Apps, News, Review

Direct X ဆိုတာဘာလဲ?

Direct X ဆိုတာဘာလဲ?

Micorsoft DirectX ဆိုတာ application programming interfaces (APIs)လို့ခေါ်ပြီး multimedia ပိုင်းအတွက် လုပ်ဆောင် ချက်တွေကို လုပ်ဆောင်ပေးပါတယ်။ အထူးသဖြင့် Microsoft Platformsပေါ်မှာအသုံးပြုရတဲ့ Game Program များနှင့် ဗီဒီယိုများအတွက် လုပ်ဆောင်ရမဲ့ တာဝန်ယူများကို လုပ်ဆောင်ပေးပါတယ်။ ဒီ Programတွေရဲ့ မူလပထမအစဖြစ်တဲ့ APIs များကို Direct လို့ အမည်တွင်ကြပါတယ်။ အဲ့ဒီနာမည်တွေကတော့ Direct 3D , DirectDraw , DirectMusic , DirectPlay, DirectSound အပြင် အခြားသော အမည်တွေရှိပါသေးတယ်။ ဒီလောက်များပြားလှတဲ့ အမည်တွေကို တစ်စုတစ်စည်းတည်းဖြင့် သတ်မှတ် နိုင်အောင် သင်္ချာကိန်းဂဏန်းများရဲ့ မသိကိန်း X ကိုအခြေပြုပြီး Direct X လို့ အမည်တွင် ခေါ်ဆိုခဲ့ ကြပါတယ်။ ဒီလိုအမည်တွင်ခဲ့ ကြတဲ့အတွက်ကြောင့် X ရဲ့ နေရာမှာ ကြိုက်နှစ်သက်ရာ API တွေကို စိတ်ကြိုက်အစားထိုးနိုင်သွားပါပြီ။

နောက်ပိုင်းမှာတော့ Microsoft ဟာ Direct X ကိုအစွဲပြုကာမသိကိန်း X ကိုယူပြီး Xbox ဆိုတဲ့ အမည်နဲ့ Game စက်တွေကို ထုတ်လုပ်လာခဲ့ ပါတယ်။ ဒါကြောင့် Xbox ဂိမ်းစက်များဟာ Direct X နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်လိုက်တဲ့ ဂိမ်းစက် များပဲ ဖြစ်ပါတယ်။ ဒါ့အပြင် X ဆိုတဲ့ အမည်ကိုယူပြီး Xbox လိုမျိုးပဲ အခြား APIs ထပ်မံပေါ်လာခဲ့ပါသေးတယ်။ အဲဒါတွေ ကတော့ XInputနဲ့ Cross-platform Audio Creation Tool ရဲ့ အတိုကောက်ဖြစ်တဲ့ XACT တို့ဖြစ်ပါတယ်။ နောက်ထပ် Driect X Pattern ကိုအသုံးပြုထားတဲ့ Window APIs တွေကတော့ Direct2D နဲ့ DirectWrite ဆိုပြီး ထပ်မံပေါ်ထွက် လာခဲ့ပါတယ်။

နောက်ပိုင်းမှာထပ်မံပေါ်ထွက်လာခဲ့တဲ့ API များထဲမှ အကျယ်ပြန့်ဆုံး API တစ်ခုဖြစ်တဲ့ Direct3D ဆိုတဲ့ API တစ်ခုကလည်း နေရာရခဲ့ ပါတယ်။ Direct 3D ကိုအခြေပြုပြီး Microsoft Windows များအတွက် Videogmae များ SegaDreamcast ၊ Microsoft Xbox ၊ Micorsoft Xbox 360 နှင့် Microsoft Xbox One ဆိုတဲ့ APIs တွေကိုထပ်မံပြီး Development ပြုလုပ်ခဲ့ကြပါတယ်။ Direct 3D ကို ထပ်မံအသုံးပြုခဲ့တာကတော့ graphics အသုံးပြုပြီး ရုပ်ထွက်ကောင်းမွန်စေရန် အင်ဂျီနီယာသုံး ဆော့ဖ်ဝဲများဖြစ်သည့် CAD/ CAM software များတွင် ထည့်သွင်းအသုံပြုခဲ့ကြပါတယ်။ Direct 3Dဟာ Direct X လိုပဲ လူသုံးအများဆုံး API တစ်ခု ဖြစ်တဲ့အတွက်ကြောင့် Direct X နှင့် Direct 3D ကိုအတူတူပဲလို့ မြင်နေကြ ပါတယ်။

DirectX မှာ Code တွေနဲ့ ခေါင်းစဉ်ပါပြီးသား စာရွက်စာတမ်းတွေလိုပဲ Program တွေရဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင် ပေးနိုင်တဲ့ Software Development Kit (SDK) ကလည်း ပါဝင်လာ ပါတယ်။ Program တွေရဲ့ လုပ်ဆောင်ချက်တွေ ဆိုတာကတော့ Game တွေကိုထည့်သွင်းခြင်း သို့မဟုတ် အသုံးပြုသူတွေ သိကြပြီးသား software တွေ install လုပ်ခြင်းကို ခေါ်ပါတယ်။ ဒီ Program တွေကို Window 95 စတင်ထုတ်လုပ်ခဲ့တဲ့ DirectX မှာ မပါဝင်ခဲ့ပါဘူး။ သို့ပေမဲ့ Window 95 ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ်လုပ်မှုဖြစ်သည့် OEM Service တွင် ပါဝင်လာခဲ့ပါတယ်။ နောက်ထပ် Window 98 နဲ့ Windows NT 4.0 နှစ်မျိုးစလုံးမှာ စတင်၍ Microsoft Window ရဲ့ နောက်ပိုင်း Version တွေမှာ Direct X ကို အခုချိန်ထိ ထည့်သွင်းထုတ်လုပ်ခဲ့ပါတယ်။

Microsoft မှ Direct X SDK ကိုအခမဲ့ download လုပ်နိုင်အောင် ဖြန့်ဝေပေးခဲ့ပါတယ်။ ဒီလို Program တွေကို လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပိုင်ဆိုင်ထားကြတဲ့ လူတွေဟာ Closed-source Software (Source code ဆိုတာနမူနာ SDK အများစု) တွေကို ပိုင်ဆိုင်ထားခြင်း ဖြစ်တယ်လို့ဆိုကြပါတယ်။ Window 8 Developer Preview မှာစတင် ဖြန့်ချိပေးခဲ့တဲ့ Direct SDK ဟာ Windows SDK အနေနဲ့ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

Direct 3D 9E, Direct 3D 10 နဲ့ Direct 3D 11 တို့ဟာ Window Vista နှင့်အခြား Window အသစ်တွေမှာသာ ပါဝင်လာတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Window Vista ကို စတင်မိတ်ဆက်ခဲ့စဉ်တုန်းက Versions အသစ်ဖြစ်တဲ့ Window Display Driver Model လို့ခေါ်တဲ့ Grphic Driver တွေအပေါ်မူတည်ပြီး တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် Window Display Driver Model ရဲ့ graphic နည်းပညာ အသစ်ပါဝင်တဲ့ Window Vista မှာ Video Memory ကို ထောက်ပံ့ပေးပြီး Desktop Window Manager လိုမျိုး အမျိုးမျိုးသော application နဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနိုင်မဲ့ graphics hardware တွေလည်း ပါဝင်လာခဲ့ပါတယ်။ ဒီလိုအချိန်တွေကနေစပြီး အခုချိန်အထိ Direct X ဆိုတဲ့ နည်းပညာဟာ Microsoft Window ရဲ့ မရှိမဖြစ် လက်တွဲဖော် ဖြစ်နေဆဲပင်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *