News

Apple ရဲ့ ဈေးချိုတဲ့ အိုင်ဖုန်းအသစ်

ကျွန်တော်တို့ မြင်ဖူးသမျှထက် သာလွန်ကောင်းမွန်တဲ့ Apple ရဲ့ ဈေးသက်သာတဲ့ iPhone တွေရဲ့ ဓာတ်ပုံတွေကိုတော့ အွန်လိုင်းမှာတွေ့နေ ရပါပြီ။ ထုတ်ကုန်တွေကို အမြဲပြောင်မြောက် နေစေတဲ့ Apple ရဲ့ ထုံးစံအတိုင်း iPhone 5S ဟာလည်း ၎င်းရဲ့ ပလတ်စတစ်ကိုယ်ထည်၊ ဈေးနှုန်းသက်သာမှုတွေနဲ့ ကောင်းမွန်နေစေ မှာပါ။

ဒီဓာတ်ပုံတွေကတော့ သြစတြေးလျ၊ မဲလ်ဘုန်းမြို့ဇာတိ Sonny Dickson ရဲ့ Twitter မှာ ဘာစကားလုံးမှ မပါဘဲ တင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။

ဒီဟာတွေနဲ့ ပတ်သက်ပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့အတွက် Email ပို့တာနဲ့ Tweet တွေလုပ်ခဲ့ပေမယ့် အဆိုပါ ပုဂ္ဂိုလ်ဟာ ချက်ချင်းအကြောင်းမပြန်ခဲ့ပါဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ တပ်ဆင်ထားမယ်ဆိုတာကတော့ သေချာပါတယ်။

Apple ကတော့ ဈေးချိုတဲ့ iPhone အသစ်ထုတ်လုပ်မယ် ဆိုတာကို သဲလွန်စသတင်း ပေးရုံကလွဲပြီး အတည်ပြု မပြောကြားသေးပါဘူး။ ပြီးခဲ့တဲ့လကအထိ ဈေးသက်သာတဲ့ iPhone တွေ ထုတ်လုပ်မယ်ဆိုတာ လျှို့၀ှက်ချက်တစ်ခု အနေနဲ့သာ ရှိခဲ့ပါတယ်။ တရုတ်အလုပ်သမား သတင်းစာတစ်ခုက Apple ရဲ့ Supplier တစ်ခုဖြစ်တဲ့ Pegatron မှာ အလုပ်လုပ်ကိုင်ပုံ အခြေအနေတွေကို ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့မှသာ ဒါတွေကို စတင် သိရှိရတာ ဖြစ်ပါတယ်။

Apple ဟာ ဈေးနှုန်းသက်သာတဲ့ iPhone အသစ်ကို တကယ်ပဲ လိုအပ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး တရုတ်ပြည်နိုင်ငံရဲ့ smartphone စျေးကွက်မှာတော့ Apple ဟာ နံပါတ် ၇ နေရာကို သက်ဆင်းခဲ့ရပြီး ဈေးကွက်ေ၀စု ရရှိမှုလည်း ၁၃.၂ ရာခိုင်နှုန်း အထိ ထိုးကျခဲ့ပါတယ်။ စျေးနှုန်းသက်သာတဲ့ အိုင်ဖုန်းအသစ်ကို ထုတ်လုပ်ပြီး မွမ်းမံပြင်ဆင်ထားတဲ့ iOS 7 နဲ့ပါ တွဲနိုင်ခဲ့မယ်ဆိုရင်တော့ Apple ဟာ ဈေးကွက်ေ၀စုကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်လို့ IDC ရဲ့ Ramon Llamas က ယမန်နေ့က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *