Apps

အဓိပ္ပာယ်ရှိရှိ သေကြမယ်

‘သေတစ်နေ့ မွေးတစ်နေ့’ ဆိုတဲ့ ဆိုရိုးအတိုင်း သက်ရှိလူသားတိုင်းဟာ တစ်နေ့မှာ သေဆုံးခြင်းနဲ့ ကြုံတွေ့ရမှာ သိကြပေမယ့် လေးနက်အဓိပ္ပာယ်ရှိတဲ့ သေခြင်းမျိုးအတွက် ကြိုတင်ပြင်ဆင် ကြဖို့ မေ့နေတတ်ကြပါတယ်။ ဒီ၀က်ဘ်ဆိုက်မှာတော့ သေဆုံးမှုနဲ့ သေအံ့ဆဲဆဲ အခြေအနေတွေမှာ သိရှိထားသင့်တဲ့ အကြောင်းအရာတွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ငွေရေးကြေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အသုဘအခမ်းအနားနဲ့ လွမ်းဆွတ်မှု အထိမ်းအမှတ်တွေနဲ့ ပတ်သက်လို့ ကြိုတင်ဆုံးဖြတ် ပြင်ဆင်ထားစရာတွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်ဆိုင်မှု ခွဲေ၀စာရင်း၊ ရယူသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်တွေပါ ထည့်သွင်း တင်ပြပေးထားပြီး သေဆုံး ခြင်းနဲ့ ပတ်သက်လို့ ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ကြိုတင်ပြင်ဆင်မှုမရှိရင် ဘာတွေ ဖြစ်လာနိုင် မလဲဆိုတာတွေကိုပါ အသေးစိတ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

https://www.deathwise.org

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *