Featured, News

အနာဂါတ် နည်းပညာသစ် (သို့မဟုတ်) ရေပေါ် စမတ် စိုက်ခင်း

ရေပေါ်စိုက်ခင်းဆိုလို့ ရေပြင်ပေါ်မှာ မြေဖို့ပြီး စိုက်တဲ့ပုံစံလို့ ထင်နေရင် မှားပါလိမ့်မယ်။ ဒီစိုက်ခင်းကို သာမန်ရေပြင်မှာတင်မက သမုဒ္ဒရာများ၊ ကန်များ၊ မြစ်များမှာပါ စိုက်လို့ရပါတယ်။

အကြံဉာဏ်ကိုစတင်ရှာတွေ့ခဲ့သူကတော့ စပိန်နိုင်ငံ ဘာစီလိုနာမြို့က အဆောက်အဦဒီဇိုင်းကုမ္ပဏီကဖြစ်ပါတယ်။ သူတို့ကတော့ ဒါကို Smart Floating Farms လို့ခေါ်ပြီး စတုရန်းပေ ၂.၂ သန်းရှိတဲ့ ရေပေါ် စိုက်ခင်းမှာ ဆိုလာပြားတွေ၊ ရေအားလျှပ်စစ်တွေအသုံးပြုထားမယ်လို့သိရပါတယ်။

 

smart floating farm 2

စိုက်ခင်းရဲ့အမိုးကို ဆိုလာပြားတွေအသုံးပြုထားမှာဖြစ်ပြီး ယင်းဆိုလာပြားတွေကနေတစ်ဆင့် သဘာဝနေရောင်ခြည်နဲ့ စွမ်းအင်တွေကို စိုက်ခင်းဆီတိုက်ရိုက် ပို့ဆောင်မှာဖြစ်ပါတယ်။ စိုက်ခင်းအတွက်မြေကြီးမလိုဘူးလို့ဆိုထားပါတယ်။

smart floating farm 3

 

Smart Floating Farms အတွင်း စိုက်ခင်းတင်မက ငါးကန်တွေ၊ သားသတ်ရုံတွေလည်းပါဝင်ဦးမှာပါ။ ငါးကန်မှာ ရေချိုငါး၊ ပင်လယ်ငါးအစရှိတာတွေကို မွေးမြူနိုင်မှာဖြစ်ပြီး ငါးကန်က ထွက်ရှိလာတဲ့ အညစ်အကြေးကို စိုက်ခင်းမှာ ဓါတ်မြေသြဇာအဖြစ် ပြန်လည်အသုံးပြုမယ်လို့ သိရပါတယ်။

ဒီစိုက်ခင်းတစ်ခုက တစ်နှစ်ကို ဟင်းသီးဟင်းရွက် ၈ တန်နဲ့ ငါးတန်ချိန် ၁ .၇ တန်ထုတ်လုပ်နိုင်စွမ်းရှိပြီး စိုက်ခင်းတိုင်းက ၁၀ နှစ်သက်တမ်းရှိလိမ့်မယ်လို့ဆိုထားပါတယ်။

smart floating farm 4

 

လက်ရှိအချိန်မှာတော့ သိပ္ပံပညာရှင်တွေက ယင်းနည်းပညာကို မေးခွန်းထုတ်နေပြီး စိုက်ခင်းအနေနဲ့ စိုက်ပျိုးဖို့ အသာထား၊ စတင်တည်ဆောက်ဖို့တောင် ကုန်ကျစရိတ်များပြားလွန်းတယ်လို့ဆိုပါတယ်။

“သဘောတရားကိုတော့ ကြိုက်ပါတယ်၊ ဒါပေမယ့် လိုအပ်ချက်အများအကြီးနဲ့ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”လို့ University of California က သဘာဝပတ်ဝန်းကျင် သိပ္ပံနှင့် မူဝါဒါ ပါမောက္ခ James Quinn က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *