Opinion, Policy & Law

သင်သေသွားရင် သင့် အွန်လိုင်းအကောင့်တွေ သေသွားသင့်လား

သင်သေသွားရင် သင့် အွန်လိုင်းအကောင့်တွေ သေသွားသင့်လား

သင်သေသွားရင် သင့်ရဲ့ အီးမေး ၊ ဓါတ်ပုံတွေနဲ့ အခြား အွန်လိုင်းအကောင့်တွေကို ဖျက်ဆီးပစ်ခိုင်းသင့်သလား။ ဒါမှမဟုတ် သင့်ရဲ့ အိမ်၊ စာရွက်စာတမ်းများကို သင့်ရဲ့ မိသားစု၀င်တွေကို လွှဲပြောင်းပေးသလို သင့်ရဲ့ အွန်လိုင်း အကောင့်တွေကိုလည်း သင့်မိသားစုထံ လွှဲပြောင်းပေးသင့်သလား။

ထိပ်တန်းရှေ့နေအဖွဲ့တစ်ခုက သေတမ်းစာထဲမှာ အကောင့်ကို လွှဲမပေးရလို့ မှာထားခြင်းမရှိဘူးဆိုရင် မိသားစု၀င်များက သေဆုံးသူရဲ့ အွန်လိုင်းအကောင့်များကို ချက်ချင်း ကြည့်ရှုသင့်ပါတယ်လို့ ပြောပါတယ်။ သူတို့ဟာ သူတို့ရဲ့ အဆိုကို ဥပဒေပြုပေးဖို့ တရားဥပဒေရေးဆွဲသူတွေကို တိုက်တွန်းနေပါတယ်။

“ကျွန်တော်တို့ရဲ့ အီးမေးအကောင့်တွေဟာ ဒီနေ့ခေတ်မှာ ဖိုင်တွေသိမ်းထားတဲ့ ဗီရိုတွေပါပဲ။ အီးမေးအကောင့်တစ်ခုကို ကိုယ်တွယ်ဖို့ လိုအပ်နေတဲ့ အချိန်မှာ အခက်အခဲတွေ တွေ့နေရပါတယ်။” လို့ အဆိုပြုမှုကို ဦးဆောင်နေတဲ့ Cummings & Lockwood Attorneyမှ Suzanne Brown Walsh က ပြောပါတယ်။

ပြည်နယ်ရဲ့ ဥပဒေကို စံနှုန်းသတ်မှတ်ဖို့အတွက် ကူညီပေးဖို့ အစိုးရက ခန့်အပ်ထားတဲ့ Uniform Law Commission မှ အဖွဲ့၀င်တွေက ဒစ်ဂျစ်တယ် အမွေနဲ့ ပတ်သက်ပြီး အစီအစဉ်ရေးဆွဲဖို့ ပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ကျန်ရစ်သူမိသားစုတွေဟာ သေဆုံးသွားသူရဲ့ ဒစ်ဂျစ်တယ် အမွေကို လက်ခံနိုင်မှာပါ။ ဒါပေမယ့် သေတမ်းစာမှာ ခွင့်မပြုဘဲနဲ့ ကျန်ရစ်သူမိသားစုတွေဟာ သေဆုံးသူရဲ့ ဒစ်ဂျစ်တယ် အကောင့်တွေကို ထိန်းချုပ်ဖို့တော့ မဟုတ်ပါဘူး။

ဥပဒေပြုဖို့အတွက် ပြည်နယ်တစ်ခုချင်းစီရဲ့ ဥပဒေပြုလွှတ်တော်တွေက ပြုလုပ်မှရမှာပါ။ ဒီဥပဒေဟာ သေဆုံးသွားသူရဲ့ အကောင့်တွေကို ကျန်ရစ်သူကို လွှဲပေးလေ့မရှိတဲ့ နည်းပညာ Company တွေရဲ့ မူ၀ါဒနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။

“လူတွေဟာ သူတို့သေသွားရင် အကောင့်တွေကို လွှဲပြောင်းပေးသင့်သလား ဆိုတာ မစဉ်းစားမိကြပါဘူး။ ဘာတွေဆုံးရှုံးသွားမယ်ဆိုတာ သူတို့ မသိကြပါဘူး။“လို့ သူမရဲ့ အသက် ၂၂ နှစ်အရွယ်သားငယ် ၂၀၀၅ ခုနှစ်မှာ မော်တော်ဆိုင်ကယ် မတော်တဆမှုနဲ့ ဆုံးပါးသွားပြီးနောက်မှာ Facebookက ကလေးရဲ့ အကောင့်ကို အသုံးပြုတဲ့အတွက် တရားစွဲဆိုခဲ့တဲ့ မိခင်ဖြစ်သူ Karen Williamsက ပြောပါတယ်။

Facebookနဲ့ အခြား နည်းပညာကုမ္ပဏီတွေက ဖေါက်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို လွှဲပြောင်းပေးဖို့ စိတ်ကူးမရှိကြပါဘူး။ လူအများစုကတော့ အွန်လိုင်းအကောင့်တွေကို သူတို့ရဲ့ မိသားစုတွေ ထိန်းချုပ်မှာ မလိုလားကြဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သေသွားရင်တော့ ငွေကြေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိနိုင်ဖို့နဲ့ ချစ်ခြင်းမေတ္တာကြောင့် မိသားစု၀င်တွေဟာ သေဆုံးသူရဲ့ အကောင့်တွေကို အသုံးပြုနိုင်ဖို့ လိုပါတယ်။

ဟင်းချက်တဲ့ ဘလော့တွေလို၊ အွန်လိုင်းမှာ ငွေကြေးနဲ့ ၀ယ်ယူထားတဲ့ ဂိမ်းတွေလိုမျိုး ငွေကြေးတန်ဖိုးရှိတဲ့ အွန်လိုင်းအကောင့်တွေလည်း ရှိပါတယ်။

ပုဂ္ဂလိက လွတ်လပ်ခွင့်ကို တက်ကြွလှုပ်ရှားသူများက အဆိုပြုချက်ကို ဆန့်ကျင်နေတဲ့ အဓိက အဖွဲ့အစည်းတွေပါ။ ဝါရှင်တန်ရှိ Electronic Privacy Information Centerမှ ဒါရိုက်တာ Ginger McCallက သေဆုံးသူအတွက်ရော သူနဲ့ ဆက်သွယ်မှုရှိတဲ့ သူတွေအတွက်ပါ လုံခြုံစေဖို့ သေဆုံးသူရဲ့ အွန်လိုင်းအကောင့်တွေကို ကျန်ရစ်သူတွေက အသုံးပြုဖို့ တရားရုံးရဲ့ ဆုံးဖြတ်မှု လိုအပ်သင့်တယ်လို့ ပြောပါတယ်။

လူအများစုကတော့ သူတို့သေသွားရင် Passwordတွေကို ယုံကြည်ရတဲ့ မိသားစု၀င်တွေကို လဲွှပေးဖို့ ဒါမှမဟုတ် သေတမ်းစာမှာ ရေးပေးသွားဖို့ ဆုံးဖြတ်နိုင်မယ်လို့ ယူဆနေပါတယ်။ သေတမ်းစာမှာ ဖော်ပြခြင်းဟာ တရားရုံးမှာ လူသိရှင်ကြားဖြစ်မှာ ဖြစ်သလို Anti-Hacking Lawsများနဲ့ နည်းပညာ Companyတွေရဲ့ မူဝါဒနဲ့လည်း ကိုက်ညီမှု မရှိပါဘူး။

နည်းပညာ Companyတော်တော်များများက သူတို့ကိုယ်ပိုင် မူဝါဒတွေ ရှိပါတယ်။ ဥပမာ အနေနဲ့ Facebookဟာ ယုံကြည်စိတ်ချရသူ သူငယ်ချင်းကို သတ်မှတ်ထားနိုင်ပြီး ပိုင်ရှင်သေဆုံးသွားရင် အဲဒီလူက သူ့ရဲ့ ဓါတ်ပုံတွေ၊ ပို့စ်တွေကို ကြည့်နိုင်ပါတယ်။ Gmail, Youtube, Picasa Web Albumတို့ကို ၀န်ဆောင်မှုပေးနေတဲ့ Googleကလည်း သူ့ကိုယ်ပိုင်နည်းလမ်းရှိပါတယ်။ အကောင့်ကို မသုံးတာကြာရင် ဖျက်ပစ် ဒါမှမဟုတ် သတ်မှတ်ထားသူကို လွှဲပေးမှာပါ။ Yahoo အသုံးပြုသူများက အကောင့်ဖွင့်တဲ့ အချိန်မှာပဲ သူတို့သေသွားရင် အကောင့်သေသွားပြီဆိုတာ သဘောတူထားရပါတယ်။

နည်းပညာကို ထောက်ပံ့ပေးနေတဲ့ Companyတွေက အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ် အမွေတွေကို ဆုံးဖြတ်ခွင့်ရှိတယ်လို့ တရားရုံးတွေက မယူဆပါဘူး။ မီချီဂန် တရားရုံက အီရတ်မှာ ကျဆုံးသွားတဲ့ စစ်သားတစ်ယောက်ရဲ့ အီးမေးတွေကို သူ့ရဲ့ မိဘများကို လွှဲပြောင်းပေးဖို့ Yahooကို အမိန့်ပေးခဲ့ပါတယ်။ အဲဒီလိုပဲ တရားရုံးတစ်ခုက သားဖြစ်သူရဲ့ Facebookအကောင့်ကို မိခင်ဖြစ်သူ Williamsထံ လွှဲပြောင်းပေးဖို့ ခွင့်ပြုခဲ့ပါသေးတယ်။

Williamsက သေဆုံးသူဟာ သူ့အကောင့်ကို မိသားစု၀င်တွေကို လွှဲပြောင်းမပေးချင်ဘူးဆိုရင် သေတမ်းစာအရ ဆုံးဖြတ်သင့်ပါတယ်။

“လူတွေဟာ ဘာလို့ အရာရာတိုင်းကို မျှဝေမပေးချင်တာလဲဆိုတာ ကျွန်မ စဉ်းစားမရပါဘူး။ ကျွန်မသား မမျှော်လင့်ဘဲ သေဆုံးသွားပြီးတဲ့နောက်မှာ သူထိတွေ့ဖူးသမျှတွေဟာ ကျွန်မတို့အတွက်တော့ အဖိုးမဖြတ်နိုင်ပါဘူး။“ လို့ ဖုန်းအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *