News

အောင်မြင်မှုအရှိဆုံး CEO တွေမွေးဖွားပေးခဲ့တဲ့ တက္ကသိုလ်များ။

Harvard ကတော့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။သူ့နောက်မှာတော့ University of Tokyo နဲ့ Stanford တို့က အသီးသီးနေရာယူထားပါတယ်။အအောင်မြင်ဆုံး စီးပွားရေးအဖွဲ့အစည်း (၅၀၀) ရဲ့ CEO တွေထဲက အရေအတွက်အများဆုံးကိုဒီကျောင်းတွေကမွေးထုတ်ပေးလိုက်တာပါ။နှစ်ဆယ့်ငါးယောက်က Harvard ကျောင်းထွက်ဖြစ်ပြီး ၊  တစ်ဆယ့်သုံးယောက်က University of Tokyo ကိုတက်ခဲ့ကြတာပါ။ တစ်ဆယ့်တစ်ယောက်ကတော့ Stanford ကျောင်းထွက်တွေဖြစ်ပါတယ်။ London အခြေစိုက် မဂ္ဂဇင်း တစ်ခုဖြစ်ပြီး အဆင့်မြင့်ပညာရေးဈေးကွက်ကိုအမြဲလေ့လာနေတဲ့ Times Higher Education (THE)  က ကမ္ဘာ့အောင်မြင်မှုအရှိဆုံး CEO ငါးရာရဲ့စာရင်းကိုစစ်တမ်းပြုစုခဲ့ပြီး CEO တစ်ယောက်ချင်းစီရဲ့  ပညာရေးနဲ့ပတ်သက်တဲ့နောက်ခံအချက်အလက်တွေကို သူတေသနပြုခဲ့ပါတယ်။ CEO တွေနဲ့သူတို့ရဲ့ Degree ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ထိပ်ဆုံးမှာရပ်တည်နေတဲ့ကျောင်းတွေကတော့သူတို့ရဲ့  CEO တွေအတွက် ဂုဏ်ယူစရာကောင်းပေမယ့် စာရင်းပြုစုခဲ့တဲ့ကျောင်းတွေလောက်နဲ့လုံလောက်မှုမရှိဘူးထင်ပါတယ်။ ထိပ်တန်း CEO ငါးရာ တက်ခဲ့တဲ့ကျောင်းတွေထဲကပဲရွေးချယ်ထားပါတယ်။ကမ္ဘာ့အကြီးဆုံး Company သုံးခုထဲကဥပမာပြရရင် Royal Dutch Shell က Peter Voser က Zurich University အသုံးချသိပ္ပံ ကျောင်းကနေ Business Administration နဲ့  Bachelor ဘွဲ့ရရှိခဲ့ပါတယ်။Wal-Mart Stores က Michael T.Duke ကGeorgia Tech ကနေ Industrial Engineering ဘွဲ့ရရှိခဲ့ပါတယ်။ Exxon Mobil က Rex Tillerson ကတော့ University of Texas ကိုတက်ရောက်ခဲ့ပြီး  Civil Engineering ပညာရပ်မှာ B.A ဘွဲ့ရရှိခဲ့ပါတယ်။သူတို့သုံးယောက်စလုံးဟာ Bachelor ဘွဲ့သာရရှိခဲ့တာဖြစ်ပြီး ဒီထက်အဆင့်မြင့်တဲ့ ဘွဲ့တွေ မရခဲ့ပါဘူး။

CEO ရာထူးအတွက်ဆိုရင် အတွေ့အကြုံ၊ကျွမ်းကျင်မှု တွေက ဘွဲ့လက်မှတ်တွေထက်ပိုမိုအောင်မြင်နိုင်ပါတယ်။စာရင်းထဲက CEO တွေအားလုံးဟာ ဘွဲ့ရတွေဖြစ်ပေမယ့် အတိတ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ CEO နှစ်ယောက်ဖြစ်တဲ့ Bill Gates နဲ့ သူ့နောက်မှာပေါ်ထွက်လာတဲ့ Steve Jobs တို့ကတော့ ဘွဲ့မရဘဲ တစ်၀က်တစ်ပျက်နဲ့ကျောင်းထွက်ခဲ့ကြတာအားလုံးအသိပဲဖြစ်ပါတယ်။(Gates က Harvard ကနေထွက်ခဲ့ပြီး Steve Jobs က Reed College ကနေထွက်ခဲ့တာပါ။) Facebook ရဲ့အောင်မြင်မှုဟာ ထိပ်ဆုံး ငါးရာစာရင်းမှာမပါခဲ့ပေမယ့်လည်းသူ့ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ကလည်းဘွဲ့မရဘဲကျောင်းထွက်ခဲ့တာဖြစ်ပါတယ်။

ဒါဟာဘာကိုပြလည်းဆိုရင် အဆင့်မြင့်ကျောင်းတွေမှာတက်ခဲ့တဲ့သူတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပတ်၀န်းကျင်မှာအောင်မြင်အောင်စွမ်းဆောင်နိုင်ကြတယ်ဆိုတာကိုပြသနေပါတယ်။ အောင်မြင်မှုအရှိဆုံး CEO စာရင်းနဲ့တူတူဖော်ပြထားတဲ့ ဆောင်းပါးမှာ THE က လန်ဒန်အခြေစိုက် ကျွမ်းကျင်၀န်ထမ်းတွေကိုရှာဖွေတဲ့ အဖွဲ့အစည်းတစ်ခုက Odgers Berndston ကိုအင်တာဗျူးခဲ့ရာမှာ Odgers Berndston က အစဉ်အလာရှိတဲ့ကျောင်းတွေက ဘွဲ့တစ်ခုဟာ CEO အဆင့်ကိုရောက်ရှိစေနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီအစဉ်အလာရှိတဲ့ကျောင်းတွေကဘွဲ့ရခဲ့သူတွေဟာ အဆင့် တစ်နေရာကိုရောက်ရှိစေပါတယ်။ Harvard,Oxbridge တို့လိုကျောင်းတွေမှာတက်ခဲ့ဖူးတဲ့သူတွေဟာ သူတို့ရဲ့ အဖွဲ့အစည်းတွေမှာသြဇာလွှမ်းမိုးမှုရှိပါတယ်  လို့လည်း Odgers Berndston က THE ကိုပြောဆိုပါတယ်။

Berndson ကဆက်လက်ပြောရာမှာ သူက ကျောင်းရဲ့နာမည်ကိုအဓိကကြည့်တာဖြစ်ပြီးအဲဒီသူရဲ့ကျောင်းကရလဒ်တွေကိုအလေးမထားဘူးလို့ပြောပါတယ်။ထိပ်တန်းကျောင်းတစ်ခုက အဆင့်နိမ့် ဘွဲ့တစ်ခုဟာမထင်မရှားကျောင်းကအဆင့်မြင့်ဘွဲ့ထက်ပိုကောင်းတယ်လို့လည်းပြောပါတယ်။တစ်နည်းပြောရရင် Harvard မှာကျောင်းတက်ခဲ့တဲ့သူဆိုရင် စီးပွားရေးဘာသာနဲ့ဘွဲ့ရသည်ဖြစ်စေ၊ ရုပ်ရှင်ဘာသာရပ်နဲ့ဘွဲ့ရသည်ဖြစ် စေ အလုပ်ရှင်ကဂရုစိုက်မှာမဟုတ်ပါဘူး။

ထိပ်တန်း CEO စာရင်းထဲကမှ ထိပ်တန်းအမျိုးသမီး CEO ဆယ်ယောက်ကိုလည်း THE ကရွေးထုတ်ခဲ့ပြီး စိတ်၀င်စားစရာအချက်တွေကိုတွေ့ခဲ့ပါတယ်။ Brazil Petrobas က Gracas Silva Foster, Hewlett Packard က Meg Whitman ,PepsiCo က Indra Nooyi, တို့အပါအ၀င် ရှစ်ယောက်ဟာ Bachelor ဘွဲ့အပြင် Master ဘွဲ့တွေကိုပါရရှိထားကြတာပါ။Whitman က Harvard က MBA , Nooyi က Yale က  Master အပြင် Calcutta က Indian Institute of Management က MBA တို့ကိုရရှိထားပါတယ်။Foster က Universidade Federal do Rio de Janeiro က Nuclear Engineering ဘာသာရပ်မှာ  Master, Fundacao Getulio Vargas က MBA ဘွဲ့တွေကိုရရှိထားကြပါတယ်။Mondelez International (အရင်က Kraft Foods လို့ခေါ်ကြတဲ့) က Irene B. Rosenfeld  တစ်ယောက်သာ Cornell က နေ Marketing and Statistics ဘာသာရပ်မှာ Ph.D ဘွဲ့ရရှိထားတာပါ။ဒါ့အပြင် Cornell ကနေပဲ Psychology ဘာသာရပ်မှာ B.A နဲ့  MBA ဘွဲ့တွေကိုထပ်မံရရှိထားပါတယ်။

ထိပ်တန်းကျောင်းတွေကဘွဲ့တစ်ခုဟာသင့်ကိုအောင်မြင်မှုရအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်က CEO တွေဟာလည်းလေးစားအထင်ကြီးစရာကောင်းတဲ့ MBA,Master,Ph.D ဘွဲ့တွေကိုရရှိထားကြတာလည်းအမှန်ပါပဲ။သင်ဟာအောင်မြင်မှုအတွက်ကျောင်းကောင်းကောင်းတစ်ခုကိုရှာနေတဲ့သူဆိုရင် THE ရဲ့ အကောင်းဆုံးတက္ကသိုလ်စာရင်းကိုဂရုတစိုက်လေ့လာသင့်ပါတယ်။ဒါပေမယ့်လည်း အဲဒီတက္ကသိုလ်တွေမှာမတက်ခဲ့ရရင်လည်း CEO ရာထူးကိုသင်မျှော်မှန်းနိုင်ပါတယ်။သင့်အသက်အရွယ်နှစ် ၄၀ ၊ ၅၀  လောက်ရောက်တဲ့အချိန် ၊ လုပ်ငန်းအတွေ့အကြုံလည်း  နှစ် ၂၀ ၊ ၃၀ လောက်ရောက်တဲ့အချိန် မှာ အတွေ့အကြုံဟာ ဘွဲ့လက်မှတ်တွေထက်ပိုမိုကောင်းမွန်တယ်ဆိုတာသင်သက်သေပြနိုင်ပါတယ်။

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *