ကမ္ဘာပေါ်မှာ ကလေး အမြောက်အများက အစားအစာ လိုအပ်မှုကို နေ့စဉ် ဘယ်လိုခံစားရသည်ကို သင်တွေးမိခဲ့ဖူးပါသလား ? ကလေးငယ်တွေ ရဲ့ ကျန်းမာရေး ရှင်သန်မှုတွေ ၊ လိုအပ်နေတဲ့ အစားအစာ လုံလောက်မူ တွေကို ဘယ်သူတွေက ပြုလုပ် ဆောင်ရွက်လာပေးမလဲ ဆိုတဲ့ အမှန်တကယ် ရိုးရှင်းသော မျှော်လင့်ချက်လေးၚတွေပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ အစားအစာအတွက် လိုအပ်သည့် အသုံးစရိတ် အထောက်အပံ့မရရှိခြင်း ၊ အနာရောဂါ စွဲကပ်ခံရမူ ၊ ဆေးကုသမှုကို ထိရောက်စွာ မစွမ်းဆောင်နိုင်မှု စသည့် အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် အများစု တွေဟာ အစာအာဟာရ ချို့တဲ့ခြင်းကို ရင်ဆိုင်လျှက်ရှိပါသည်။ ထိုအကြောင်းအရာ တွေက သူတို့ရဲ့ အနာဂတ်ကမ္ဘာ အမြဲပျော်ရွှင်မူ နှင့် တိုးတက်မှုတွေ ကို ပိတ်ပင်ထားသလို ဖြစ်နေပါသည်။ အမှန်တကယ်တော့ ကလေးတွေရဲ့ အနာဂတ်ဘဝကို အမှန်မြင်စေချင်ပါတယ်။ ကလေးတွေရဲ့ နေ့စဉ်စားနေကျ အာဟာရထဲမှ ပိုပြီး အရေးပါသော အခြေခံ အကြောင်းအရာပေါ် အာရုံစိုက်ပြီး အမျိုးမျိုးသော အကြောင်းအရာများစွာကို ကျော်လွှားနိုင်ရန် SP (Silicon Power) က သူတို့ရဲ့ လိုအပ်ချက်တွေကို ကူညီဖို့ စိတ်ဆန္ဒ ထက်သန်မှုဖြစ်ခဲ့သည်။ ထိုအတွက်ကြောင့်လဲ SP (Silicon Power) မှ သုခိတာရာမ သီလရှင် စာသင်တိုက်ရှိ သာသနနွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးများကို အစားအစာ အာဟာရ နှင့် ကလေးတွေရဲ့ ကျန်းမာရေးထောက်ပံ့ ပေးမှုကို တစ်နှစ်ပတ်လုံး အမှန်တကယ် အလေးအနက်ထားဂရုစိုက်စွာ ဆောင်ရွက်ခဲ့ပါသည်။ ထိုကြောင့် သူတို့တွေရဲ့ နေ့စဉ် အစားအစာထဲမှ အမှတ်တရ ဖြစ်စေမယ့် အပြုံးတွေ ပို့ဆောင်ပေးခဲ့သော SP ရဲ့ စေတနာ မေတ္တာများကို အသိအမှတ် ပြုလိမ့်မယ်လို့ လင့်မိပါသည်။
ကလေးတွေရဲ့နေ့စဉ် အစားအစာတွေထဲက SP ရဲ့ စေတနာ မေတ္တာ အပင်

26
Dec