Apps, Featured, Review

၂၀၁၄ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ ကလေးတွေအတွက် အကောင်းဆုံး Android App များ

The guardian websiteက ၂၀၁၄ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ ကလေးတွေအတွက် အကောင်းဆုံး Android App များကို ရွေးချယ်ထားတာကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

1. Endless Reader (Free + in-app purchases)
2. Toca Boo (£1.99)
3. Night Zookeeper (Free, optional subscription)
4. Skylanders Trap Team (Free, tablet pack needed)
5. Tynker (Free + in-app purchases)
6. Me Books (Free + in-app purchases)
7. BBC CBeebies Storytime (Free)
8. Toca Hair Salon Me (£1.99)
9. Makies Fashion (£1.99)
10. Toca Lab (£1.99)
11. Dr Panda’s Toy Cars (£1.79)
12. Ladybird: I’m Ready to Spell! (£2.99)
13. The Snowman And The Snowdog 2014 (£2.99)
14. Toca Town (£0.69)
15. The Very Hungry Caterpillar & Friends (£2.99)
16. Sarah & Duck – Day at the Park (£2.99)
17. Moonbeeps: Fireflies (£0.63)
18. Dr Panda’s Postman (£1.79)
19. The Journey of Alvin (£2.11)
20. Stampy Cat (Free)
21. Yo Gabba Gabba! Awesome Music! (£1.49)
22. Dr Panda’s Restaurant 2 (£1.79)
23. Toca Pet Doctor (£1.99)
24. The Foos: Free Code Hour (Free)
25. Gory Games TV Play-along (Free)

1. Endless Reader (Free+in-app purchases)

Endless Readerဟာ ဇာတ်ကောင်များစွာပါရှိပါတယ်။ အရောင်စုံ အကောင်လေးများက ကလေးတွေကို စကားလုံးတွေကို ဘယ်လို အသံထွက်ရမလဲဆိုတာကို သင်ပေးသလို သူတို့က သရုပ်ဆောင်ပြပြီး သင်ပေးနိုင်ပါတယ်။ ဒီAppက ကလေးတွေ သင်ယူဖို့ခက်တဲ့ စကားလုံးတွေကို အဓိက သင်ကြားပေးပါတယ်။ စကားလုံးခြောက်လုံးကို အခမဲ့ ပံ့ပိုးပေးထားပြီး နောက်ထပ် စကားလုံးတွေကိုတော့ ၀ယ်ယူအသုံးပြုရမှာပါ။

2. Toca Boo ((£1.99)
Toca Booကတော့ Halloweenအတွက် ထုတ်လုပ်ပေးထားပုံပါပဲ။ ဒါပေမယ့်လည်း ဆယ့်နှစ်ရာသီလုံး အသုံးပြုနိုင်ဖို့ စွဲဆောင်မှုတွေရှိပါတယ်။ သူက ကလေးတွေကို ဇာတ်ကောင် ကောင်မလေး Boonieအနေနဲ့ ကစားခိုင်းမှာ ဖြစ်ပါတယ်။ Bonnieက အိမ်တစ်ခုလုံးမှာ လျှောက်သွားနေပြီးအိမ်သားတွေကို BOOလို့ အော်ရင်း ခုန်ပေါက်ရင်းနဲ့ ဂရုစိုက်သူပါ။ တကယ့်ကို ရီရပြီး လှပစွာ ဒီဇိုင်းလုပ်ထားပါတယ်။

3. Night Zookeeper (Free, optional subscription)
Night Zookeeperကို Google Play Storeကနေ ဒေါင်းလုပ်လုပ်လို့ မရပါဘူး။ တက်ဘလက်တွေကနေ သူ့ရဲ့ ၀က်ဆိုက်ကို သွားကစားရမှာပါ။ အလွန်အံ့စရာလည်းကောင်းပါတယ်။ ဂိမ်းတစ်၀က်၊ ကလေးတွေကိုယ်တိုင် မျက်လှည့်ဆန်တဲ့ Zooမှာ အကောင်လေးတွေ ရေးဆွဲရတဲ့ စတူဒီယာတစ်၀က် ဖြစ်ပါတယ်။ ကလေးတွေက သူတို့ ကိုယ်ပိုင် ဇာတ်လမ်းတွေကို ပုံဖော်ရမှာပါ။ အခမဲ့ဖြစ်ပေမယ့် မိဘတွေက Zookeeper Packကို အခကြေးငွေနဲ့ ၀ယ်ယူနိုင်ပါတယ်။
https://www.youtube.com/watch?v=u7UWtFHou6Y
4. Skylanders Trap Team (Free, tablet pack needed)
Appကို အသုံးပြုချင်ရင်တော့ စွမ်းဆောင်ရည်မြင့်တဲ့ တက်ဘလက်နဲ့ 2.5GB Spaceလိုအပ်ပါတယ်။ ဒါပေမယ့် Skylanders Trap Teamက အလွန်ကောင်းမွန်ပါတယ်။ ဂိမ်းစက် ဗားရှင်း အဆင့်နဲ့ တူညီအောင် ပြုလုပ်ပေးထားပါတယ်။ ကလေးတွေ အတွက် အရုပ်တစ်ခုလို ကစားနိုင်မယ့် Joypadနဲ့ Standကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ ဂိမ်းကတော့ အခမဲ့ ဖြစ်ပေမယ့် ဂိမ်းအကုန်လုံး ကစားချင်ရင် Tablet Starter Packကို ၀ယ်ယူရမှာပါ။

