တရုတ်နိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီကြီးက apple Company၏ iPhoneကို ရောင်းချသွားမည်ဖြစ်ရာ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းဈေးကွက်တွင် ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီ၏ ကုန်ပစ္စည်းဖြန့်ချိမှုကို အကြီးအကျယ် တိုးပွားစေသည်ဖြစ်ကြောင်း ေဝါစထရိ ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်ဟု သိရသည်။ Appleက China Mobile သို့ iPhone များ တင်ပို့ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ယင်းသည် မှာယူသူ သန်း ၇၀၀ခန့်ရှိနေသော China Mobile ကုမ္ပဏီနှင့် နှစ်အတန်ကြာ စေ့စပ်ညှိနှိုင်းမှုပြုပြီးနောက် ထွက်ပေါ်လာသော အောင်မြင်မှု အကျိုးရလဒ်ပင် ဖြစ်သည်ဟု ဆိုသည်။
လာမည့် ရက်သတ္တပတ်တွင် apple Company အနေနှင့် ၄င်း၏ ဌာနချူပ်၌ ပြပွဲခင်းကျင်းပြသရာတွင် iPhone အသစ်နှစ်မျိုးကို မိတ်ဆက် ပေးသွားရန်လည်း မျှော်လင့်ကြောင်း ေဝါစထရိတ် ဖော်ပြသည်။ appleက တန်ဖိုးနည်း iPhone များကို လက်သင့်ခံမည့် ၄င်း၏ ကုမ္ပဏီများ စာရင်းတွင် China Mobile ကိုပါ ထပ်မံဖြည့်စွက်ရန် ကုန်ထုတ်လုပ်မှု ပါတနာကုမ္ပဏီ Foxconn ကို ပန်ကြားခဲ့ကြောင်း သိရသည်။
China Mobileနှင့် ချိတ်ဆက်မှု အတည်ဖြစ်ပါက ကုမ္ပဏီ၏ စမတ်ဖုန်းများကို ကမ်းလှမ်းခြင်းမရှိသည့် ကမ္ဘာ့အကြီးမားဆုံး မိုဘိုင်းကုမ္ပဏီများထဲမှ တစ်ခုထံ Apple ကုမ္ပဏီအတွက် အခွင့်အလမ်း ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
Apple ကုမ္ပဏီအနေနှင့် တတိယ သုံးလပတ်မှစ၍ တရုတ်နိုင်ငံ၌ iPhone ရောင်းချမှု ၁၄ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က apple company က China Mobileနှင့် လုပ်ဆောင်မည့် အစီအစဉ်ကို ဘေကျင်းတွင် ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
china made က ဗမာပြည်ဆို ဘာမှကောင်းဘူး.
Welcome to BEAT Programming training center!
https://www.facebook.com/photo.php?fbid=226499160839690&set=a.211840582305548.1073741828.206526932836913&type=1&relevant_count=1
http://www.facebook.com/beateducation