Opinion

သမိုင်းထဲက ကွန်ပြူတာ

ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာစစ်ရှုံးခဲ့တာ ကွန်ပြူတာတလုံးကြောင့်လို့ပြောရင် ခင်ဗျား ဟားတိုက်ပြီးရီမောမှာ သေချာပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်က ကွန်ပြူတာမပေါ်သေးဘူးကိုး။ ဒါပေမဲ့တကယ်ဖြစ်ခဲ့တာပါ။

ကွန်ပြူတာရဲ့ သမိုင်းအစကို ပြောကြတိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကတည်းကစလေ့ရှိပါတယ်။ အကြောင်းက အခြေခံအကျဆုံး ကွန်ပြူတာရဲ့ အစက တရုပ်ပေသီးခုံ ဖြစ်နေလို့ပါပဲ။ ယနေ့သုံးနေတဲ့ ကွန်ပြူတာလို့ ရုပ်လုံးမပေါ်လာခင်မှာ ကွန်ပြူတာ ဖြစ်လာစေမဲ့ မျိုးဆက် အတော်များများရှိပါတယ်။ အဲ့ဒီအထဲက ကိုလိုဆပ် Colossus လို့ခေါ်တဲ့ ရှေ.ပြေးကွန်ပြူတာ တမျိုးဟာ ကမ္ဘာ.သမိုင်းကို တဆစ်ချိုး ပြောင်းလဲပြစ်ခဲ့ပါတယ်။

Colossus လို့ခေါ်တဲ့ ကမ္ဘာပထမဆုံး ပရိုဂရမ်သုံး ကွန်ပြူတာဟာ နာဇီဂျာမန်တွေ စခန်းတခုကနေ အခြားတခုကို လျို.ဝှက်ပေးပို့ခဲ့တဲ့ သတင်းတွေ မက်ဆေ့ ကြေးနန်းတွေကို ကြားဖြတ်ဖမ်းယူပြီး လျို.ဝှက သင်္ကေတတွေကို နားလည်အောင် ဖြည်ပေးခဲ့တဲ့ ကိရိယာဖြစ်ခဲ့တယ်။

Enigma machine ဆိုတာကတော့ ဂျာမန်တွေ ၁၉၂၀ အစောပိုင်းမှာ တီထွင်ခဲ့တဲ့ ကိရိယာပါ။ ကြေးနန်းလို ကိရိယာမျိုး၊ ဒါပေမဲ့သူက အထူးလျို.ဝှက်ထားတဲ့ အများနားမလည်နိုင်တဲ့ သင်္ကေတတွေနဲ့ မက်ဆေ့ အပေးအယူလုပ်တဲ့စက်။ နိုင်ငံအတော်များများက အသုံးပြုကြပြီး အစိုးရကိစ္စတွေ စစ်ရေးကိစ္စတွေမှာ အသုံးပြုခဲ့ကြတယ်။ ၁၉၃၂ ခုနှစ်ရောက်တော့ ပိုလန် လူငယ် သင်္ချာပညာရှင် ၃ ယောက်က အဲ့ဒီလျို.ဝှက်ကုဒ်တွေ ဖြည်နိုင်တဲ့စက်ကို တီထွင်နိုင်ခဲ့တယ်။ ဒီအောင်မြင်မှုဟာ အထူးလျို.ဝှက်ကိစ္စ ဖြစ်လာပြီး ပိုလန်ထောက်လှန်းရေး ဌာနတခုထဲပဲ သိတဲ့ ကိစ္စဖြစ်ခဲ့တယ်။

Enigma machine ကိရိယာကတော့ ဂျာမန်က စထွင်ခဲ့တာ ဖြစ်လို့ ဂျာမန်ဟာ ပိုမို အဆင့်မြင့်ရင်း နားလည်ရန် ပိုမိုခက်ခဲပြီး ဖြည်ဖို့ခက်တဲ့ အနေအထားရောက်အောင် တည်ထွင်နိုင်ခဲ့တယ်။ ဟစ်တလာ အာဏာရလာပြီးနောက် 1936 မှာ အီတလီ နဲ့ ဂျာမဏီတို့ဟာ ဒုတိယ ကမ္ဘာစစ်ကိုဖြစ်စေမဲ့ အစပျိုး ကျုးကျော်မှုတွေကို စတင်လိုက်တော့ ဥရောပနိုင်ငံတွေဟာ အီတလီနဲ့ ဂျာမန်အပေါ်မှာ စိုးရိမ်မှုဖြစ်ခဲ့ရတယ်။

၁၉၃၈ မှာဟစ်တလာဟာ ချက်ကိုစလိုဗက်ကီးယား ၊ သြစတြီးယားတို့ကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ ပိုလန်ဟာ ပြင်သစ် ၊ အင်္ဂလန်တို့နဲ့ တွေ.ဆုံခဲ့တယ် ။ ဂျာမန်တို့ရဲ့ Enigma machine စက်အတွက် ပိုမိုရှုပ်ထွေးအောင် တည်ထွင်လာတဲ့ ကုဒ်တွေကိုလည်း ပိုလန်တွေအတွက် ပိုမို ခက်ခဲလာစေတယ်။ ဒါကြောင့် ဒီတွေ့ဆုံပွဲမှာ ပိုလန်ဟာ ပြင်သစ်နဲ့ အင်္ဂလန်ကို သူတို့ရဲ့ လျို့ဝှက်ကုဒ် ဖြည်တဲ့ စက်အကြောင်းကို ရှင်းပြခဲ့တယ်။ သူတို့ ဂျာမန်တွေရဲ့ ဆက်သွယ်ရေးတွေကနေ ကြားဖြတ်ခိုးယူထားတဲ့ မက်ဆေ့တွေကိုလည်း ပြင်သစ်နဲ့ အင်္ဂလန်ကို ပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ ပြင်သစ်နဲ့ အင်္ဂလန်ဟာ သူတို့ရရှိတဲ့ ကြားဖြတ်ခိုးယူထားတဲ့ မက်ဆေ့တွေကိုလည်း ပြန်ပေးရမယ်၊ ဒါ့အပြင် ပိုလန်ကို ဂျာမန်ကဝင်တိုက်ရင် ကူတိုက်ပေးမယ်လို့ ကတိပေးခဲ့ကြတယ်။

အင်္ဂလိပ်တို့ဟာ ကုဒ်ဖြည်တဲ့စက်နဲ့ နည်းကို ရတော့ ပိုမိုတိကျတဲ့ နည်းတွေဆက်ပြီးတည်ထွင်နိုင်ခဲ့ကြတယ်။ အင်္ဂလိပ်လူမျိုး အလန်တာရင်း ဆိုသူဟာ ကိုလိုဆပ် Colossus computer (the world’s first programmable digital electronic computer) ကွန်ပြူတာကို အသုံးပြုပြီး ကုဒ်တွေဖြည်နိုင်ခဲ့တဲ့ အထိ တိုးတက်ခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်တွေဟာ ရန်သူတွေဖြစ်လာမဲ့ ဂျာမန်တွေရဲ့ လှုပ်ရှားမှုတွေကို ကြိုသိနေခဲ့တယ်။

ဂျာမာန်တွေက အင်္ဂလန်ကို ဘယ်နေ့၊ ဘယ်နေရာတွေကို လေယဉ်နဲ့ ဗုံးကျဲမယ် ဆိုတဲ့ သတင်းမျိုး ကြိုရထားတော့ အင်္ဂလိပ်တွေက အသေအချာပြင်ဆင်ပြီး ဂျာမန်တွေအလာကို အသင်စောင့်နေခဲ့တယ် ။ လေတပ်အင်အားသာတဲ့ ဂျာမာန်တွေဟာ အင်္ဂလန်ရဲ့ ခုခံစစ်ကို ရှုံးနိမ့်ခဲ့ရတယ် ။ ၁၉၄၀ သြဂုတ်လမှာ ဂျာမန်က အင်္ဂလန်ကို လေတပ်ကိုသုံးပြီး အချက်အချာနေရာတွေကို စတင်တိုက်ခိုက်ခဲ့တယ် ။ အောက်တိုဘာလထိ အပျက်အစီးမှာ ဂျာမန်လေယာဉ် ၁၇၃၃ စင်း ဆုံးခဲ့ပြီး ဗြိတိသျှကတော့ တိုက်လေယာဉ် ၉၁၅ စင်း ဆုံးရှုံးမှု ရှိခဲ့တယ်။ ဟစ်တလာဟာ လေယဉ်တွေ အမြောက်အများ ဆုံးရှုံးရခြင်း အကြောင်းရင်းကို မသိခဲ့ဘူး ၊ အကြောင်းက အင်္ဂလိပ်တွေက ဂျာမန်တွေ တိုက်မယ့် လျို့ဝှက်သတင်းတွေကို အတိအကျ သိထားတော့ ကြိုတင်ပြင် ခံစစ်နဲ့တိုက်ခဲ့တော့ ဂျာမန်ဟာ ဆုံးရှုံးမှု အမြောက်အများနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ဂျာမန်လေယဉ်တွေ အင်္ဂလန်တိုက်ပွဲမှာ ဆုံးရှုံးခဲ့ရမှုဟာ ဟစ်တလာရဲ့ စစ်တပ်အင်အား ချိနဲ့လာခြင်း အကြောင်းရင်တရပ်ဖြစ်လာသလို၊ ဟစ်တလာ စစ်ရှုံးဖို့၊ ဒုတိယ ကမ္ဘာစစ်ကြီး အဆုံးသတ်ဖို့ အကြောင်းရင်းတရပ်လည်း ဖြစ်လာခဲ့ရတယ်။ ဒီလို အကြီးအကျယ်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတော့ ဟစ်တလာဟာ အင်္ဂလန်ကို တိုက်ဖို့ အစီအစဉ်ကို လက်လျှော့လိုက်တယ်။ ၁၉၄၂ ရောက်တော့ အင်္ဂလန်က ဂျာမန် စက်မှုလက်မှု အလုပ်ရုံကြီးတွေ ကို အပြင်းအထန် လေယဉ်တွေနဲ့ ဗုံးကျဲ ဖျက်ဆီးခဲ့လို့ ဂျာမန်ဟာ စစ်အင်အား လုံးဝနီးပါး ချိနဲ့သွားတော့တယ်။

ဒုတိယ ကမ္ဘာစစ် အရှိန်အဟုန်အမြင့်ဆုံး အချိန် ၁၉၄၁ မှာ ကုဒ်အမည် Ultra လို့ပေးထားတဲ့ အင်္ဂလိပ်တွေရဲ့ ပရော့ဂျက်ဟာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးဖို့ အရေးကြီးဆုံး ဖြစ်ခဲ့တယ်။ ဂျာမန်ရေတွရဲ့ နာဇီဌာန တခုကနေ အခြားတခုကိုပေးပို့ခဲ့တဲ့ လျို.ဝှက် မက်ဆေ့တွေကို ကြားဖြတ်ဖမ်းယူပြီး ဖြည်ခဲ့တဲ့ ပရော့ဂျက်ပဲဖြစ်တယ်။ Ultra ပရော့ဂျက်မှာ ကမ္ဘာပထမဆုံး ပရိုဂရမ်သုံးကွန်ပြူတာလို့ မှတ်တမ်းဝင်ခဲ့တဲ့ ကိုလိုဆပ် ကွန်ပြူတာကို သုံးပြီး ဂျာမန်တွေရဲ့ လျို့ဝှက်မက်ဆေ့ကို ဖေါ်ထုတ်ခဲ့တယ်။ အမေရိကန်ကလည်း Magic လို့ ကုဒ်အမည်ပေးထားတဲ့ ပရောဂျက်နဲ့ ဂျပန်တွေရဲ့ လျို.ဝှက်သတင်းတွေ ယူနိုင်ခဲ့တယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဝန်စတန်ချာချီက ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အင်္ဂလန်ဘုရင် ဆဌမမြောက်ဂျော့်ချ်ကို George VI ကို ဒီလိုပြောခဲ့တယ်…….

(ငါတို့စစ်နိုင်တာ Ultra ကို ကျေးဇူးတင်ရမယ် )Britain’s Prime Minister Winston Churchill was to tell King George VI: “It was thanks to Ultra that we won the war.”

ဂျာမဏီကို နောက်ဆုံးဟစ်တလာသေသည်အထိ တိုက်ခဲ့တာက အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ် မဟာမိတ်နဲ့ ဆိုဗီယက်တို့ဖြစ်တယ်။ အင်္ဂလိပ်တွေ ရတဲ့ လျို.ဝှက်သတင်းတွေကို မဟာမိတ်တွေကို ပေးခဲ့တော့ ဂျာမန်တွေဟာ စစ်မျက်နှာအားလုံး ရှုံးနိမ့်ခဲ့ပြီး ဟစ်တလာလည်းသေ၊ အီတလီ၊ ဂျပန်တွေလည်း လက်နက်ချလို့ ဒုတိယ ကမ္ဘာစစ်ကြီးလည်း အဆုံးသတ်ခဲ့ရတယ်။

ဒီလျို့ဝှက်ကုဒ်ကို ဖြည်တဲ့ စက်ဟာ လူမသိသူမသိ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ ကွန်ပြူတာတလုံးဖြစ်နေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *