Automobile

ဂျာမနီ ကားပြပွဲက အကောင်းဆုံး ကားတွေ

ဂျာမနီနိုင်ငံ Frankfurtမြို့မှာ ကျင်းပနေတဲ့ ၆၅ကြိမ်မြောက် ကမ္ဘာ့အကြီးမားဆုံး ကားပြပွဲဟာ ကျင်းပလျက်ရှိပြီး လာမယ့် စက်တင်ဘာ ၂၂ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဂျာမနီနိုင်ငံ ရောက်နေခဲ့ရင်တော့ ကမ္ဘာ့အလန်းဆုံး ကားတွေကို တွေ့မြင် ခံစားရမှာ ဖြစ်ပေမယ့် ဂျာမနီထိ မသွားနိုင်တဲ့ လူတွေ အတွက် မြန်မာအိုင်စီတီ Websiteမှ အဆိုပါ ကားပြပွဲမှာ ပြသလျက်ရှိနေတဲ့ အကောင်းဆုံးကားတွေကို တင်ဆက်ပေးလိုက် ပါတယ်။

၁။ ဒါကတော့ Lexusမှ ထုတ်လုပ်လိုက်တဲ့ LF-NXဖြစ်ပါတယ်။ ပုံစံတစ်မျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပြီး Lexusပရိသတ်တွေ နှစ်ခြိုက်ဦးမယ်လို့ ယူဆရပါတယ်။

၂။ ဒါကတော့ ကမ္ဘာကျော် ပြိုင်ကားကုမ္ပဏီ Lamborghiniရဲ့ Gallardo LP 570-4ဖြစ်ပြီးတော့ အမြန်ဆုံး Gallardoတစ်စီးပါ။ အဆိုပါ ပြိုင်ကားအကြောင်း မြန်မာအိုင်စီတီမှ ရေးသားထားတာကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

၃။ နောက်တစ်ခုက BMWပါ။ BMW i8ဖြစ်ပြီးတော့ လျှပ်စစ်အသုံးပြု Hybrid Sportကား ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်ကို မကြာခင် ရောက်ရှိလာမှာ ဖြစ်ပြီး ဈေးနှုန်း အမေရိကန် ဒေါ်လာ ၁၃၆၆၂၅သတ်မှတ် ထားပါတယ်။

၄။ Audiမှ ထုတ်လုပ်လိုက်တဲ့ Quattroဟာလည်း မြင်းကောင်ရေ ၇၀၀အားရှိတဲ့ အင်ဂျင် တပ်ဆင်ထားတဲ့ Hybridကား တစ်စီးဖြစ်ပါတယ်။

၅။ ဒါကတော့ တောင်ကိုရီးယား ကားကုမ္ပဏီ KIAမှ ၀င်ရောက်ပြသတဲ့ Niroဆိုတဲ့ ဗင်ကားလေး ဖြစ်ပါတယ်။ ဘေးတံခါးတွေကို အပေါ်လှန်တင်ပြီး ဖွင့်ရတဲ့ ပုံစံ ဖန်တီးထားတာ မို့လို့ ဒီဇိုင်းတစ်မျိုး ဆန်းနေမှာပါ။

၆။ ကမ္ဘာကျော် ကားကုမ္ပဏီပဲ ဖြစ်တဲ့ Bugattiမှ ထုတ်လုပ်လိုက်တဲ့ Veyronဆိုတဲ့ ကားသစ်တစ်စီးပါ။ “Jean Bugatti”လို့ တင်စားထားပြီး ကားရဲ့ ပုံကိုတင်ဆက် ပေးထားပါတယ်။

၇။ ဒါကတော့ အဆန်းပါပဲ။ ဘေးတံခါးတွေ၊ အမိုးတွေမပါ၀င်ဘဲ ရှေ့လေကာမှန်သာ ပါတဲ့ ကားလေးဖြစ်ပြီး Smartကားကုမ္ပဏီမှ ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

၈။ Audiမှ ထုတ်လုပ်လိုက်တဲ့ A3 Cabrioletကားအသစ် ဖြစ်ပါတယ်။ Audiရဲ့ CEO Rupert Stadlerကိုယ်တိုင် ရှင်းပြနေတာ ဖြစ်ပြီး သူ့ရှေ့က ထွက်ရှိခဲ့တဲ့ ကားထက် ပိုမိုကြီးမားကာ ပါဝါလည်း ပိုမိုမြင့်မား လာတဲ့ အမိုးဖွင့် ကားလေးတစ်စီးပါ။

၉။ ဒါက Porsche 918 Spyderဆိုတဲ့ Hybridကား ဖြစ်ပါတယ်။

၁၀။ ဂျာမနီကားကုမ္ပဏီ Peugeotရဲ့ Peugeot 308Rဆိုတဲ့ Sporty Versionကားပါ။

၁၁။ ဒါ့အပြင် Jaguarကလည်း C-X17ဆိုတဲ့ကားကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီကားကို ကြည့်ခြင်းအားဖြင့် လာမယ့်ကားတွေမှာ ဘယ်လိုဒီဇိုင်းပုံစံ ထုတ်လုပ်သွားမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။

၁၂။ Bentleyရဲ့ GT V8 Sဟာလည်း အဆိုပါပွဲမှာ နာမည်ကြီးခဲ့တဲ့ ကားတစ်စီးပါ။ ဒီပုံကတော့ Bentleyရဲ့ သူေဋ္ဌး Wolfbang Schreiberကို အဆိုပါ ကားနဲ့တွဲဖက် မြင်တွေ့ရတာ ဖြစ်ပါတယ်။

၁၃။ ဒီဟာကတော့ BMWရဲ့ တရား၀င်ထုတ်လုပ်လိုက်တဲ့ i3လျှပ်စစ်ကား ဖြစ်ပါတယ်။ BMWဟာ အဆိုပါ ကားကို ပြီးခဲ့တဲ့ ဇူလိုင်လတည်းက ပွဲထုတ်ခဲ့တာ ဖြစ်ပြီး Frankfurtပွဲမှာ အခုထည့်သွင်းပြသ ခဲ့တာ ဖြစ်ပါတယ်။

၁၄။ အပြာရောင်နှစ်သက်တဲ့ လူတွေအတွက် Aston Martinမှ ထုတ်လုပ်လိုက်တဲ့ ကားအတွင်းပိုင်းကို အပြာရောင်လှလှလေး သုံးထားတဲ့ Vanquish Volanteကား ဖြစ်ပါတယ်။

၁၅။ ထိပ်တန်းကားကုမ္ပဏီ မာစီဒီးရဲ့ S-Classကားတစ်စီး ဖြစ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ ခါးပတ်တစ်ခုလည်း ပါ၀င်မှာ ဖြစ်ကာ ကျော့ရှင်းလှပတဲ့ မာစီဒီး ဇိမ်ခံကားတစ်စီး ဖြစ်ပါတယ်။

၁၆။ Infinitiမှ ထုတ်လုပ်တဲ့ Q30ဆိုတဲ့ ကားသစ်တစ်စီးပါ။ KBB.com၀က်ဘ်ဆိုဒ်ကတော့ အဆိုပါ ကားကို အဆိုပါပြပွဲရဲ့ အကောင်းဆုံးကား ဆယ်စီးစာရင်းမှာ ဖော်ပြပေးခဲ့ပါတယ်။

၁၇။ ဒါကတော့ အရေးကြီးပုဂ္ဂိုလ်တွေ အတွက် ဂျာမနီကားကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ ဇိမ်ခံကားအတွင်းပိုင်း ပုံစံ ဖြစ်ပါတယ်။

၁၈။ Frankfurtပွဲမှာ ပြသတဲ့ ကားတိုင်းဟာ အသစ်တော့မဟုတ်ပါဘူး။ ဒါကတော့ Porscheမှ ထုတ်လုပ်ထားတဲ့ Group Bနှစ်ယောက်စီး ကားအဖြူရောင်လေးပဲ ဖြစ်ပါတယ်။

ဂျာမနီမှာကျင်းပနေတဲ့ ကားပြပွဲက ကားတွေကို လေ့လာကြည့်ရှုပြီးတဲ့နောက် သင့်အနေနဲ့ ဘယ်ကားကို အနှစ်သက်ဆုံးလဲ ဆိုတာ မှတ်ချက်ပြုသွား ပါဦး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “ဂျာမနီ ကားပြပွဲက အကောင်းဆုံး ကားတွေ

  1. ဘာရေးထားမှန်းမသိဘူး

  2. moemoe says:

    I like Q30.

Leave a Reply

Your email address will not be published. Required fields are marked *