Business, Lifestyle, News

ရင်ခုန်စိတ်လှုပ်ရှားမှုအမြင့်ဆုံး၂၀၁၄ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို Coca-Cola မှ ဂုဏ်ပြုသည့် ပျော်ပွဲရွှင်ပွဲ ကျင်းပမည်

ရင်ခုန်စိတ်လှုပ်ရှားမှုအမြင့်ဆုံး၂၀၁၄ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို Coca-Cola မှ ဂုဏ်ပြုသည့် ပျော်ပွဲရွှင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ (၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့) – ၂၀၁၄ FIFA ကမ္ဘာ့ဖလား ကို ဆွတ်ခူးနိုင်မယ့် ချန်ပီယံ အသင်းကို သိရဖို့ နှစ်ပါတ်ခန့်သာ ကျန်ပါတော့တယ်။ ကမ္ဘာ့လူသိအများဆုံး ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ပိုပြီးစိတ်လှုပ်ရှားစေဖို့အတွက် ရန်ကုန်မြို့တွင် Coca-Cola Myanmar မှ ပျော်ပွဲရွှင်ပွဲ တစ်ခုပြုလုပ်သွားမည် ဖြစ်ပါသည်။ ထိုပျော်ပွဲရွှင်ပွဲကို ဇူလိုင်လ ၁၃ရက်နေ့၊ နေ့လည် (၁)နာရီ မှ ညနေ (၅) နာရီအထိ ဒဂုံစင်တာ (၂) ရှေ့တွင် လက်မှတ်မလိုအပ်ပဲ လူတိုင်းပါဝင်ဆင်နွှဲနိုင်သော ပွဲအဖြစ် ပြုလုပ်သွားမည် ဖြစ်ပါသည်။ ၎င်းပျော်ပွဲရွှင်ပွဲမှာ ပြီးခဲ့သည့် လအနည်းငယ်ကတည်းက စတင်ခဲ့သည့် မြန်မာနိုင်ငံရှိလူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲလျှက်ရှိသော Coca-Cola ၏ ၂၀၁၄ FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် အစီအစဉ်များထဲမှ တစ်ခုဖြစ်ပါသည်။

ထိုပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲသူများသည် အစီအစဉ်ပေါင်းများစွာဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မည် ဖြစ်သည်။ တေးသံရှင် အိမ့်ချစ် နှင့် မိစန္ဒိ တို့၏ ဖျော်ဖြေတင်ဆက်မှုများ၊ ဘောလုံးနှင့် ပတ်သက်သော ကစားနည်းများ နှင့် အခြားပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲအစီအစဉ်များစွာ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် Coca-Cola ၏ “Brrr” တီဗွီကြောငြာတွင် ပါသကဲ့သို့ “Brrr” အကောင်းဆုံးသရုပ်ဆောင် လုပ်နိုင်သူများအနေဖြင့်Coca-Cola ၏ FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် ဆုလက်ဆောင်များ ရရှိနိုင်မည့် အစီအစဉ်လည်း ပါဝင်ပါမည်။

ပွဲတက်ရောက်သူများအနေဖြင့် အရသာရှိပြီး လန်းဆန်းစေသည့် Coca-Cola အေးအေးလေးကို အခမဲ့ သောက်သုံးနိုင်မည့် အပြင် ၂၀၁၄ FIFA ကမ္ဘာ့ဖလား ၏ အိမ်ရှင်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံ၏ ယဉ်ကျေးမှု တစ်စိတ်တစ်ဒေသကိုပါ ကြည့်ရှုခံစား နိုင်ရန်အတွက် Capoeira အကအဖွဲ့ နှင့် ဘရာဇီး နိုင်ငံ၏ ရိုးရာ ဂီတဖြစ်သည့် samba တေးဂီတတို့ကိုပါ ထည့်သွင်းဖျော်ဖြေသွားမည် ဖြစ်ပါသည်။

The Coca-Cola မှတင်ဆက်တဲ့ ၂၀၁၄ FIFA ကမ္ဘာ့ဖလားသီချင်းကို မြန်မာဘာသာဖြင့် သီဆိုထားတာပါဝင်တဲ့ “The World Is Ours” သီချင်းရဲ့ ဂီတဗွီဒီယို မှာ ပါဝင်တဲ့ Hyrax အကအဖွဲ့မှလည်း ထိုပျော်ပွဲရွှင်ပွဲမှာ ကပြဖျော်ဖြေသွားမှာပါ။ ထိုသီချင်းကို  ယခုနှစ် အစောပိုင်းက စတင်မိတ်ဆက်ခဲ့ပြီး Coca-Cola ၏  ကမ္ဘာ့လုံးဆိုင်ရာ အမှတ်တံဆိပ်သံတမန်ဖြစ်ပြီး နိုင်ငံတကာဂီတအနုပညာရှင်ဖြစ်သော David Correy နှင့်အတူ Coca-Cola ၏ မြန်မာပြည်ဆိုင်ရာ အမှတ်တံဆိပ်သံတမန်များဖြစ်ကြသော စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer တို့မှ  ပါဝင်သီဆိုပေးထားပါသည်။

ရန်ကုန်မြို့ နှင့် မန္တလေးမြို့တွင် ဆက်လက်ပြုလုပ်လျှက်ရှိသော အစီအစဉ်များ

Coca-Cola မှလုပ်ဆောင်လျက်ရှိသော မြန်မာပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည် လာမည့်ရက်များအတွင်း ဆက်လက်လုပ်ဆောင်သွားနေမည် ဖြစ်သည်။ ထိုအစီအစဉ်များတွင် မြန်မာပြည်သူများ FIFA ကမ္ဘာ့ဖလား နှင့် ပတ်သက်ပြီး ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်မှုများ ဖန်တီးရန်အတွက် ရန်ကုန်မြို့ နှင့် မန္တလေးမြို့များရှိ လက်ဘက်ရည်ဆိုင်များတွင် FIFA ကမ္ဘာ့ဖလားအထိမ်းအမှတ် ဂိမ်းကစားနည်းများ နှင့် အထူးဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်တို့ကို ဇူလိုင်လ ၁၁ရက်နေ့အထိ နေ့စဉ်ပြုလုပ်လျက်ရှိပါသည်။

ထို့ပြင် FIFA ကမ္ဘာ့ဖလားအပေါ် ပိုမိုသောရင်ခုန်စိတ်လှုပ်ရှားမှုတို့ ပေးစွမ်းရန်နှိင်ရန်အတွက် Coca-Cola အချိုရည်များနှင့်အတူ ဘောလုံးပွဲနှင့်သက်ဆိုင်သော ဂိမ်းများပါဝင်သည့် Coca-Cola ၏ ပျော်ရွှင်ခြင်း ခရီးစဉ်ကို မန္တလေးမြို့ရှိ သူငယ်ချင်းလက်ဖက်ရည်ဆိုင် (Friend Teashop)၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဒိုင်းမွန်းပလာဇာနှင့် မြို့တော်ဥယျာဉ် (City Park) အစရှိသည့်နေရာများတွင် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၆)ရက် နေ့အထိ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ထို့အတူ Coca-Cola ၏ မြန်မာပြည်တွင်း ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနှင့် ပတ်သက်သော  အစီအစဉ်များထဲမှ တစ်ခုအပါအဝင် ဖြစ်သည့် “ခုဝယ်ခုပေါက်” အဖုံးထဲမှဆုမဲ အထူးအစီအစဉ် (Under The Cap) ပရိရိုမိုးရှင်းအစီအစဉ်ကိုလည်း ၂၀၁၄ခုနစ် စက်တင်ဘာလ၃၀ရက်နေ့လကုန်အထိ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသော မည်သည့် အချိုရည်အမျိုးအစားကိုမဆို ဝယ်ယူသောက်သုံးသူသည် ထိုအချိုရည် သံဘူးဖောက်ကွင်း၏ အောက်(သို့မဟုတ်) အချိုရည်ကော်ဘူးအဖုံး၏ အောက်တွင် ကြည့်ရှုရုံဖြင့် ဆုမဲပေါက်သည်၊ မပေါက်သည်နှင့် ပေါက်ခဲ့မည်ဆိုပါက မည်သည့်ဆုလက်ဆောင် ရရှိသည်ကိုပါ တစ်ပါတည်းသိရှိနိုင်ပါသည်။ ဝယ်ယူသူများ အနေဖြင့် ထိုအထူးအစီအစဉ်တွင် ပါဝင်သော စတိုးဆိုင်များနှင့် ကိုယ်စားလှယ်ဆိုင်ခွဲများ မှ အရောင်းဝန်ထမ်းများထံ ထိုအချိုရည်ပုလင်း အဖုံးနှင့် သံဘူးဖောက်ကွင်းများအား ပြသစစ်ဆေးစေခြင်းဖြင့်လည်း  ဆုလက်ဆောင် ထုတ်ယူပိုင်ခွင့် ရှိသည်၊ မရှိသည်ကို သိရှိနိုင်ပါမည်။

·         Coca-Cola – 330ml သံဘူး နှင့် 425ml PET ပလတ်စတစ်ဘူး

·         Sprite- 330ml သံဘူး း နှင့် 425ml PET ပလတ်စတစ်ဘူး

·         Max+ Orange – 330ml သံဘူး နှင့် 500ml PET ပလတ်စတစ်ဘူး

·         Max+ Lemon-Lime – 500ml PET ပလတ်စတစ်ဘူး

·         Max+ Lychee – 500ml PET ပလတ်စတစ်ဘူး

·         Max+ Cream Soda – 500ml PET ပလတ်စတစ်ဘူး

ရရှိနိုင်မည့် ဆုလက်ဆောင်များတွင် Coca-Cola အမှတ်တံဆိပ်ပါ ဖန်ခွက်များ၊ ဘောလုံးများ၊ ထီးများနှင့် အခမဲ့ Coca-Cola အချိုရည်ပုလင်းများအစရှိသည့် ဆုမဲများ ပါဝင်သည်။ ၎င်းဆုမဲများကို Coca-Cola ကုမ္ပဏီအမှတ်တံဆိပ်ပါ ပိုစတာများကပ်ထားသော စူပါမားကတ်ကုန်တိုက်များ၊ စတိုးဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အစရှိသော ဤဆုမဲအထူးအစီအစဉ်နှင့်ချိတ်ဆက်ထားသည့် နေရာများ၌သာ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

၁၉၇၈ ခုနစ်မှစတင်၍ယခုတိုင် Coca-Cola သည် FIFA ကမ္ဘာ့ဖလားဘောလုံးပွဲများအတွက် ကူညီထောက်ပံ့ပေးနေသည့် တရားဝင်စပွန်ဆာကုမ္ပဏီတစ်ခုအဖြစ်သာမက ဘောလုံးအားကစားနှင့် ပတ်သက်ပြီး  ကဏ္ဍမျိုးစုံ၊ အလွှာအမျိုးအမျိုးတွင် တစိုက်မက်မက် ထောက်ခံ အားပေး ပံ့ပိုးပေးလျက်ရှိသော  ကုမ္ပဏီတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ Coca-Colaနှင့် ၎င်း၏ မကြာမီပြုလုပ်မည့် အစီအစဉ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပို၍သိရှိလိုပါက www.facebook.com/CocaColaMyanmar  သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *