Harvard ကတော့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။သူ့နောက်မှာတော့ University of Tokyo နဲ့ Stanford တို့က အသီးသီးနေရာယူထားပါတယ်။အအောင်မြင်ဆုံး စီးပွားရေးအဖွဲ့အစည်း (၅၀၀) ရဲ့ CEO တွေထဲက အရေအတွက်အများဆုံးကိုဒီကျောင်းတွေကမွေးထုတ်ပေးလိုက်တာပါ။နှစ်ဆယ့်ငါးယောက်က Harvard ကျောင်းထွက်ဖြစ်ပြီး ၊ တစ်ဆယ့်သုံးယောက်က University of Tokyo ကိုတက်ခဲ့ကြတာပါ။ တစ်ဆယ့်တစ်ယောက်ကတော့ Stanford ကျောင်းထွက်တွေဖြစ်ပါတယ်။ London အခြေစိုက် မဂ္ဂဇင်း တစ်ခုဖြစ်ပြီး အဆင့်မြင့်ပညာရေးဈေးကွက်ကိုအမြဲလေ့လာနေတဲ့ Times Higher Education (THE) က ကမ္ဘာ့အောင်မြင်မှုအရှိဆုံး CEO ငါးရာရဲ့စာရင်းကိုစစ်တမ်းပြုစုခဲ့ပြီး CEO တစ်ယောက်ချင်းစီရဲ့ ပညာရေးနဲ့ပတ်သက်တဲ့နောက်ခံအချက်အလက်တွေကို သူတေသနပြုခဲ့ပါတယ်။ CEO တွေနဲ့သူတို့ရဲ့ Degree ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
ထိပ်ဆုံးမှာရပ်တည်နေတဲ့ကျောင်းတွေကတော့သူတို့ရဲ့ CEO တွေအတွက် ဂုဏ်ယူစရာကောင်းပေမယ့် စာရင်းပြုစုခဲ့တဲ့ကျောင်းတွေလောက်နဲ့လုံလောက်မှုမရှိဘူးထင်ပါတယ်။ ထိပ်တန်း CEO ငါးရာ တက်ခဲ့တဲ့ကျောင်းတွေထဲကပဲရွေးချယ်ထားပါတယ်။ကမ္ဘာ့အကြီးဆုံး Company သုံးခုထဲကဥပမာပြရရင် Royal Dutch Shell က Peter Voser က Zurich University အသုံးချသိပ္ပံ ကျောင်းကနေ Business Administration နဲ့ Bachelor ဘွဲ့ရရှိခဲ့ပါတယ်။Wal-Mart Stores က Michael T.Duke ကGeorgia Tech ကနေ Industrial Engineering ဘွဲ့ရရှိခဲ့ပါတယ်။ Exxon Mobil က Rex Tillerson ကတော့ University of Texas ကိုတက်ရောက်ခဲ့ပြီး Civil Engineering ပညာရပ်မှာ B.A ဘွဲ့ရရှိခဲ့ပါတယ်။သူတို့သုံးယောက်စလုံးဟာ Bachelor ဘွဲ့သာရရှိခဲ့တာဖြစ်ပြီး ဒီထက်အဆင့်မြင့်တဲ့ ဘွဲ့တွေ မရခဲ့ပါဘူး။
CEO ရာထူးအတွက်ဆိုရင် အတွေ့အကြုံ၊ကျွမ်းကျင်မှု တွေက ဘွဲ့လက်မှတ်တွေထက်ပိုမိုအောင်မြင်နိုင်ပါတယ်။စာရင်းထဲက CEO တွေအားလုံးဟာ ဘွဲ့ရတွေဖြစ်ပေမယ့် အတိတ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ CEO နှစ်ယောက်ဖြစ်တဲ့ Bill Gates နဲ့ သူ့နောက်မှာပေါ်ထွက်လာတဲ့ Steve Jobs တို့ကတော့ ဘွဲ့မရဘဲ တစ်၀က်တစ်ပျက်နဲ့ကျောင်းထွက်ခဲ့ကြတာအားလုံးအသိပဲဖြစ်ပါတယ်။(Gates က Harvard ကနေထွက်ခဲ့ပြီး Steve Jobs က Reed College ကနေထွက်ခဲ့တာပါ။) Facebook ရဲ့အောင်မြင်မှုဟာ ထိပ်ဆုံး ငါးရာစာရင်းမှာမပါခဲ့ပေမယ့်လည်းသူ့ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ကလည်းဘွဲ့မရဘဲကျောင်းထွက်ခဲ့တာဖြစ်ပါတယ်။
ဒါဟာဘာကိုပြလည်းဆိုရင် အဆင့်မြင့်ကျောင်းတွေမှာတက်ခဲ့တဲ့သူတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပတ်၀န်းကျင်မှာအောင်မြင်အောင်စွမ်းဆောင်နိုင်ကြတယ်ဆိုတာကိုပြသနေပါတယ်။ အောင်မြင်မှုအရှိဆုံး CEO စာရင်းနဲ့တူတူဖော်ပြထားတဲ့ ဆောင်းပါးမှာ THE က လန်ဒန်အခြေစိုက် ကျွမ်းကျင်၀န်ထမ်းတွေကိုရှာဖွေတဲ့ အဖွဲ့အစည်းတစ်ခုက Odgers Berndston ကိုအင်တာဗျူးခဲ့ရာမှာ Odgers Berndston က အစဉ်အလာရှိတဲ့ကျောင်းတွေက ဘွဲ့တစ်ခုဟာ CEO အဆင့်ကိုရောက်ရှိစေနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီအစဉ်အလာရှိတဲ့ကျောင်းတွေကဘွဲ့ရခဲ့သူတွေဟာ အဆင့် တစ်နေရာကိုရောက်ရှိစေပါတယ်။ Harvard,Oxbridge တို့လိုကျောင်းတွေမှာတက်ခဲ့ဖူးတဲ့သူတွေဟာ သူတို့ရဲ့ အဖွဲ့အစည်းတွေမှာသြဇာလွှမ်းမိုးမှုရှိပါတယ် လို့လည်း Odgers Berndston က THE ကိုပြောဆိုပါတယ်။
Berndson ကဆက်လက်ပြောရာမှာ သူက ကျောင်းရဲ့နာမည်ကိုအဓိကကြည့်တာဖြစ်ပြီးအဲဒီသူရဲ့ကျောင်းကရလဒ်တွေကိုအလေးမထားဘူးလို့ပြောပါတယ်။ထိပ်တန်းကျောင်းတစ်ခုက အဆင့်နိမ့် ဘွဲ့တစ်ခုဟာမထင်မရှားကျောင်းကအဆင့်မြင့်ဘွဲ့ထက်ပိုကောင်းတယ်လို့လည်းပြောပါတယ်။တစ်နည်းပြောရရင် Harvard မှာကျောင်းတက်ခဲ့တဲ့သူဆိုရင် စီးပွားရေးဘာသာနဲ့ဘွဲ့ရသည်ဖြစ်စေ၊ ရုပ်ရှင်ဘာသာရပ်နဲ့ဘွဲ့ရသည်ဖြစ် စေ အလုပ်ရှင်ကဂရုစိုက်မှာမဟုတ်ပါဘူး။
ထိပ်တန်း CEO စာရင်းထဲကမှ ထိပ်တန်းအမျိုးသမီး CEO ဆယ်ယောက်ကိုလည်း THE ကရွေးထုတ်ခဲ့ပြီး စိတ်၀င်စားစရာအချက်တွေကိုတွေ့ခဲ့ပါတယ်။ Brazil Petrobas က Gracas Silva Foster, Hewlett Packard က Meg Whitman ,PepsiCo က Indra Nooyi, တို့အပါအ၀င် ရှစ်ယောက်ဟာ Bachelor ဘွဲ့အပြင် Master ဘွဲ့တွေကိုပါရရှိထားကြတာပါ။Whitman က Harvard က MBA , Nooyi က Yale က Master အပြင် Calcutta က Indian Institute of Management က MBA တို့ကိုရရှိထားပါတယ်။Foster က Universidade Federal do Rio de Janeiro က Nuclear Engineering ဘာသာရပ်မှာ Master, Fundacao Getulio Vargas က MBA ဘွဲ့တွေကိုရရှိထားကြပါတယ်။Mondelez International (အရင်က Kraft Foods လို့ခေါ်ကြတဲ့) က Irene B. Rosenfeld တစ်ယောက်သာ Cornell က နေ Marketing and Statistics ဘာသာရပ်မှာ Ph.D ဘွဲ့ရရှိထားတာပါ။ဒါ့အပြင် Cornell ကနေပဲ Psychology ဘာသာရပ်မှာ B.A နဲ့ MBA ဘွဲ့တွေကိုထပ်မံရရှိထားပါတယ်။
ထိပ်တန်းကျောင်းတွေကဘွဲ့တစ်ခုဟာသင့်ကိုအောင်မြင်မှုရအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်က CEO တွေဟာလည်းလေးစားအထင်ကြီးစရာကောင်းတဲ့ MBA,Master,Ph.D ဘွဲ့တွေကိုရရှိထားကြတာလည်းအမှန်ပါပဲ။သင်ဟာအောင်မြင်မှုအတွက်ကျောင်းကောင်းကောင်းတစ်ခုကိုရှာနေတဲ့သူဆိုရင် THE ရဲ့ အကောင်းဆုံးတက္ကသိုလ်စာရင်းကိုဂရုတစိုက်လေ့လာသင့်ပါတယ်။ဒါပေမယ့်လည်း အဲဒီတက္ကသိုလ်တွေမှာမတက်ခဲ့ရရင်လည်း CEO ရာထူးကိုသင်မျှော်မှန်းနိုင်ပါတယ်။သင့်အသက်အရွယ်နှစ် ၄၀ ၊ ၅၀ လောက်ရောက်တဲ့အချိန် ၊ လုပ်ငန်းအတွေ့အကြုံလည်း နှစ် ၂၀ ၊ ၃၀ လောက်ရောက်တဲ့အချိန် မှာ အတွေ့အကြုံဟာ ဘွဲ့လက်မှတ်တွေထက်ပိုမိုကောင်းမွန်တယ်ဆိုတာသင်သက်သေပြနိုင်ပါတယ်။
- 1. Harvard
- 2. University of Tokyo
- 3. Stanford
- 4. École Polytechnique, France
- 5. HEC Paris
- 6. ENA École Nationale d’Administration
- 7. University of Pennsylvania
- 8. Massachusetts Institute of Technology
- 9. Keio University, Japan
- 10. Seoul National University