News, Review

လိုင်းမတက်လို့စိတ်ညစ်မနေပါနဲ့ Router ကောင်းကောင်းလေးသာသုံးလိုက်ပါ

Wifi ကို GB Speed နဲ့တက်ချင်တယ်ဆိုရင် 5400 Mb/s အထိရနိုင်တဲ့ 8K Streaming အတွက်တောင်သုံးလို့ရတဲ့ TP-Link Archer AX73 ကိုရွေးချယ်နိုင်ပါတယ်။ နောက်ဆုံးပေါ် Wifi 6 နည်းပညာကိုအသုံးပြုထားတဲ့အတွက် Devices တွေအများကြီးချိတ်ဆက်ပြီး တပြိုင်နက်သုံးနိုင်ပါတယ်။ Home Network အဖြစ် အသုံးပြုဖို့ရွေးချယ်သင့်တဲ့ Router ကောင်းလေးတစ်လုံးပါ။
ပေါ့ပေါ့ပါးပါးတစ်ကိုယ်ရည်သုံး 4G LTE Wireless Router လေး လိုချင်တာဆိုရင်တော့ Prolink (PRN3006L) ကို ရွေးချယ်နိုင်ပါတယ်။ 150Mbps အထိလိုင်းဆွဲနိုင်ပြီးတော့ စမတ်ဖုန်း၊ iPads ၊ Laptops ၊ PCs တွေနဲ့တွဲဖက်အသုံးပြုဖို့ အရမ်းသင့်တော်တဲ့အမျိုးအစားလေးဖြစ်ပါတယ်။ Network ကိုအလိုအလျောက် ရွေးချယ်ချိတ်ဆက်မှာဖြစ်ပြီး လိုင်းကောင်းရင်ကောင်းသလို အသုံးပြုသူ 32 ဦးထိ ချိတ်ဆက်နိုင်မှာပါ။
အိမ်မှာ ကလေး၊ လူကြီး မိသားစုဝင်တွေအားလုံးသုံးကြမယ်ဆိုရင် TP-Link ရဲ့ AC1200 Whole Home Mesh Wi-Fi System လေးကို ရွေးချယ်သင့်ပါတယ်။ 5GHz မှာလိုင်းဆွဲအား 867Mbps အထိရနိုင်ပြီး 2.4GHz မှာလိုင်းဆွဲအား 400Mbps အထိရနိုင်ပါတယ်။ လိုင်းကျနေတဲ့အခါမှာလည်း တတ်နိုင်သမျှ lag နေတာမျိုးမဖြစ်အောင် ထိန်းထားပေးဦးမှာပါ။ အကောင်းဆုံးအချက်ကတော့ အိမ်ကမိသားစုဝင်တစ်ဦးချင်းစီရဲ့အသုံးပြုမှုကို Control လုပ်ပေးနိုင်တာကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေနဲ့မသင့်တော်တဲ့ Websites တွေကို Block တာ၊ အွန်လိုင်းတက်ချိန်ကန့်သတ်တာတွေကို ပြုလုပ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ Routers တွေအပြင် ဈေးနှုန်းသက်သာပြီး အရည်အသွေးလည်းကောင်းမွန်တဲ့ အိမ်သုံး၊ လုပ်ငန်းသုံး Routers တွေ အမျိုးမျိုးရှိသေးတာကြောင့် မိမိလိုအပ်ချက်နဲ့ကိုက်ညီတဲ့ Routers တွေကို အောက်ပါလင့်ခ်လေးမှတဆင့် ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *