Featured, News

iPhone 6 Plus နှင့် Samsung Galaxy Note4 ကို နှိုင်းယှဉ်ကြည့်ခြင်း

iPhone 6 Plus နှင့် Samsung Galaxy Note 4 ကို နှိုင်းယှဉ်ကြည့်ခြင်း

ကမ္ဘာ့ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး Digital Product ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Apple နှင့် Samsung ဆိုတဲ့ တံဆိပ်နှစ်မျိုးကိုတော့ ယနေ့ခေတ် ၂၁ ရာစုမှ လူသားတိုင်း မသိတဲ့သူမရှိသလောက် ရှားကြမယ်လို့ ထင်ပါတယ်။ ဒီ Product နှစ်မျိုးဟာ ကမ္ဘာ့ပြိုင်ဆိုင်မှု အားအကောင်းဆုံးနဲ့ တန်ဖိုးအမြှင့်မားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ကုမ္ပဏီနှစ်ခုလည်း ဖြစ်ပါတယ်။

အသုံးပြုသူ User တွေအပေါ် ဘယ်တော့မှ လိုက်လျောမရှိခဲ့တဲ့ Apple ဟာ လက်ရှိအချိန်မှာတော့ Apple product ကိုမှ နှစ်ခြိုက်စွဲမက်စွာ အသုံးပြုအားပေးနေကြတဲ့ အသုံးပြုသူတွေရဲ့ တောင်းဆိုချက်အရ သူ့ရဲ့လက်သီးဆုပ်ကို ဖြေလျော့ပြီး Smart Phone ကို မျက်နှာပြင်ကျယ်ကျယ်မှ ကြိုက်ပါတယ်ဆိုတဲ့ အသုံးပြုသူများအတွက် iPhone 6 Plus ကို ဖြန့်ချိထုတ်လုပ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်းသူ့ရဲ့ မူရင်းအကျင့်မူဝါဒကို ဖြောက်ဖျက်ဖို့ခက်နေတဲ့ Apple ဟာ နဂိုရှိရင်းစွဲ ထုတ်လုပ်ထားတဲ့ iPhone 5s မျက်နှာပြင် အရွယ်အစားကိုလည်း လက်မလွတ်ခဲ့ပါဘူး။ ဒါကြောင့် iPhone 6 Plus ရဲ့ မျက်နှာပြင် အရွယ်အစားကို အသုံးပြုသူတို့အကြိုက် ကွဲပြားစွာပြောင်းလဲခဲ့ပေမဲ့ iPhone 6 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ အရင် iPhone5s ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ်ပဲ အပြောင်းလဲ လုပ်ခဲ့ပါတယ်။

အခုလို Apple Product တွေကို တစ်ချိန်တည်းမှာတင် ပြသရောင်းချခဲ့ပြီး ကမ္ဘာ့မိုဘိုင်းဈေးကွက်ကို အနိုင်ယူနေတဲ့အချိန်မှာပဲ Samsaung Galaxy S5 နဲ့ ခေတ္တရပ်တန့်နေတဲ့ Samsung ကုမ္ပဏီက သူတို့ရဲ့ Product အသစ်အဖြစ်တဲ့ Samsung Galaxy Note 4 နဲ့ Samsung Galaxy Grand Prime ကို ပြသရောင်းချပြီး Apple ကိုယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ အသုံးပြုသူတွေဟာ မိမိတို့ရဲ့ Smart Phone တွေအတွက် Apple ကိုပဲရွေးရမလား Samsung ကိုပဲ ရွေးရ မလားဆိုပြီး တွေဝေနေရသလို မိမိအကြိုက်ဝယ်ယူပြီး သူများအနေနဲ့လည်း မိမိတို့ဝယ်ယူထားတဲ့ Brand အမျိုးအစားနှစ်ခု အကြားမှာ ဘာတွေကွာခြားနေလဲဆိုတာကို သိစေနိုင်အောင်နဲ့ မျက်နှာပြင်ကျယ် Smart Phone နှစ်မျိုးရဲ့ အားနည်းချက် အားသာချက်အချို့ကို ဒီဆောင်းပါးနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁။ ဒီဇိုင်း
ပထမဦးဆုံးအနေနဲ့ ဒီဇိုင်းပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Apple ရဲ့ ဒီဇိုင်းဟာ အနုပညာဆန်ပြီး စွဲဆောင်မှုရှိသလိုSamsung Galaxy Note 4 ရဲ့ ဒီဇိုင်းကတော့ 2014 ရဲ့ အကျည်းတန်ရုပ်ဆိုးတဲ့ ဒီဇိုင်းလို့ အသုံးပြုသူတွေရဲ့ မှတ်ချက်ပေးမှုတွေနဲ့ နိုင်ငံတကာရဲ့ Website အချို့မှ ဖော်ပြထားပါတယ်။ iPhone 6 Plus နှင့် Samsung Galaxy Note 4 ရဲ့ ဒီဇိုင်းရဲ့ နာမည်တွေကို iPhone 6 Plus အတွက် IPS ဟုသတ်မှတ်ပြီး Samsung Galaxy Note 4 အား super Amoled ဟု ကျွမ်းကျင်ပညာရှင်များက သတ်မှတ်ထား ကြပါတယ်။

design

၂။ အရွယ်အစားနှင့် အလေးချိန်

ဒီ Smart Phone နှစ်လုံးရဲ့ မျက်နှာပြင်အကျယ်နဲ့ အလေးချိန်ကို ကြည့်မယ်ဆိုရင်တော့ iPhone 6 Plus ရဲ့ မျက်နှာပြင် အကျယ်နဲ့ အလေးချိန်ကတော့ 158.1 x 77.8 x 7.1 mm (6.22 x 3.06 x 0.28 in) ရှိပြီး အလေးချိန်ကတော့ 172 g (6.07 oz) ရှိပါတယ်။ Galaxy Note 4 ရဲ့ မျက်နှာပြင်အကျယ်နဲ့ အလေးချိန်ကတော့ 153.5 x 78.6 x 8.5 mm (6.04 x 3.09 x 0.33 in) ရှိပြီးအလေးချိန်ကတော့ 176 g (6.21 oz) ရှိပါတယ်။ iPhone 6 Plus ရဲ့ ကိုယ်ထည်ဟာ သတ္တုနဲ့ ပြုလုပ်ထားတယ် ဆိုပေမဲ့လည်း သာမန်ကိုယ်ထည်ဖြင့် ဖွဲ့စည်းထားပြီး အပြင်Coverကို သားရေအသားနဲ့ ပြုလုပ်ထားတဲ့ Note 4 ထက် ပေါ့ပါးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ပေါ့ပါးမှုကို ကြိုက်နှစ်သက်ကြတဲ့ အသုံးပြုသူများအတွက် iPhone ရဲ့ အားသာချက် တစ်ခုလို့ပြောရပါလိမ့်မယ်။

size

၃။ Screen Display &Resolution

Screen Display ကတော့ iPhone 6 Plus အတွက် ၅.၅ လက်မရှိပြီး Samsung Galaxy Note 4 အတွက်ဆိုရင် ၅.၇ လက်မရှိပါတယ်။ Screen Resolution အတွက်ကတော့ iPhone 6 Plus က 1920 × 1080 pixel [401 ppi (pixel per inches)] ဖြစ်ပြီး Samsung Galaxy Note 4 အတွက်ကတော့ 2560 × 1440 pixel [515 ppi(pixel per inches)] ဖြစ်ပါတယ်။ အခုလို OSI Camera ရဲ့ Pixel အရည်အတွက်တွေ များတဲ့အတွက်ကြောင့် ဗီဒီယိုရိုက်ကူးရာမှာရော ဓါတ်ပုံရိုက်ကူးရာမှာပါ အရည်သွေးကောင်းမွန်တဲ့ ရလဒ်တွေရရှိမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ Screen Display နဲ့ Screen Resolution တွေရဲ့ တိုင်းတာချက်များအရတော့ Samsung Galaxy Note 4 ဟာ iPhone 6 Plus ထက် သာလွန်တာကို တွေ့ရပြီး ရရှိလာတဲ့ ရလဒ်အရည်အသွေးမှာလည်း Samsung Galaxy Note 4 က အနည်းငယ် သာလွန်နေတာကို တွေ့မြင် ရပါတယ်။

screen

၄။ ဘက်ထရီ

iPhone 6 Plus နှင့် Galaxy Note 4 ရော နှစ်မျိုးစလုံးတွင် ဘက်ထရီချို့ယွင်းလျှင် အစားထိုးတပ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ iPhone 6 Plus ရဲ့ ဘက်ထရီအစားထိုး တပ်ဆင်မှုကတော့ အနည်းငယ်ခက်ခဲမှာဖြစ်ပြီး Li-Po 2915 mAh battery အမျိုး အစားကိုအသုံးပြုထားပါတယ်။ Galaxy Note 4 ရဲ့ ဘက်ထရီအစားထိုး တပ်ဆင်နိုင်မှုကတော့ ရိုးရှင်းလွယ်ကူပြီး Li-Ion 3220 mAh battery အမျိုးအစားကို အသုံးပြုထားပါတယ်။ ဘက်ထရီအသုံးပြုမှုမှာလည်း iPhone 6 Plus ရဲ့ ဘက်ထရီ အသုံးပြုနိုင်မှုဟာ ဘာမှမသုံးပဲ ဖုန်းပြောရုံသက်သက်ပဲဆိုရင် ၃၈၂ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပြီး 3G Network ကိုအသုံးပြု နိုင်ပါတယ်။ ဖုန်းအမြဲတမ်းပြောနေတဲ့ သူတွေအတွက်ဆိုရင်တော့ ၂၄ နာရီနဲ့ သီချင်းဖွင့်ရုံသက်သက်ပဲဆိုရင်တော့ နာရီ ၈၀ ကြာအောင် အသုံးပြုနိုင်တယ်လို့ Apple ကုမ္ပဏီမှာထုတ်ပြန်ကြေငြာထားပါတယ်။ အလားတူပဲ Samsung Galaxy Note 4 ရဲ့ ဘက်ထရီ အသုံးပြုနိုင်မှုဟာလည်း ဖုန်းပြောရုံသက်သက်ပဲဆိုရင်တော့ 3G Network ကို နာရီ၂၀ ကြာအောင် အသုံးပြုနိုင် ပြီး သီချင်းဖွင့်ရုံသက်သက်ပဲဆိုရင် နာရီပေါင်း ၈၂ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။

ဒါပေမဲ့ ဘက်ထရီအားသွင်းတဲ့အခါမှာတော့ အားသွင်းချိန်ခဏအတွင်းတွင် လျှင်မြန်စွာ ဘက်ထရီအားပြည့်စေရန်အတွက် feature ကို Samsung Galaxy Note 4 မှာ ထည့်သွင်းပေးထားပေမဲ့ iPhone 6 Plus မှာတော့ မပါဝင်လာခဲ့ပါဘူး။ အဆိုပါ ဘက်ထရီအား လျင်မြန်စွာသွင်းနိုင်သည့် featureအား ထည့်သွင်းထားသည့် Samsung Galaxy Note 4 ၏ အားသွင်းလျင်မြန်နှုန်းဟာ နာရီဝက်အတွင်းတွင် ငါးဆယ်ရာခိုင်နှုန်းအထိ လျင်မြန်စွာအားသွင်းနိုင်သည်။

battery

၅။ Ultra Power Saving Mode

Ultra Power Saving Mode feature ကတော့ ဘယ် Smart Phone မှာမှ မပါဝင်တဲ့ Samsung Galaxy Note 4 ရဲ့ အကောင်းမွန်ဆုံး feature တစ်ခုလို့ပြောရပါလိမ့်မယ်။ ဒီ feature ကိုတော့ iPhone 6 Plus မှာတော့ ပါဝင်လာခြင်း မရှိသေးပါဘူး။ ဒီ feature ကို အသုံးပြုခြင်းဖြင့် မိမိရဲ့ဘက်ထရီအား ခံနိုင်ရည်ကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ ဒီ Feature ကိုသုံးမယ်ဆိုရင် ဖုန်းရဲ့ Screen ဟာ အဖြူအမဲအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး မိမိအတွက် အသုံးလိုမဲ့ application များကို သာဖုန်းရဲ့ screen မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Feature ကို အသုံးပြုမယ်ဆိုရင် မိမိဖုန်းရဲ့ ဘက်ထရီအားဟာ တစ်ရက်ကို ၁၀ရာခိုင်နှုန်းခန့်သာ အသုံးပြုမှာဖြစ်ပြီး ၁၀ဝ ရာခိုင်နှုန်းအထိ အပြည့်အဝ အသုံးပြုချင်တယ်ဆိုရင်တော့ ၁၂ ရက် ကျော်လောက်ကို အားလုံးဝသွင်းစရာမလိုပဲ မိမိရဲ့ Smart Phone ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ultra-power

၆။ Stylus (screen ပေါ်တွင် အလွယ်တကူ မှတ်သားနိုင်သည့်အရာ)

Stylus အကြောင်းကို ပြောနေစရာမလိုလောက်အောင်ကို Smart Phone အသုံးပြုသူအားလုံး သိကြပါတယ်။ Samsung Galaxy Note 4 ဟာ Note 3 မှာတုန်းက အသုံးပြုထားတဲ့ S Pen ထက်ကောင်းမွန်တဲ့ S Pen ကို Galaxy Note 4 မှာအသုံးပြုထားပါတယ်။ ဒါပေမဲ့ iPhone 6 Plus မှာတော့ Stylus မပါဝင်တာကိုတော့ အထူးတလည် ပြောနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။

stylus

၇။ Fingerprint sensor

Fingerprint sensor ကတော့ အမျိုးအစားနှစ်မျိုးစလုံးမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ Fingerprint Sensor ရဲ့ ပုံစံချင်းက မတူညီပါဘူး။ iPhone 6 Plus ရဲ့ Fingerprint Sensor ပုံစံကတော့ Home Button တွင် Fingerprint sensor အသုံးပြုထားတဲ့ လက်ချောင်းကို ထိထားရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ၊ Samsung Galaxy Note 4 မှာတော့ fingerprint sensor feature ကိုအသုံးပြုထားတဲ့ လက်ချောင်းဖြင့် home button ကိုသာယာစွာပွတ်စွဲ၍ အသုံးပြုရမည်ဖြစ်သည်။

၈။ NFC

NFC Feature ကိုအရင် iPhone တွေမှာ ထည့်သွင်းပေးထားခြင်းမရှိပေမဲ့ အခုနောက်ဆုံးထုတ်လုပ်လားတဲ့ iPhone နှစ်မျိုး စလုံးမှာ NFC Feature ကိုထည့်သွင်းပေးထားပါတယ်။ NFC Feature ကို ထည့်သွင်းပေးထားတဲ့အတွက်ကြောင့် Application , Photo , Vedioအစရှိတဲ့ File တွေကို ကျောခြင်းကပ်ထားလိုက်ရုံဖြင့် လျှင်မြန်စွာ မျှဝေကူးယူနိုင်မှာဖြစ်ပြီး NFC Feature ဖြင့် ငွေပေးချေခြင်း အစရှိတဲ့ စီးပွားရေးလုပ်ငန်းများတွင်ပါ တွင်ကျယ်စွာအသုံးပြုနိုင်ပါတယ်။ Samsung Galaxy Note 4 ကတော့ အရင်အမျိုးစားတွေကတည်းက ထည့်သွင်းပြီးသားဖြစ်ပြီး အခုနောက်ဆုံးအမျိုးအစားအထိ ထည့်သွင်းအသုံးပြုလာတာကို တွေ့ရပါတယ်။

nfc

၉။ Heart Rate Sensor

Heart Rate Sensor Feature ကလည်း iPhone 6 Plus မှာ မပါဝင်တဲ့ feature တစ်ခုဖြစ်ပါတယ်။ ဒီ Feature ကို Samsung က galaxy S5 မှာကတည်းက အသုံးပြုလာခဲ့တာဖြစ်ပြီးအခု Note 4 မှာ ထပ်မံထည့်သွင်း အသုံးပြုထားပါသေး တယ်။ Heart Rate Sensor ပါဝင်တဲ့ အားသာချက်ကတော့ မိမိရဲ့ သွေးခုန်နှုန်းကို Smart Phone မှာ ပါဝင်တဲ့ Feature ကိုဖွင့်ပြီး စက္ကန့်အနည်းငယ်စောင့်လိုက်တာနဲ့ သိရမှာဖြစ်ပါတယ်။ ဒါဟာလည်းဘယ် Smart Phone မှာမှ ထည့်သွင်းထား ခြင်းမရှိသေးတဲ့ Samsung ရဲ့ အသုံးပြုသူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သိရှိနိုင်အောင် စွမ်းဆောင်ပေးထားတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။

heartrate-sensor

၁၀။ Split-Screen Multitasking

Samsung မှာ ပါဝင်ပြီး iPhone 6 Plus မှာ မပါဝင်တဲ့ Feature ဖြစ်တဲ့ Split-screen multitasking feature ဟာ တစ်ချိန်တည်းမှာပင် Smart Phone တစ်လုံးတည်းနဲ့ Function အများအပြားကို အသုံးပြုနိုင်အောင် ထည့်သွင်းပေးထားတဲ့ Samsung ရဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ Multitasking feature ကို အသုံးပြုနိုင်ခြင်းဟာ တစ်ချိန်တည်းမှာပင် မိမိလိုချင်တဲ့ အရာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး Processor လုပ်ဆောင်ချက်တွေက ဘယ်လောက်ထိ မြန်ဆန်မှုရှိတယ်ဆိုတာကို Samsung က ဖော်ပြလိုက်သလိုပါပဲ။

၁၁။ One-handed mode

အခုဖော်ပြပေးနေတဲ့ Smart Phone အမျိုးအစား နှစ်မျိုးစလုံးက မျက်နှာပြင်အရွယ်အစား ကြီးမားကြပါတယ်။ ဒါကြောင့် application တွေကို လက်တစ်ဖက်တည်းနဲ့ အသုံးပြုလို့ မလွယ်ကူလောက်ဘူးလို့ ထင်ကြပါလိမ့်မယ်။ ဒီလိုထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အမျိုးအစားနှစ်မျိုးစလုံးက ဒီလိုအပ်ချက်တွေကို သိထားပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒါကြောင့် ဒီ Smart phone နှစ်မျိုးကို အသုံးပြုသူတွေဟာ အထဲမှာပါဝင်တဲ့ application တွေကို လက်တစ်ဖက်တည်းနဲ့ အသုံးပြုနိုင်ဖို့ One-handed mode ကို ထည့်သွင်းပေးထားပါတယ်။

One-handed mode ကိုအသုံးပြုမယ်ဆိုရင် အမျိုးအစားတစ်မျိုးနဲ့ တစ်မျိုးဟာ တူညီမှုမရှိတာကို တွေ့မြင်ရပါတယ်။ iPhone 6 Plus မှာ one-handed mode ကိုအသုံးပြုမယ်ဆိုရင်တော့ Home Button ကိုနှစ်ချက်လောက် ထိလိုက်တာနဲ့ one-handed mode ဖြင့် မိမိရဲ့ handset ကို အသုံးပြုနိုင်မှာဖြစ်ပြီး Samsung Galaxy Note 4 မှာတော့ မျက်နှာပြင်ကို ရှေ့တိုးနောက်ဆုတ် ညင်သာစွာ ပွတ်စွဲပေးလိုက်တာနဲ့ one-handed mode ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
one-hand-mode

၁၂။ Storage (သိုလှောင်သိမ်းဆည်းမှု)

သိုလှောင်သိမ်းဆည်းနိုင်မှုနှုန်းမှာ iPhone 6 Plus ရဲ့ သိုလှောင်မှုက 16 GB ,64 GB နှင့် 128 GBအသီးသီးရှိပြီး Galaxy Note 4 မှာတော့ 32 GB နှင့် 64 GB ဟူ၍ နှစ်မျိုးသာရှိတာကို တွေ့မြင်ရပါတယ်။ ဒါပေမဲ့ နောက်ထပ် ထပ်တိုးအသုံးပြုနိုင်တဲ့ Micro SD card ကိုတော့ Galaxy Note 4 ကခွင့်ပြုထားပါတယ်။ iPhone 6 Plusကတော့ ခွင့်ပြုပေးထားခြင်းမရှိပါဘူး။RAM ကိုကြည့်မယ်ဆိုရင်လည်း iPhone 6 Plus က 1 GB RAM ကိုအသုံးပြုထားပေမဲ့ Samsung Galaxy Note 4 ကတော့ 2 GB အသုံးပြုထားပါတယ်။

၁၃။ Processor
iPhone 6 Plus ကတော့ သူတို့ရဲ့ ကိုယ်ပိုင် Processor (Apple A8 64 Bit Dual Core) ကိုအသုံးပြုထားပေမဲ့ Samsung Galaxy Note 4 ကတော့ (Snapdragon 805 32 Bit Quad Core 207 GHz ) ကိုအသုံးပြုထားပါတယ်။

၁၄။ Infrared

Android phone တိုင်းလိုလိုမှာ ထည့်သွင်းပါဝင်လာတဲ့ TV ကို အဝေးထိန်း control အဖြစ်ထိန်းညှိနိုင်တဲ့ feature ကို iPhone 6 Plus မှာ ထည့်သွင်းပေးခြင်းမရှိပေမဲ့ Samsung Galaxy Note 4 မှာတော့ ထည့်သွင်းပေးထားတာကို တွေ့မြင် မှာပါ။

၁၅။ Virtual Reality

Virtual Reality ဟာ အပြင်မှ တကယ့်ပတ်ဝန်းကျင်ကို အတုဖြစ်အောင် Software ဖြင့် ပြုလုပ်ထားပြီး 3D effect များနှင့် Game ကစားခြင်းများ ပြုလုပ်နိုင်သည့် ပစ္စည်းဖြစ်သည်။ ထိုပစ္စည်းနှင့် တွဲဖက်အသုံးပြုနိုင်သည့် Mobile Handset များဖြင့် တွဲဖက်အသုံးပြုလျှင် handset ၏ camera မှအပြင် ပတ်ဝန်းကျင်အား မှတ်တမ်းတင်မည်ဖြစ်ပြီး Virtual Reality Handset မှ အပြင်ပတ်ဝန်းကျင်အစစ်ကို အတုဖြစ်အောင် ပြုလုပ်ပေးမည်ဖြစ်သည်။

ထိုကဲ့သို့ အသုံးပြုနိုင်သည့် handset မှာ Note 4 တစ်မျိုးတည်းသာရှိသည်။ အဆိုပါ Virtual Reality Function ကို Samsung Galaxy Note 4 တွင်သာထည့်သွင်းထားပြီး iPhone 6 Plus တွင်တော့ ပါဝင်ခြင်းမရှိပေ။ အဘယ်ကြောင့် ဆိုသော် Vritual Reality Handset ၏ OS Software များသည် Open source ဖြစ်ပြီး Linux , Window , နှင့် Android တို့အတွက်သာ ထုတ်လုပ်ထားခြင်းကြောင့်ဖြစ်သည်။

virtual-reality

၁၆။ Smartwatch compatibility

Smart Phone နှစ်မျိုးစလုံးဟာ ၄င်းတို့၏ ကိုယ်ပိုင် Smart watch များနှင့် ကိုက်ညီမှုရှိတာကိုလည်း တွေ့မြင်ရပါတယ်။ iPhone 6 Plus ဟာiwatchနဲ့ ကိုက်ညီမှုရှိသလို Samsung Galaxy Note 4 ဟာလည်း Samsung Galaxy Gear Smartwatchနှင့် အသုံးပြုနိုင်ပါတယ်။

smart-watch

၁၇။ OS

iPhone 6 Plus ဟာ iOS 8 ကို အသုံးပြုထားသလို Samsung Galaxy Note 4 ဟာလည်း Android 4.4 KitKat ကို အသုံးပြုထားပါတယ်။

os

အထက်ဖော်ပြပါအချက်များသည် ကမ္ဘာ့ Mobile လောကတွင် နောက်ဆုံးထွက်ရှိလာပြီး ပြိုင်ဆိုင်မှု အပြင်ထန်ဆုံး Mobile Handset များဖြစ်သည့် Apple ၏ iPhone 6 Plus နှင့် Samsung ၏ Galaxy Note 4 တို့၏ အားနည်းချက်များနှင့် အားသာချက်များပင် ဖြစ်ပါတယ်။ Brand အစွဲရှိတဲ့ Handset အသုံးပြုသူများနှင့် အခုမှ ဝယ်ယူအသုံးပြုကြမဲ့ အသုံးပြုသူများ အတွက် ဒီ Review ကိုကြည့်ပြီး လေ့လာနိုင်အောင် ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
 

 

Leave a Reply

Your email address will not be published. Required fields are marked *