5. Tynker (Free + in-app purchases)
Primary School ကလေးတွေအားလုံးဟာ သင်ရိုးညွှန်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ (အနည်းဆုံး Algorithm Thinking) Computer Programming Skillsကို သင်ယူနိုင်ပါပြီ။ Tynkerက အိမ်မှာ ပရိုဂရမ်လေ့ကျင့်ဖို့ ကူညီပေးတဲ့ Appတွေထဲက တစ်ခုပါ။ ကုဒ်ပဟေဌိတွေနဲ့ ကိုယ်ပိုင်ဂိမ်းတွေ ပြုလုပ်ဖို့ Sandbox Modeပါရှိပါတယ်။ နောက်ထပ် Puzzle Packsတွေကို ၀ယ်ယူအသုံးပြုနိုင်ပါတယ်။

6. Me Books (Free + in-app purchases)
Me Booksက ကလေးတွေအတွက် ရုပ်ပုံစာအုပ်အရောင်းဆိုင်ဖြစ်ပြီး Angry Birds, Peppa Pig, Skylanders and Frozenတို့ အပါအ၀င် အီးစာအုပ်တွေကို ၀ယ်ယူနိုင်တဲ့ အရောင်းဆိုင်ပါ။ ဒါ့အပြင် စာအုပ်တွေဖတ်ဖို့လည်း အသုံး၀င်ပါတယ်။ အကောင်းဆုံး စွမ်းရည်ကတော့ မိဘက ကလေးကို စာဖတ်ပြတာကို Recordလုပ်ထားနိုင်တာပါ။ ဟာသတွေကိုလည်း မကြာမီက ထည့်သွင်းပေးထားပါတယ်။

7. BBC CBeebies Storytime (Free)
ဗြိတိန်မှာသာ အသုံးပြုနိုင်တဲ့ BBC CBeebies Storytime ဟာ မူကြိုအရွယ်တွေအတွက် CBeebiesရဲ့ ဒုတိယ Appပါ။ CBeebies Playtimeမှာလို မဟုတ်ဘဲ ဂိမ်းတွေအစား ဒစ်ဂျစ်တယ် ပုံပြင်တွေပါရှိပါတယ်။ Sarah and Duck, Peter Rabbit and Charlie and Lola star တွေအပါအ၀င် နာမည်ကျော် ဇာတ်ကောင်တွေနဲ့ အတူကလေးနဲ့ ဆွေးနွေးနိုင်မယ့် မေးခွန်းတွေလည်း ထည့်သွင်းပေးထားပါတယ်။

8. Toca Hair Salon Me (£1.99)
ကလေးတွေအတွက် Appတွေထဲမှာတော့ အကြိုက်ဆုံး တစ်ခုဖြစ်တဲ့ Toca Bocaရဲ့ နောက်ထပ် Appတစ်ခုပါ။ Toca Hair Salon Meက ကလေးကို ဓါတ်ပုံရိုက်ပြီး ကလေးနှစ်သက်တဲ့ ဆံပင်အရောင် ၊ အရှည်နဲ့ ပုံစံ စသဖြင့် ပြောင်းလဲနိုင်တဲ့ ဒစ်ဂျစ်တယ် ဆံပင်ကို ဖန်တီးနိုင်ပါတယ်။ တီထွင်ဆန်းသစ်နိုင်တဲ့ Appဖြစ်ပါတယ်။

9. Makies Fashion (£1.99)
ဒစ်ဂျစ်တယ် အ၀တ်အစားလေးတွေ ကလေးတွေကိုယ်မှာ ၀တ်ဆင်ပေးနိုင်တဲ့ ဂိမ်းများစွာ ရှိပေမယ့်သိပ်မကောင်းကြပါဘူး။ Makies Fashionကတော့ ထူးခြားပါတယ်။ Appက ကလေးတွေ သူတို့ရဲ့ အ၀တ်အစားတွေကို ကိုယ်တိုင် ဖန်တီးနိုင်ပြီး အရုပ်ကလေးတွေကိုပါ ထည့်သွင်းနိုင်ပါတယ်။ ပြီးရင်တော့ ဓါတ်ပုံအနေနဲ့ သိမ်းထားနိုင်မှာပါ။

10. Toca Lab (£1.99)
နောက်ထပ် Toca Bocaရဲ့ လက်ရာပါ။ ဒီတစ်ခုကတော့ သိပ္ပံပညာဟာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ ကလေးတွေကို ပြချင်တဲ့ မိဘတွေအတွက်ပါ။ Labထဲမှာ ဇာတ်လမ်းကို တည်ထားပြီး ကလေးတွေက Periodic Tableစသဖြင့် လိုက်လံရှာဖွေရမှာပါ။ ကျောင်းမှာ ဓာတုဗေဒသင်ရတာထက်ပိုမို ပျော်စရာကောင်းပါတယ်။ Elementတွေကို ပေါင်းစပ်၊ အပူပေး၊ အေးခဲ၊ မွှေနှောက်ရတာတွေ ပါ၀င်ပါတယ်။

11. Dr Panda’s Toy Cars (£1.79)
Dr Pandaက ပရောဖက်ရှင်တွေကို ယှဉ်ပြိုင်နိုင်တဲ့ ကလေး Appsများစွာ ဖြန့်ချီပေးထားတဲ့ နာမည်ကြီး ကလေး App Brandတစ်ခုပါ။ Dr Panda’s Toy Carsမှာ ကလေးတွေဟာ မြို့များမှာ ကားအမျိုးမျိုးကို မောင်းနှင်ရမှာပါ။ ဇာတ်လမ်းထည့်သွင်းပေးထားခြင်းမရှိတာက ကလေးတွေအတွက် သူတို့ ပုံပြင်တွေကို ပြောပြလို့မရပါဘူး။

12. Ladybird: I’m Ready to Spell! (£2.99)
ဗြိတိန်ရဲ့ နာမည်အကြီးဆုံး မူကြို စာအုပ် Brandတစ်ခုဖြစ်ပြီး သေသပ်တဲ့ ပညာသင်ကြားရေး Appဖြစ်ပါတယ်။ Ladybird: I’m Ready to Spell! မှာ အာကာသ Themeတစ်ခုပါရှိပြီး ကလေးတွေ ကျောင်းတက်ရင် နှစ်အနည်းငယ် သင်ကြားရမယ့် Phonicsကို အခြေခံထားပါတယ်။ ဂိမ်းသုံးခုပါရှိပြီး တစ်ခုစီမှာ Difficulty Levelsသုံးခုပါပါတယ်။ အဲဒီအတွက် ကလေးတွေ ကျောင်းမှာ သင်ကြားတာကို အထောက်အကူ ဖြစ်စေပါတယ်။

13. The Snowman And The Snowdog 2014 (£2.99)
ပြီးခဲ့တဲ့နှစ်ကတော့ The Snowman And The Snowdog ဂိမ်းက အခမဲ့ဖြစ်ပြီး Appထဲမှာမှ ၀ယ်ယူရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မိဘအချို့နှစ်သက်ကြမယ့် အခပေး ဂိမ်းဖြစ်လာပါပြီ။ အလွန်လှပတဲ့ ဂိမ်းဖြစ်ပြီး London, San Francisco, Japan, China and Australiaမြို့တွေ အပေါ်မှာ ပျံဝဲပြီး နှင်းခဲတွေ စုဆောင်းရမှာပါ။ ကလေးတွေသာမက အရွယ်မရွေးတောင် ကစားနိုင်ပါတယ်။

14. Toca Town (£0.69)
နောက်ထပ် Toca Bocaရဲ့ လက်ရာပါ။ မိဘများစွာက အဲဒီ ကုမ္ပဏီရဲ့ Appတိုင်းလိုလိုကို ဘာလို့ ပိုက်ဆံပေး၀ယ်နေသလဲဆိုတာ သင်သဘောပေါက်လောက်ပါပြီ။ Toca Townမှာ ဇာတ်ကောင်များစွာ ပါရှိပါတယ်။ တစ်ချို့က ကုမ္ပဏီရဲ့ အရင် Appတွေမှာ ပါရှိပြီးသားဖြစ်ပါတယ်။ ကလေးတွေက သူတို့ကို နေရာပြောင်းရွှေ့နိုင်ပြီး အရာ၀တ္ထုတွေနဲ့လည်း ကစားနိုင်ပါတယ်။ သူတို့ကိုယ်ပိုင် ပုံပြင်တွေကို ဖန်တီးနိုင်ပါတယ်။

15. The Very Hungry Caterpillar & Friends (£2.99)
The Very Hungry Caterpillar & Friendsဟာ Eric Carle’s Classic Bookနဲ့ ရုပ်ပုံများကို ပြန်လည် ပြုလုပ်ထားတာပါ။ စာအုပ်ကို ဒစ်ဂျစ်တယ် အနေနဲ့ ပြန်လည် ဆန်းသစ်ထားတာပါ။ မူကြိုအရွယ်ကလေးငယ်တွေအတွက် ရည်ရွယ်ထားပြီး ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေအနေနဲ့ ရေတွက်တာ၊ စီစဉ်တာနဲ့ မှတ်ညဏ်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သလို ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာ စားသောက်ခြင်းကိုလည်း တွန်းအားပေးထားပါတယ်။

16. Sarah & Duck – Day at the Park (£2.99)

Sarah and Duckရဲ့ နောက်ထပ် လက်ရာပါ။ ဒီတစ်ခါမှာတော့ CBeebies Storytime Appရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မဟုတ်ဘဲသူတို့ကိုယ်ပိုင် Appကို ပြုလုပ်ပေးထားတာပါ။ ဆာရာအနေနဲ့ ကစားရမှာ ဖြစ်ပြီး တီဗီစီးရီးကို မှီငြမ်းထားတာပါ။ Mini Gamesခြောက်ခုပါရှိပါတယ်။

17. Moonbeeps: Fireflies (£0.63)
ဒါကတော့ ပညာသင်ကြားပေးတဲ့ App or Game မဟုတ်ပါဘူး။ Moonbeeps: Firefliesမှာ ကလေးတွေဟာ ပိုးစုန်းကြူးတွေကို ဖမ်းပြီး ဖန်ပုလင်းတစ်ခုထဲထည့်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့ပျံဝဲနေတာကို ကြည့်ရတာပါ။ အကောင်လေးခု ဖမ်းဖို့ ပါရှိပြီး သူတို့ကို ပြန်မလွှတ်ခင်မှာ ကလေးတွေဟာ အရောင်ပေါင်းစပ်တာတွေကို ပြုလုပ်နိုင်ပါတယ်။

18. Dr Panda’s Postman (£1.79)
Dr Pandaရဲ့ နောက်ထပ် လက်ရာပါ။ Dr Panda’s Postmanမှာ ကလေးတွေက အကောင် ဆယ်ကောင်ထံသို့ စာတွေကို ပေးပို့ရမှာပါ။ ပစ္စည်းတွေကို ထုပ်ပိုးရတာ၊ ပို့စ်ကဒ်တွေ ရေးရတာတွေပါရှိပါတယ်။ ပို့ဆောင်နေစဉ်မှာ ရှုခင်းတွေကိုလည်း ကြည့်နိုင်ပါတယ်။ အလွန်ပျော်စရာကောင်းပါတယ်။

19. The Journey of Alvin (£2.11)
အဖိုးအိုတစ်ယောက်က သူ့ညီဆီလည်ပတ်ဖို့ အမေရိကန်တစ်လွှားမှာ မြက်ရိတ်စက်ကို စီးပြီး ခရီးသွားတဲ့ ဇာတ်လမ်းဟာ ကောင်းမွန်တဲ့ လမ်းခရီးဖြစ်ပြီး ကလေးတွေက ရှုခင်းတွေကို ကြည့်ရှု ကစားရမှာပါ။ The Journey of Alvinက ချစ်စရာပါ။ သာယာငြိမ့်ညောင်းတဲ့ အသံကလည်း ကလေးတွေ တက်ဘလက်နဲ့ ညနေအခါမှာ ကစားရင် အလွန်ကောင်းပါတယ်။

20. Stampy Cat (Free)
Stampyကတော့ YouTubeမှာ နာမည်အကြီးဆုံးထဲကတစ်ခုဖြစ်ပြီး ကလေးသန်းပေါင်းများစွာ တီဗီရှိုးလို ရူးသွပ်စွာ ကြည့်နေကြတဲ့ Micecraft Videoတွေကို Appကနေ ကြည့်နိုင်အောင် ပြုလုပ်ပေးထားတာပါ။ ကလေးတွေ အနေနဲ့ YouTubeမှာ အချိန်ကုန်ခံရှာဖွေစရာမလိုဘဲ အဆင်ပြေစေမယ့် Appဖြစ်ပါတယ်။

21. YoGabba Gabba! Awesome Music! (£1.49)

သင်ဟာ အမေရိကန် တီဗီရှိုး Yo Gabba Gabba!ကို မသိဘူးဆိုရင် ဒါဟာ Cable Channelဖြစ်သလို YouTubeမှာလည်း ကြည့်နိုင်ပါတယ်။ အလွန် ကောင်းမွန်ပြီး သူ့ရဲ့ Appsများစွာကလည်း တက်ဘလက်များအတွက်များကနေ ကြည့်ရင် အလွန်ကောင်းပါတယ်။ Yo Gabba Gabba! Awesome Music!ဟာ ပျော်စရာကောင်းတဲ့ Mini Gameများနဲ့ အတူ တီဗီရှိုးမှ ဇာတ်ကောင်နဲ့ သီချင်းတွေကို ဦးစားပေးထားပါတယ်။

22. Dr Panda’s Restaurant 2 (£1.79)
TribePlayကို တီထွင်တဲ့ Developerရဲ့ အရင်ထုတ်ခဲ့ဖူးတဲ့ ဟင်းချက်တဲ့ Appရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ Dr Panda’s Restarrant 2မှာ ဟင်းချက်ပစ္စည်းတွေ ပိုမိုပါရှိလာပြီး ကလေးတွေအနေနဲ့ သူတို့ရဲ့ စားသောက်ဆိုင်ကို လာရောက်သူတွေအတွက် အရသာရှိတဲ့ ဟင်းများစွာကို ချက်ပြုတ်နိုင်တဲ့ နည်းလမ်းတွေ ပိုမိုပါရှိလာပါတယ်။ သက်သက်လွတ်ဟင်းပွဲတွေကိုတောင် ချက်ပြုတ်နိုင်ပါတယ်။

23. Toca Pet Doctor (£1.99)
နောက်ထပ် Toca Boca Appတစ်ခုပါ။ ဒီတစ်ခါမှာတော့ ငယ်ရွယ်တဲ့ တိရိစ္ဆာန်ဆရာ၀န်လေးတွေ အနေနဲ့ ကစားရမှာပါ။ Toca Pet Doctorမှာ ကလေးတွေအနေနဲ့ ဖျားနာနေတဲ့ အကောင်လေးတွေကို ဆေးကုပေးရမှာပါ။ အသက် သုံးနှစ်နဲ့ လေးနှစ်ကလေးငယ်တွေအတွက် အကောင်းဆုံးပါ။

24. The Foos: Free Code Hour (Free)
ဒါကတော့ ကလေးတွေ ပရိုဂရမ်းမင်းကို စိတ်၀င်စားစေမယ့် နောက်ထပ် Appတစ်ခုပါ။ ၂၀၁၅မှာ Developer codeSparkမှ ထွက်ရှိလာမယ့် Appကို အမြည်းပေးထားတာပါ။ The Foos: Free Code Hour ရဲ့ အိုင်ဒီယာက ကလေးတွေက အလှည့်ကျအနေနဲ့ နေရာတစ်ခုဆီသို့ ညွှန်ကြားချက်တွေကို လုပ်ဆောင်ရင်း Levelတစ်ခုပြီးဆုံးအောင် ရောင်စုံ Foos Charactersတွေကို ကြပ်မတ်ရမှာပါ။

25. Gory Games TV Play-along (Free)
နောက်ထပ် BBC Appပါ။ အခုတော့ ဗြိတိန်မှ ကလေးတွေသာ ကစားနိုင်တာပါ။ Gory Games TV Play-along ဟာ ကလေးတွေ တီဗီရှိုးကြည့်နေစဉ်မှာ ကစားရတာ ဖြစ်ပါတယ်။ ကလေးတွေက မေးခွန်းတွေကို ဖြေဆိုပြီး အခြားပြိုင်ဖက်တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရတာပါ။ ပြိုင်ဖက်တွေကိုလည်း ဖုန်း၊ တက်ဘလက်မှာ တိုက်ရိုက် မြင်နေရမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *