သန်းပေါင်းများစွာသော အဆင့်တန်းမြင့်မားတဲ့ လူနေမှု အဆင့်အတန်းနဲ့အတူ ကျွန်တော်တို့ရဲ့ ခေတ်ကြီးဟာလဲ လူသားတွေရဲ့ ပြိုင်ဆိုင်မှုများစွာနဲ့အတူ ပြောင်းလဲလာပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ၂၀၁၄ ခုနှစ်မှာ selfieဓါတ်ပုံရိုက်ကြတဲ့ လူသားတွေရဲ့ ပြိုင်ဆိုင်မှုတွေ ပိုမိုပေါ်လွင်လာသလားလို့ မေးလာခဲ့တဲ့ မေးခွန်းတစ်ခုကိုDuckfaceက ပြန်လည်ဖြေကြားထားပါတယ်။
ကျွန်တော်တို့တွေအနေနဲ့ နှုတ်ခမ်းစူ၊ ပါးဖောင်ပြီးSelfieဓါတ်ပုံရိုက်ခြင်းတွေကို နှိမ့်ကျစေတဲ့ လက္ခဏာရှိတဲ့ လူတွေလို့ ပြောလို့မရပါဘူး။ ဒါတွေကselfieရိုက်ခြင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်
တွေဖြစ်နေပါတယ်။ ဒီအချက်တွေကို သန်းပေါင်းများစွာသော လူသားတွေအပြင် သမ္မတတွေ၊ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ ပုပ်ရဟန်းမင်းကြီးတွေအစ လိုက်နာပြီးselfieရိုက်နေကြပါတယ်။
Selfiesဟာယေဘုယျအားဖြင့် လူစိတ်ဝင်စားမှုနည်းပါးပြီး ပပျောက်သွားခဲ့မယ်ဆိုရင်….
Dr. James Canton ဟာအိမ်ဖြူတော်ရဲ့ စီမံခန့်ခွဲမှုအပိုင်းနဲ့ ကုမ္ပဏီပေါင်း 100 ကျော်အတွက် selfiesနဲ့ပတ်သက်တဲ့ မေးခွန်းတွေအတွက် အဖြေအကြံအစည် သုံးခုပေးခဲ့ပါတယ်။ သူဟာ ကမ္ဘာ့စီးပွားရေးဆိုင်ရာ
နာမည်ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်တဲ့ CNN တွင် ” Digital Guru” အနေဖြင့်လည်းကောင်း ၊ Yahoo တွင် “DrFutre ” အနေဖြင့်လည်းကောင်း အနာဂတ်စီးပွားရေးအတွက် စဉ်းစားတွေးခေါ်မှုဆိုရင် အကြောင်းအရာများကို သင်တန်းပို့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Dr. Jame Canton ဟာ 1990 ကတည်းက CEO နဲ့ သဘာပတိအဖြစ် ပြုလုပ်လာခဲ့တဲ့ သူလည်းဖြစ်ပါတယ်။
Selfiesဟာ အနာဂတ်အတွက် ခဏတာလူကြိုက်များနေတဲ့ အရာတစ်ခုမဟုတ်ဘူးဆိုတာကို Dr. James Canton က ယုံကြည်တယ်လို့ ပြောထားပါတယ်။ “Selfiesဟာ ဘယ်တော့မှ ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။
Smart Phone တွေရှိနေသ၍တော့ selfieဟာ အတတ်ပညာတစ်ခုအနေဖြင့် တည်ရှိလာနိုင်ပြီး မီဒီယာတစ်ချို့ကိုလည်း ပြောင်းလဲပေးမဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောကြားထားပါတယ်။
နောက်ထပ်ပြောကြားရာမှာတော့ ဓါတ်ပုံရိုက်ခြင်းရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ selfiesဓါတ်ပုံရိုက်ခြင်းတွေဟာ ကျွန်တော်တို့ လူနေမှုဘဝတွေကို ဖွံ့ဖြိုးလာနိုင်တယ်လို့လဲ ဆိုထားပါတယ်။ TV တွေ၊ internet တွေ၊ အားလုံးရဲ့လက်ထဲမှာရှိနေတဲ့ phone တွေဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝတွေနဲ့ မီဒီယာများအတွက် ပေါင်းကူးတံတားတစ်ခုသဖွယ် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေပါပြီ။ Selfiesဟာ ကျွန်တော်တို့ရဲ့ ဘဝတွေ ဆင့်ကဲဖြစ်ပေါ်မှုကို ဖော်ပြနေပါတယ်။
Video Selfies
အနာဂတ်မှာပေါ်ထွက်လာတဲ့ Selfies သို့မဟုတ် ဒုတိယမျိုးဆက်သစ် selfiesလို့ပြောရင်ရတဲ့ Video selfiesဟာ ထပ်မံပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရွေ့လျားသွားလာနေကြတဲ့ ပုံရိပ်တွေကို မြင်ခဲ့ပြီးဖြစ်မှာပါ။ လူတိုင်းကselfiesဓါတ်ပုံ၊ ဗီဒီယိုရိုက်ပြီးရွေ့လျားသွားလာနေကြတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အသစ်အဆန်းဖြစ်ပေါ်သမျှကို မြင်တွေ့နေရတော့ ကိုယ့်အတွက် ပတ်ဝန်းကျင်နဲ့ အနေကင်းကွာခြင်းတွေ မဖြစ်နိုင်တော့ဘူးပေါ့။
Augmented selfies
တတိယမျိုးဆက်သစ်ဖြစ်တဲ့ selfiesကတော့ telepresenceသို့မဟုတ် augmentdselfiesပဲဖြစ်ပါတယ်။ ဒီselfiesအမျိုးအစားတွေကတော့ video selfiesအမျိုးအစားကို အဆင့်မြှင့်ထားပြီးselfiesတွေရဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ Dr. Canton က ထပ်မံပြီးရှင်းပြရာမှာ “ကျွန်တော်က San Francisco မှာနေတယ်။ ဒါပေမဲ့ ကျွန်တော်က Eiffel Tower ရဲ့ ထိပ်ဆုံးကနေ ” augmented selfie” ကိုအသုံးပြုပြီး ကျွန်တော့်ကိုယ် ကျွန်တော်မိတ်ဆက်မယ်။ ပြီးရင် ကျွန်တော့်ရဲ့ augmented selfiesကို ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကနေတစ်ဆင့် phone မှာ ပါဝင်တဲ့ application တစ်ချို့ကိုအသုံးပြုပြီး အားလုံး မြင်နိုင် ကြားနိုင်အောင် ဖြန့်လိုက်မယ်ဆိုရင် ကျွန်တော်ဟာဒီselfiesနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးနေတဲ့ selfiesပွဲတော်ကြီးကို စတင်ထုတ်လုပ်လိုက်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ ကျွန်တော်တို့ဟာ Selfies economy တွေကို ပြန့်ပွားလာအောင် လုပ်သင့်တယ်လို့ ပြောကြားရှင်းပြထားပါတယ်။
Selfiesစီးပွားရေးကို မြှင့်တင်ခြင်း
များပြားလှစွာသော companyတွေဖြစ်တဲ့ Apple, Nike, Philips company တွေက ဒီလိုဖန်တီးနိုင်တဲ့ ထုတ်လုပ်သူတွေကို sponsor ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ Augmented selfiesနဲ့ နေထိုင်နေကြတဲ့ လူတွေရဲ့ ဘဝနေထိုင်မှုတွေကိုyoutube ကနေ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါလိုနည်းတွေကိုselfiesရဲ့ စီးပွားရေးအခြေနေတွေကို မြှင့်တင်နိုင်ပါတယ်။
ဒါလိုတွေအသုံးပြုနေသမျှ ကာလပတ်လုံးselfiesဟာ ကျွန်တော်တို့ရဲ့ လူနေမှုဘဝထဲကနေ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
Selfiesဓါတ်ပုံများနဲ့ပတ်သက်၍ Dr. James Canton က ဖြေရှင်းပြောကြားထားချက် တစ်စိတ်တစ်ဒေသကို ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
AungKoHtet