Gaming

Devil Survivor 2 The Animation

Genre –  Action, Super Natural
Studio – Studio Bridge
Score – 4 out of 5

Devil Survivor 2 Animation ဇာတ်လမ်းတွဲဟာ နာမည်ကျော် RPG ဂိမ်းစီးရီးတွေဖြစ်တဲ့ Shin Megami Tensei ဂိမ်းများထဲမှ တစ်ဂိမ်းအပါအဝင်ဖြစ်ပြီး Nintendo DSနှင့် Nintendo 3DS ဂိမ်းစက်များမှာ ထွက်ရှိထားတဲ့ Devil Survivor 2ကို မှီငြမ်းထားသော Animation ဇာတ်လမ်းတွဲအသစ် ဖြစ်ပါတယ်။ Devil Survivor 2လို့ နာမည်ပေးထားခြင်းဟာ သူ့ရှေ့မှာ Devil Survivor 1 Animation ဇာတ်လမ်းတွဲ ထွက်ထားလို့ မဟုတ်ဘဲ Devil Survivor 2 ဂိမ်းဇာတ်လမ်းကို မှီငြမ်းရေးဆွဲထားတာဖြစ်လို့ နာမည်နောက်မှာ “2” ထည့်ထားတာ ဖြစ်သလို ဇာတ်လမ်း အနေနှင့် ကြည့်မည်ဆိုရင်လည်း Persona Seriesတို့ Final Fantasy Seriesတို့လို သီးသန့် Stand-Alone ဇာတ်လမ်းတွေဖြစ်လို့ မူရင်းဂိမ်းကို မကစားဖူးစရာ မလိုဘဲ အေးဆေး ကြည့်လို့ရမည့် Animation ဇာတ်လမ်းတစ်ခု ဖြစ်တာကို တွေ့ရမှာပါ။

Persona 4 ဂိမ်းရဲ့ Animation Series Version ဇာတ်လမ်းတွဲ Director ဖြစ်တဲ့  Seiji Kishiကပဲ Devil Survivor 2ရဲ့ Director အဖြစ်ပြန်လည် ပါဝင်ထားလို့ ဇာတ်လမ်း စမပြခင် ကတည်းက ဂိမ်းအတွင်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေ ဇာတ်လမ်း ဇာတ်ကွက်တွေကို စိတ်ဝင်စားဖို့ ကောင်းအောင် တင်ပြနိုင်မည်ဆိုတာ ကြိုတင် မှန်းဆထားလို့ ရမှာဖြစ်သလို Character Design ပိုင်းကိုလည်း Durarara!! ၊ Yozakura Quartetနှင့် Digimon World Re:Digitizeတို့လို နာမည်ကျော် Anime Seriesနှင့် Video Gamesတွေရဲ့ Character Designer ဖြစ်တဲ့ Suzuhito Yasudaက ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ Suzuhito Yasudaရဲ့ Character Designပိုင်းဟာ အခြား Anime ဇာတ်ကောင်ပုံစံတွေနှင့် ကွဲပြားတဲ့အတွက် ပရိသတ် သတိထားမိခဲ့သူ တစ်ယောက် ဖြစ်သလို Devil Survivor 2 Animationမှာလည်း မြင်နေကျ ပုံစံတွေနှင့် မတူတဲ့ ဇာတ်ကောင်များကို မြင်တွေ့ရမှာပါ။

Devil Survivor 2 Animationရဲ့ ဇာတ်လမ်းကျောရိုးဟာ သူ့ရဲ့မူလ ဂိမ်းဇာတ်လမ်းကိုပဲ တိုက်ရိုက် ယူထားတာ ဖြစ်ပြီး Japan နိုင်ငံ၏ အထူးတပ်ဖွဲ့ JPနှင့်  Demonများကို ဆင့်ခေါ်နိုင်သော လူငယ်များအနေနှင့် အခြားကမ္ဘာမှ ဝင်ရောက်လာသော မကောင်းဆိုးဝါးများဟာ ကမ္ဘာမြေကို ၇ရက် အတွင်းအပိုင်စီးပြီး လူသားမျိုးနွယ်စုကို နှိမ်နှင်းမည့်ရန်မှ ကာကွယ်ရပုံကို ဇာတ်လမ်း ယူထားခြင်း ဖြစ်ပါတယ်။ Japan နိုင်ငံအတွင်းသို့ Demonများ မဝင်ရောက်လာခင်အချိန်မှာ သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ Hibiki နှင့် Daichiတို့ဟာ Nicaeaလို့ အမည်ရတဲ့ ထူးဆန်းတဲ့ Phone Service အတွင်း Member ဝင်ရောက်ခဲ့ပုံနှင့် ဇာတ်လမ်းစထားပါတယ်။ Hibikiတို့ ကျောင်းမှ အပြန်မှာတော့ Tokyoမြို့အတွင်း မိစ္ဆာများစတင် ဝင်ရောက်လာပြီး Hibikiတို့နှစ်ယောက်လုံး မြေအောက် ရထားမှောက်ပြီး သေဆုံးခါနီးမှာ သူတို့နှစ်ယောက်စလုံးရဲ့ Phone အတွင်းမှ Nicaea Application မှတစ်ဆင့် ပိုင်ရှင်များ အမိန့်ပေးနိုင်သည့် Demon Application Appများ၏ အစွမ်းဖြင့် မြေအောက် ရထားလမ်းအတွင်းမှ Demonများကို နှိမ်နှင်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Hibikiဟာ စွမ်းအားမြင့် Demonများကို ဆင့်ခေါ်နိုင်သူ ဖြစ်တဲ့အတွက် Demon နှိမ်နှင်းရေး အထူးတပ်ဖွဲ့ JP၏ အကူအညီဖြင့် ကမ္ဘာမြေသို့ ကျူးကျော် ဝင်ရောက်လာတဲ့ မကောင်းဆိုးဝါးများကို ပြန်လည် တိုက်ထုတ်ရမှာပါ။

Devil Survivor 2ဟာ အပိုင်းလေးနာရီကျော်စာ အပိုင်း ၁၃ပိုင်းပဲ ရှိပေမည့် နာရီ 30ကျော် ကြာမြင့်တဲ့ ဂိမ်းရဲ့ဇာတ်လမ်းအတွင်းမှ အရေးပါတဲ့ ဇာတ်လမ်းများ အားလုံးကို ပါဝင်အောင် ရေးဆွဲထားနိုင်ပြီး Animation Series ရေးဆွဲသူတွေ အနေနှင့် အချို့ Episodeတွေမှာ Opening/Ending Songတွေကို ဖြုပ်ထားပြီး ဇာတ်လမ်းပြချိန် ပိုများအောင် စီစဉ်ထားတာကို တွေ့ရပါတယ်။ ဇာတ်လမ်း အနေနှင့်လည်း ၇ရက်အတွင်းမှာပဲ အဓိက နေရာယူထားတာ ဆိုတော့ ဂိမ်းကစားရင် အချိန်ပေးရတဲ့ တိုက်ခိုက်ခန်း Battle Gameplayတွေ နေရာမှ သွက်လက်တဲ့ Action Scene များဖြင့် အစားထိုးထားနိုင်တာ တွေ့ရသလို ဂိမ်းကစားပြီးသူတွေ အနေနှင့်လည်း မိမိတို့ အသုံးပြုခဲ့တဲ့ Demon တွေ Magic Spellတွေကို Animationအဖြစ် မြင်တွေ့ရလို့ သဘောကျမှာ ဖြစ်ပါတယ်။ ဇာတ်လမ်း တစ်ဝက်လောက် အတွင်းမှာပဲ အရေးပါတဲ့ ဇာတ်ကောင်တွေကို ပရိသတ် စိတ်ဝင်စားအောင် မိတ်ဆက်ပေးနိုင်ခဲ့သလို မိမိနှစ်သက်တဲ့ ဇာတ်ကောင်တွေ ရန်သူ Demon များ လက်အောက်မှာ သေဆုံးရတာကို မြင်တွေ့ရရင်လည်း အခြားဇာတ်ကောင်များနှင့်အတူ လိုက်ပြီး စိတ်မကောင်းဖြစ်အောင် တင်ဆက်ထားနိုင်တာ တွေ့ရပါတယ်။ ၁၃ပိုင်းထဲနှင့် ဇာတ်လမ်းကော Actionခန်းများနှင့်ပါ ဆွဲဆောင်နိုင်တဲ့ Devil Survivor 2 The Animatoinဟာ ၂၄ပိုင်းအထက် ပုံမှန်ဇာတ်လမ်းတွဲတွေထက် ကြည့်ရတာ ပိုမိုသွက်လက်တာ တွေ့ရှိရသလို မူရင်းဂိမ်းရဲ့ ပရိသတ်များရော၊ Supernatural ဇာတ်လမ်းနှစ်သက်သူများပါ သဘောတွေ့မည့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *