News

ပွဲကြမ်းခဲ့တဲ့ Miley Cyrus

အမေရိကန် Popအဆိုတော် Miley Cyrusတစ်ယောက် ကတော့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Video Musicဆုပေးပွဲမှာ ဆုမရရှိခဲ့ပေမယ့် Performanceနဲ့ ပတ်သက်ပြီး လူပြောသူပြော အများဆုံးဖြစ်ခဲ့ပါတယ်။ Tumblr, Twitterနဲ့ Redditစတဲ့ လူမှုကွန်ရက်တွေမှာလည်း Mileyရဲ့ Performanceတွေ အကြောင်း ပြောဆိုမှုတွေ အများအပြားပဲ တက်လာခဲ့ပြီး Mileyဟာ “We Can’t Stop”နဲ့ “Blurred Lines”ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို Thickeနဲ့ အတူ ဖျော်ဖြေ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ယောက်ရဲ့ တင်ဆက်မှုဟာ VMA(Video Music Award)ဆုပေးပွဲ တစ်လျောက် အထူးဆန်းဆုံးနဲ့ အရူးနှမ်းဆုံး လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

Mileyဟာ အဆိုပါ ဖျော်ဖြေပွဲမှာ အလွန်အကျူး Performanceနဲ့ လူမြင်မတင့်တယ်တဲ့ သရုပ်ဖော်မှုတွေကို လူပုံအလယ်မှာ လုပ်ပြခဲ့ပြီး ပရိသတ်တွေရဲ့ ရံှု့ချမှုတွေကိုလည်း တော်တော်ခံခဲ့ ရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာကြည့်ရှုချင်ရင်တော့ ဒီနေရာမှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *