News

ရန်ကုန်နှင့်နေပြည်တော်တွင် KrisPLAZA၏ အရောင်းမိတ်ဆက်ပွဲများ ကျင်းပမည့်အစီအစဉ်

ရန်ကုန်နှင့်နေပြည်တော်တွင် KrisPLAZA၏ အရောင်းမိတ်ဆက်ပွဲများ ကျင်းပမည့်အစီအစဉ်

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်- First Myanmar Investment Co., Ltd. (FMI)၊ နှင့် Lighting Specialist Co., Ltd တို့ ပထမဦးဆုံး မဟာဗျူဟာမိတ်ဖက်၍ အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ LSC-FMI Co., Ltd, အဖြစ် အမေရိကန်ဒေါ်လာ ၂၄သန်းတန်ဖိုးရှိသည့် လူနေမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောက်လုပ်ရေး စီမံကိန်း ဖြစ်သည့် KrisPLAZA၏ အရောင်းမိတ်ဆက်ပွဲများ ကျင်းပမည့်အကြောင်းကို ကြေငြာအသိပေးခဲ့သည်။

ဤလဆန်းပိုင်းတွင်လည်း FMI နှင့် LSC တို့ပူးပေါင်းဆောင်ရွက်သည့် KrisPLAZA စီမံကိန်း လက်မှတ်ရေးထိုးပွဲကို နေပြည်တော်၌ ကျင်းပခဲ့သည်။ ရန်ကုန်မြို့ရှိ အရောင်းမိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မတ်လ (၂၀) ရက်မှ (၂၂) ရက်၊ နံနက်၁၀:ဝ၀ နာရီမှ ညနေ ၆:ဝ၀နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး နေပြည်တော်၏ အရောင်းမိတ်ဆက်ပွဲ အခမ်းအနားကိုလည်း မေလ (၈) ရက်နေ့၊ KrisPLAZA အနီးရှိ လှပသည့် suite ပုံစံငယ်လေးများအဖြစ် ခင်းကျင်းပြသထားသည့် အရောင်းပြခန်း တွင် ကျင်းပသွားမည် ဖြစ်သည်။ ရန်ကုန်မြို့၏ အရောင်းမိတ်ဆက်ပွဲ အခမ်းအနားကို NOVOTEL Hotel အသစ်တွင် နံနက် ၁၀:ဝ၀ နာရီမှ ညနေ ၆:ဝ၀နာရီအထိ ကျင်းပမည်ဖြစ်သည်။

နေပြည်တော် အရောင်းမိတ်ဆက်ပွဲအား KrisPLAZA အရောင်းပြခန်းတွင် သင်္ကြန်ကာလအပြီးတွင် ကျင်းပသွားမည်ဖြစ်သည်။နေပြည်တော်တွင် အဆင့်မြင့်အိမ်ရာများ လိုအပ်လာသည် နှင့်အမျှ KrisPLAZA သည် အိမ်ရာဝယ်ယူလိုသူများ နေပြည်တော် တွင် အိမ်ဝယ်ယူနေထိုင်၍ အလုပ်လုပ်ကိုင်ရန် လိုအပ်သည့် corporate executives အဖွဲ့အစည်း စီမံခန့်ခွဲသူများ အိမ်ငှားကာ အရင်းအနှီး အများအပြားရရှိလိုသူ စသည့် ရင်းနှီးမြှုပ်နှံသူများအတွက် အချက်အချာကျ၍ အရေးပါမည်ဖြစ်ပါသည်။ ယခုအချိန် အခါတွင် ကြိုတင်ဝယ်ယူလို၍ လျှောက်ထားသူ အယောက်ပေါင်း (၆၀) ကျော်ရှိပြီး ထိုဝယ်ယူလိုသူများကို ရန်ကုန်မြို့တွင် ကျင်းပမည့် အရောင်းမိတ်ဆက်ပွဲ အခမ်းအနားသို့ ဦးစားပေး ဖိတ်ကြားသွားမည်ဖြစ်သည်။

အဆင့်မြင့်ကွန်ဒိုမီနီယမ် KrisPLAZAကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ပဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊
အထူးမြေကွက်အမှတ်(ZS-008)၊ မြေအကျယ်၁.၂၅ ဧကတွင် တည်ဆောက်မည် ဖြစ်သည်။ ဤအဆင့်မြင့် ကွန်ဒိုမီနီယမ်သည် အစိုးရအဆောက်အဦးများ၊ ဝန်ကြီးဌာနများ၊ ဆေးရုံ ၃ ရုံ၊ ကျောက်စိမ်းပြတိုက်၊ ဂေါက်ကွင်းများ၊ ဟိုတယ်နယ်မြေများနှင့် သပြေကုန်းဈေးနှင့် နီးကပ်စွာတည်ရှိသည်။ အထပ် (၁၀) ထပ်ပါဝင်သော KrisPlaza၏ tower နှစ်ခုတွင် တိုက်ခန်း ၁၁၄ ခန်း၊ မြေအောက်ကားရပ်နားကွင်း၊ ရေကူးကန်၊ retail plaza နှင့်regional ရိုးမဘဏ်ရုံးချုပ်အသစ်တို့ ပါဝင်မည်ဖြစ်သည်။KrisPLAZA  စီမံကိန်းကို ၂၀၁၅ နှစ်ဦးပိုင်း၊ မတ်လတွင်စတင်ကာ ၂၀၁၆ ခုနှစ်၊ တတိယလေးလပတ်တွင် ပြီးစီးမည်ဖြစ်သည်။

FMI အကြောင်း

ဖတ်(စ်)မြန်မာအင်ဗက်(စ်)မင်(န်)ကုမ္ပဏီလီမိတက် (FMI) ကို မြန်မာနိုင်ငံ၏ ပထမဆုံးသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများအနက်မှ ကုမ္ပဏီတစ်ခုအနေဖြင့် ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ လက်ရှိတွင် ကုမ္ပဏီ၌ အစုရှယ်ယာရှင်ပေါင်း ၆၀ဝ၀ ကျော်ရှိပြီး ကုမ္ပဏီ စတင်တည်ထောင်ခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ ရရှိလာသော အမြတ်အစွန်းများနှင့် အမြတ်ဝေစု များအား ဂုဏ်ယူဝမ်းမြောက်ဖွယ် စဉ်ဆက်မပြတ် ခွဲဝေပေးနိုင်ခဲ့သည်။ FMI သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဂိတ်တံခါး ပါရှိသည့် လူနေရပ်ဝန်းဖြစ်သည့် FMI City အိမ်ရာကို စတင်တည်ဆောက်ခဲ့ပြီး သန်လျင်၌ တည်ဆောက်လျှက်ရှိသော Star City (ကြယ်စင်မြို့တော်) စီမံကိန်း၏ အဓိကအစုရှယ်ယာဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။ FMI သည် မြန်မာနိုင်ငံ၏ နာမည် အကျော်ကြားဆုံး ဘဏ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရိုးမဘဏ်တွင်လည်း အစုရှယ်ယာအများအပြား ထည့်ဝင်ထားသော ကုမ္ပဏီဖြစ်သည်။

FMI ၏ ပန်းလှိုင်ဆေးရုံမှာ မြန်မာနိုင်ငံရှိ ထိပ်တန်းဆေးရုံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကုမ္ပဏီ၏ အဓိကလေကြောင်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဖြစ်သော FMI Air လေကြောင်းလိုင်းသည် ၎င်း၏ လက်ရှိ ရန်ကုန်- နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ အရည် အသွေးပြည့်မီသော ဝန်ဆောင်မှုကြောင့် လူသိများ ကျော်ကြားသည်။ FMI သည် မစ်ဆူဘီရှီ၊ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ED&F Man၊ Parkson နှင့် အခြားကုမ္ပဏီများအပါအဝင် နိုင်ငံတကာရှိ ထိပ်တန်းကုမ္ပဏီများ နှင့်လည်း အကျိုးတူလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လျက်ရှိသည်။

LSC အကြောင်း

Lighting Specialist Co Ltd (LSC) ကို ၂၀ဝ၄ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး စင်္ကာပူနိုင်ငံရှိ KrislitePte Ltd နှင့်အတူ မဟာဗျူဟာမိတ်ဖွဲ့ခဲ့သည်။ ထို့အတူ Krislite နှင့် Lighting Specialist Company Ltd သည် ရန်ကုန်နှင့် နေပြည်တော်၏ ဖွံ့ဖြိုးမှုအတွက် တက်ကြွစွာ ပါဝင်ဆင်နွှဲလေ့ရှိသည်။ Krislite နှင့် Lighting Specialist Company Ltd တို့သည် မြန်မာ နိုင်ငံ၏ စီးပွားရေးကဏ္ဍတွင်ပါဝင်သည့် ပြည်သူ့လိုအပ်ချက်များကိုလည်း နားလည်သိရှိကာ မြန်မာပြည်၏ စီးပွာရေးကဏ္ဍ ပိုမို တိုးတက်ကောင်းမွန် လာသည်နှင့်အမျှ စီးပွာရေးကဏ္ဍများတွင် အခွင့်အလမ်းများကို ရယူကာ မြန်မာနိုင်ငံတိုးတက် ကြီးပွား ရေးအတွက် ပူးပေါင်းပါဝင်လျှက်အကူအညီများ ပေးနိုင်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *