Featured, News, Travel

သြဇီလူမျိုးတစ်ယောက် လေယာဉ်မှူးအခန်းကို အိမ်သာထင်၍ တံခါးခေါက်ရာမှ…

via news.com.au

၂၈နှစ်အရွယ် သြစတြေးလျ လူမျိုးတစ်ယောက်ဖြစ်သူ မတ် ခရစ်စတိုဖာ လော့ကလီ(Matt Christopher Lockley)သည် သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့မှ ဗာဂျင် အဲလိုင်းကို စီးပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ အပန်းဖြေ ကမ်းခြေရှိရာသို့ သွားရောက်စဉ် လေယာဉ်ပေါ်၌ လေယာဉ်မှူးအခန်းကို အိမ်သာထင်၍ တံခါးခေါက်မိခဲ့ရာမှာ လေယာဉ်မှူးက လေယာဉ်ကို ပြန်ပေးဆွဲတော့မည်ထင်ပြီး လေယာဉ်ပေါ်မှ အရေးပေါ်ခလုတ်ကို နှိပ်ကာ အင်ဒိုနီးရှားနိုင်ငံ ဒန်ပစာနှင့် မကာဆာလေဆိပ်သို့ အကြောင်းကြားခဲ့သိဟု ဆိုသည်။

သြဇီလူမျိုးတစ်ယောက် လေယာဉ်မှူးအခန်းကို အိမ်သာထင်၍ တံခါးခေါက်ရာမှ…

သြဇီလူမျိုးတစ်ယောက် လေယာဉ်မှူးအခန်းကို အိမ်သာထင်၍ တံခါးခေါက်ရာမှ…

ခြေညှပ်ဖိနပ်၊ ဘောင်းဘီတိုနှင့် တီရှုပ် ဝတ်ဆင်ထားသော လော့ကလီသည် လေဆိပ်ရောက်သည့် အချိန်မှာတော့ − သောင်းကျန်သူ လေယာဉ်ပေါ် ပါလာသည့်ရောင်ရောင် အချက်ပြသတင်းများအရ − စစ်တပ်နှင့် ရဲများ၏ ဝိုင်းဝန်းကြိုဆိုမှုကို ခံခဲ့ရကြောင်း၊ လေယာဉ်ပေါ်မှ အရေးပေါ် အချက်ပြ စနစ်ကလည်း နာရီဝက်လောက် လေဆိ်ပ်သို့ ကြိုတင် သတင်းပို့ထားသဖြင့် လေဆိ်ပ်တစ်ခုလုံးကို ပိတ်ပြီး ၎င်းလိုက်ပါလာသည့် ဗာဂျင် အဲလိုင်းကို တာဝန်ရှိသူများက သောင်းကျန်သူ ဖမ်းဖို့ အသွင်ဖြင့် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းများက ရေးသားထားသည်။

အခင်းဖြစ်ပွားပုံကို လော့ကလီက အင်ဒိုနီးရှားမှ တာဝန်ရှိသူများကို ရှင်းပြချက်အရတော့ — ၎င်းသည် အင်ဒိုနီးရှားမှ ၎င်း၏ ဇနီးသည်ကို သူမတွေ့ရတာ နှစ်ပတ်လောက် ရှိပြီဖြစ်သည့်အတွက် လာရှာခြင်း ဖြစ်ကြောင်း၊ လေယာဉ်ပေါ် မတက်မီ ပန်နဒေါ (၄) နှင့် ဗိုလ်တရန် (၂) (အညောင်းအညာကြေဆေး) စုစုပေါင်း ၆ လုံးနှင့် ကိုကာကိုလာ ၂ ဗူးကိုသာ သောက်သုံး မှီဝဲခဲ့ကြောင်း ထွက်ဆိုထားသည်။ လေယာဉ်ပေါ်၌လည်း သူရဲ့ ဆေးအိပ်ကို ရှာနေသည်က တစ်ကြောင်း၊ သူ အိမ်သာကို အသုံးပြုမယ်ဟု ထွက်သွားပြီး လေယာဉ်မှူးအခန်းကို အိမ်သာထင်ပြီး သဘောရိုးနှင့် တံခါး ခေါက်ခဲ့ခြင်းက တစ်ကြောင်းသာ ဖြစ်သည်ဟု ရဲအရာရှိများကို ထွက်ဆိုထားကြောင်း သိရသည်။  လေယာဉ်မှ တာဝန်ရှိသူများက ၎င်းကို ပြန်လည် ထိုင်ခိုင်းသဖြင့် ပြန်ထိုင်ခဲ့သည်ဟုလည်း ဆိုသည်။

သြဇီလူမျိုးတစ်ယောက် လေယာဉ်မှူးအခန်းကို အိမ်သာထင်၍ တံခါးခေါက်ရာမှ…

သြဇီလူမျိုးတစ်ယောက် လေယာဉ်မှူးအခန်းကို အိမ်သာထင်၍ တံခါးခေါက်ရာမှ…

လော့ကလီ တံခါးသွားခေါက်နေစဉ် လေယာဉ်မှူးမှ တံခါးခေါက်သံကြားပြီး သောင်းကျန်းသူ လေယာဉ်ကို ပြန်ပေးဆွဲတော့မည်ဟု ထင်ပြီး အရေးပေါ်ခလုတ်နှိပ်ကာ လေဆိ်ပ်သို့ အကြောင်းကြားခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းအချိန်မှာလည်း လေယာဉ် ဆင်းသက်ဖို့ မိနစ် ၃၀ အလို ဖြစ်နေသဖြင့် လေယာဉ်မှူးများက အဘယ်ကြောင့် မှားယွင်းသည့် သတင်းပို့မှုသာဖြစ်ကြောင်း ပြန်လည် မဆက်သွယ်သဲဆိုတာကို တာဝန်ရှိသူများက ဆက်လက် စုံစမ်းနေကြောင်း ရေးသားထားသည်။

ဤသို့ အခင်း ဖြစ်ပွားခြင်းကြောင့် လေဆိ်ပ်တစ်ခုလုံးကို ပိတ်လိုက်ပြီး အခြား ဆိုက်ရောက်ခါနီး လေယာဉ်များကိုလည်း အခြားလေဆိပ်များသို့ ခေတ္တပြောင်းရွှေ့ ရပ်ဆိုင်းစေခဲ့ကြောင်း သိရသည်။ လေယာဉ်ပေါ်ပါလာသည့် ခရီးသည်များမှာတော့ ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိဟု ဆိုသည်။ တာဝန်ရှိသူများကတော့ ဆက်လက်ပြီး ၎င်းရဲ့ ဆီး၊ သွေးများကို ဖောက်စစ်ထားသည့် ရလဒ်ကို စောင့်ဆိုင်းနေပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိနှင့် မည်သို့ ပုဒ်မဖြင့် အရေးယူမလဲကို တိုင်ပင်နေကြကြောင်း သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *