်းချာဂျာ၊ အားသွင်းကြိုးအမျိုးမျိုးနဲ့ ကြိုးမဲ့အသံပိုင်းဆိုင်ရာထုတ်ကုန်တွေအပြင် အခုနောက်ပိုင်းမှာ တခြားမိုဘိုင်းဖုန်းဆက်စပ်ပစ္စည်းတွေပါ အမြောက်အမြားထုတ်လုပ်ရောင်းချနေတာ တွေ့ရပါတယ်။

AUKEY ထုတ်ကုန်များကို Amazon Marketplace နဲ့ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့ဥရောပနဲ့ ဥရောပမြောက်ပိုင်း၊ လက်တင်အမေရိကရှိ နိုင်ငံပေါင်း ၂၀ တို့ကို ဖြန့်ချိရေးအေးဂျင့်နဲ့ မိတ်ဖက်အီလက်ထရောနစ်ကုန်သွယ်ရေးတို့ကနေ ရောင်းဝယ်ဖောက်ကားနေပါတယ်။

Graphite ကြိုးမဲ့အားသွင်းစက်(Wireless Charger)၊ Wall chargers နဲ့ power bank တို့နဲ့ AUKEY အမှတ်တံဆိပ်ကို လူသိများခဲ့ပါတယ်။ AUKEY ရဲ့ Graphite Wireless Charger ၂၀၁၈ ခုနှစ်မှာ Charging Product အမျိုးအစားအနေနဲ့ iF Design Award ရရှိခဲ့ပါတယ်။

AUKEY ဟာ နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးချပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း ခိုင်မာသော၊ စားသုံးသူအီလက်ထရောနစ်နဲ့ မိုဘိုင်းနည်းပညာဆက်စပ်ပစ္စည်းတွေ ဒီဇိုင်းရေးဆွဲလျက် Hardware ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ထုတ်လုပ်နေပါတယ်။

AUKEY အမှတ်တံဆိပ် အားသွင်းစက်နဲ့အားသွင်းကြိုးအမျိုးမျိုး၊ Bluetooth စပီကာနဲ့နားကြပ်၊ ကြိုးမဲ့ကီးဘုတ်၊ Power Bank, Gaming Mouse, Car Phone Mount, Car Charger, Graphite Wireless Charger Pad တို့ကို ICT.com.mm မှာ ဝယ်လို့ရပါတယ်။

👇👇👇
https://www.ict.com.mm/brand/aukey/

Leave a Reply

Your email address will not be published. Required fields are marked *