News

ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးမည်

ရခိုင်ပြည်နယ်၏ လုံခြုံရေး တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လျှပ်စစ်ဓာတ်အားနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရခိုင်လူငယ်များ စွမ်းရည်မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ရခိုင်ပြည်နယ် ၁၇မြို့နယ်မှ လူထု ကိုယ်စားပြု ခေါင်းဆောင်များအား ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွေမန်းက ဖိတ်ကြားထားကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုခန်းမ (IBC)၌ စက်တင်ဘာ ၂၉ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြို့နယ်တစ်ခုစီမှ သုံးဦးကျစီ ဖိတ်ကြားထားခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်တွေကိုယ်စားလှယ်များ အနေဖြင့် ရခိုင်ပြည်နယ် လုံခြုံရေး တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စကို အလေးပေး တင်ပြမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်မှ ဦးဦးမြသား ဦးဦးမောင်သန်းနှင့် ဦးနှင်းထွန်းတိုးတို့အား ရွေးချယ်ခဲ့ကြောင်း သိရပြီး စစ်တွေမြို့နယ်အတွက် ဦးသာပွင့်၊ ဦးဦးသန်းထွန်း၊ ဦးရွေထွန်းအောင်၊ ဦးခိုင်ကောင်းစံ၊ ဦးစိုးနိုင်နှင့် နာရေးအသင်းမှ တစ်ဦးတို့အား ရွေးချယ်ထားသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *