News

Lenovo 1 Campaign Lucky Draw အစီအစဉ် မှ ကံထူးရှင်အယောက် ၁၀ဝ ရွေးချယ်ပွဲကျင်းပပြုလုပ်

Lenovo 1 Campaign Lucky Draw အစီအစဉ် မှ ကံထူးရှင်အယောက် ၁၀ဝ ရွေးချယ်ပွဲကျင်းပ ပြုလုပ်

မြန်မာနိုင်ငံတွင် PC ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နေသော Lenovo အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ နံပါတ် (၁) PC ရောင်းအား အကောင်းဆုံးအဖြစ် ထပ်မံအသိအမှတ်ပြု ရပ်တည်နိုင်ခဲ့ခြင်းကြောင့် Lenovo မြန်မာပရိတ်သတ်များအတွက် နှစ်သစ် အထူးအစီအစဉ် Lenovo#1 Campaignကို၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့ပါသည်။ ယခုလို မြန်မာနိုင်ငံ ရောင်းအားအကောင်းဆုံး အဖြစ်သော်လည်းကောင်း ၊ ကမ္ဘာ့နံပါတ် (၁) PC ရောင်းအားအကောင်းဆုံး အဖြစ်သော် လည်းကောင်း ရရှိခဲ့ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်တဲ့ ဝယ်ယူအားပေးကြသော ချစ်ပရိတ်သတ်များကို ကျေးဇူးတုံ့ပြန် လိုသော ရည်ရွယ်ချက်ဖြင့် Lenovo #1 Campaign Lucky Draw အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ Lenovo ကိုအားပေးကြတဲ့ ပရိတ်သတ်များအနေဖြင့် Lenovo #1 Program တွင် ငွေကျပ်တစ်ထောင် နှင့် Lucky Draw ကူပွန်အားဝယ်ယူပြီး Lenovo ၏ ကျပ်သိန်း (၃၀ဝ) ကျော်တန်ဖိုးရှိတဲ့ Smartphone, Tablet နှင့် Notebook ဆုမဲ (၁၀ဝ) ကို ကံစမ်းရယူနိုင်မှာဖြစ်ပါသည်။ ကံစမ်းမဲကာလကို ၂၀၁၅ ဇန်နဝါရီလ (၁) ရက်နေ့ မှ (၃၁) ရက်အထိသတ်မှတ်ခဲ့ပါသည်။ ဆုမဲပေါင်း ၁၀ဝ မှာ Lenovo Vibe X Smartphone အလုံး (၄၀) ၊ Lenovo A3300 Tablet အလုံး (၄၀) နှင့် Lenovo Yoga 11 RT Notebook အလုံး (၂၀)တို့ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၊ မွန်းလွဲ ၁ နာရီ မှ ၃ နာရီတွင် PRAK ROYAL Hotel ၌ Lenovo နှင့် KMD မှ ကြီးမှူးပြီး စာနယ်ဇင်း နယ်ပယ်မှ မိတ်ဆွေကြီးများနှင့် တကွ Lenovo #1 Campaign Lucky Draw Ceremony ပြုလုပ်ကျင်းပ၍ ကံထူးရှင် အယောက် (၁၀ဝ) ကို ရွေးချယ် ပေးခဲ့ပါသည်။ ကံစမ်းမဲရွေးချယ်ပွဲ အခမ်းအနားတွင် Lenovo မှ တာဝန်ရှိသူတစ်ဦးမှ “အခုလို Lenovo ရဲ့ #1 Campaignအစီအစဉ် မှာ ပါဝင်ကံစမ်းကြတဲ့ Lenovo ချစ်ပရိတ်သတ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကံထူးရှင် အယောက် (၁၀ဝ) အတွက်လည်း အထူးပဲဝမ်းမြောက်မိပါတယ်။ ဆုမဲများနဲ့ လွဲခဲ့ကြတဲ့ ချစ်ပရိတ်သတ်များအတွက် ဆက်လက်ပြီး ဆုမဲတွေထပ်ပေးချင်ပါတယ် ။ ဒါကြောင့် ရှေ့ဆက်ပြီးတော့ Lenovo အနေနဲ့ အခုလို ပုံစံမျိုး အထူးအစီအစဉ်တွေ ဆက်လက်ပြီး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည် ။ ကံထူးသူ အယောက် (၁၀ဝ) အား Myanmar Lenovo Facebook Fan Page (www.facebook.com/lenovo.mm) တွင်လည်းကောင်း ၊ သတင်းစာ နှင့် ဂျာနယ်များတွင် လည်းကောင်း၊ ကံစမ်းမဲကူပွန် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် လည်းကောင်း ဖော်ပြပေးသွားမည် ဖြစ်ပါသည် ။ အရည်အသွေး ပြည့်ဝကောင်းမွန်ပြီး International အာမခံချက် အနည်းဆုံး (၁)နှစ် ပါဝင်သည့် Lenovo Notebook, Desktop များအပြင် Smartphone နှင့် Tablet မျိုးစုံကို KMD Computer Group မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် တာဝန်ယူ၍ ဖြန့်ဖြူးရောင်းချ ပေးလျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *