G-Shockဟာ သူ့ရဲ့ 6900 Seriesနာရီတွေနေရာမှာ ဒေါ်လာ၉၀၀ကနေ ၁၁၀၀တန်ဖိုးရှိတဲ့ ဇိမ်ခံနာရီ MT-G Series တွေနဲ့အစားထိုးလိုက်ပါတယ်။ ဒါ့အပြင် Bluetoothပါ သုံးလို့ရတဲ့ 2.0ဗားရှင်း နာရီတွေကိုလည်း ခပ်မြန်မြန်ပဲ ထုတ်လုပ်ပါတော့တယ်။
Bluetoothပါ၀င်လာတဲ့ GB-6900နာရီဟာ အပြာ၊ လိမေ္မာ်နဲ့ ပန်းရောင်ဆိုပြီး သုံးမျိုးလာမှာဖြစ်ပါတယ်။ ၁၉၉ဒေါ်လာ သတ်မှတ်ထားပြီး လာမယ့်အောက်တိုဘာလမှာ ရရှိနိုင်တော့မှာပါ။
ပြီးခဲ့တဲ့နှစ်ကတော့ Casioရဲ့ G-Shockဟာ Smartwatch လောကထဲကို Bluetoothပါ၀င်တဲ့ GB-5600AA, GB-6900AA ဆိုတဲ့နာရီမော်ဒယ် ၂မျိုးနဲ့၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ Bluetoothပါ၀င်တဲ့အတွက် သင့်ရဲ့Smartphone နဲ့ချိတ်ဆက်နိုင်တဲ့အပြင် အီးမေးလ်၀င်လာတာ၊ ဖုန်းလာတာတွေကို နာရီကနေတစ်ဆင့် Notiတက်ပြီး အသုံးပြုသူကို အသိပေးစေမှာပါ။
စမတ်ဖုန်းနဲ့ နည်းလမ်း၂မျိုးနဲ့ ချိတ်ဆက်နိုင်တဲ့ ဗားရှင်း 2.0အသုံးပြုမောင်းနှင်ထားသော Classic G-Shock DW-6900ပြီးတော့ မော်ဒယ်အသစ်ဖြစ်တဲ့ GB-6900Bနဲ့ GB-X6900B တို့ဟာ Bluetoothထည့်သွင်းဖို့ ရှေ့ပြေးနိမိတ်တွေ ဖြစ်ခဲ့ပါတယ်။ စမတ်ဖုန်းမှာ သီချင်းဖွင့်တာလိုမျိုး Appတစ်ခုခုကို G-Shockနာရီရဲ့ ခလုတ်တွေကနေ ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် သင့်စမတ်ဖုန်းကိုသုံးပြီးတော့ နာရီကို Alarmပေးတာ၊ World Timesတွေကြည့်တာနဲ့ Timerမှတ်တာ စတာတွေကို Free Appတစ်ဆင့်ခံပြီး လုပ်နိုင်ပါတယ်။ E-mailနဲ့ Call-Noti တွေလည်း အတူတူပဲပေါ့။
ဗုဒ္ဓဟူးနေ့က နယူးယောက်မှာကျင်းပခဲ့တဲ့ Casionနှစ်သုံးဆယ်ပြည့် G-Shockအခမ်းအနားမှာ အဆိုပါ Bluetoothပါ၀င်တဲ့ နာရီတွေကို ပြသခဲ့ပါတယ်။ DW-6900ဗားရှင်းထက် ၁၀ရာခိုင်နှုန်းပိုကြီးလာတဲ့ ဒေါ်လာ၁၃၀တန် XL6900နာရီနဲ့ Casioရဲ့ High-End Metal MT-G Metal Twisted timepiecesတွေလည်း ပါ၀င်ပါတယ်။ အဆိုပါနာရီကတော့ ဒေါ်လာ၉၀၀ကနေ ၁၁၀၀အထိ ရှိနိုင်ပါတယ်။ Base Modelကတော့ Stainless Steelဖြစ်ပြီး၊ Higher-Endဗားရှင်း နှစ်မျိုးကတော့ Black Ionနဲ့ လုပ်ထားတာဖြစ်ပါတယ်။
ဒီနာရီတွေမှာ Bluetoothသာမက အခြားဖန်ရှင်တွေလည်း ပါ၀င်လာတာကို တွေ့ရပါတယ်။ လောလောဆယ်မှာတော့ Bluetoothပါ၀င်တဲ့ အဆိုပါG-Shock နာရီတွေဟာ iPhone4S/5နဲ့ Galaxy S4ဖုန်းတွေမှာသာ အလုပ်လုပ်ပါသတဲ့။ ဒါပေမယ့်လည်း တစ်ခြားDevice တွေကိုပါSupport လုပ်နိုင်အောင် မကြာခင်ကျင်းပမယ့် မိတ်ဆက်ပွဲမတိုင်ခင် ဖန်တီးသွားမှာပါ။ Casioက တာ၀န်ရှိသူတွေကိုလည်း Movement-Tracking, Calorie-Burn-Counting Devicesတွေမှာတွေ့ရတဲ့ ပိုပြီးတော့ Health-Orientedဖြစ်မယ့် Style Featuresတွေနဲ့ ပတ်သက်ပြီး စုံစမ်းခဲ့ပါတယ်။ အားလုံးပြီးရင်တော့ G-Shock Brandဟာ လိုက်ဖက်ကောင်းမွန်တဲ့ Deviceတစ်ခုဖြစ်လာမှာပါ။
Bluetooth 4.0တပ်ဆင်ထားပြီး ရေအောက်မီတာ ၂၀၀အနက်အထိ Water Resistanceရှိပါတယ်။ Shock Resistance လည်းပါ၀င်ပြီးတော့ Signal Rangeကတော့ ၂မီတာအထက်လို့ ဆိုပါတယ်။ ကမ္ဘာ့အချိန်တွေကို သိရဖို့ မြို့ပေါင်း၁၀၀ရဲ့ အချိန်တွေပါ၀င်ပြီး Time Zone ၃၅ခုနဲ့ UTC (Universal Time Coordinator)လည်း ပါ၀င်ပါတယ်။ နေ့စဉ်ငါးရက် Alarmပေးနိုင်တဲ့အပြင် 1 Snooze Alarmနဲ့ Hourly Time Signal လည်းထည့်သွင်းထားပြီး Stopwatchမှာတော့ တိကျမှုက တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံတစ်ပုံ ရှိပါတယ်။ LED backlight (super illuminator and afterglow) ပါ၀င်ရုံသာမက Auto-Light Switchနဲ့ အလင်းရောင်ကြာချိန်ကို ၁.၅စက္ကန့်ကနေ ၃စက္ကန့်အထိ ချိန်ညှိရွေးချယ်ထားနိုင်ပါတယ်။
အခြား Featureတွေအနေနဲ့တော့ Mobile Link, Vibe Alert, Tap Function, Full Auto-Calendar, 12/24 Hour Format, Button Operation Tone On/Off, Low Battery Warmingနဲ့ Power-Saving Functionတွေပါ၀င် လာတာကိုတွေ့ရပါတယ်။ Mobile Linkကတော့ ပါဝါခွေျတာတဲ့အခါမှာ အလိုအလျောက် ပိတ်သွားမှာဖြစ်ပါတယ်။ ပုံမှန်အပူချိန်မှာ တိကျမှုဟာ တစ်လလျှင် ၁၅စက္ကန့်အတိုးအလျှော့ ရှိပါတယ်။ Battery သက်တမ်းကတော့ ၂နှစ်နီးပါးရှိပြီး Mobile Link အသုံးပြုမယ်ဆိုရင်တော့ တစ်ရက်ကို ၁၂နာရီပဲ ခံမှာပါ။
နာရီဖြန့်ချိသူတွေဟာ နာရီတွေကိုခဏခဏ အားသွင်းစရာမလိုဘဲနဲ့ Batteryသက်တမ်း ကောင်းကောင်းကိုသာ လိုချင်ကြပါတယ်။ ကုမ္ပဏီလူကြီးတွေကလည်း ဒီကိစ္စကိုအဖြေရှာနေပြီး ဒါဟာ G-Shockအတွက် Features အသစ်တွေထပ်ထည့်ဖို့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ပုံမှန်စံထားတဲ့နာရီတစ်လုံးရဲ့ Batteryကို Bluetoothနာရီတွေမှာ သုံးတဲ့အခါ နှစ်နှစ်ပဲခံတာကြောင့် ဖြစ်ပါတယ်။
G-Shock DW-6900နဲ့ GB-X6900B နာရီတွေဟာ စမတ်ဖုန်းတွေနဲ့ တွဲဖက်မှုကို အနည်းငယ်မြှင့်တင်လိုက်တဲ့ ပထမဆုံးနဲ့ အထင်ရှားဆုံး အခိုင်အခံ့နာရီတွေပဲ ဖြစ်ပါတယ်။ မကြာခင်မှာ Storeတွေပေါ် ရောက်တော့မယ့် G-Shockနာရီတွေကို တစ်ချက်ကြည့်လိုက်ပါဦး။ Bluetoothနာရီနဲ့ XL6900မော်ဒယ်တွေကတော့ အောက်တိုဘာမှာ ရောက်မှာဖြစ်ပြီး Higher-End MT-Gက နို၀င်ဘာမှာ သဘောၤတင်ပို့တော့မှာ ဖြစ်ပါတယ်။ ပြီးတော့ Altimeter, Temperature/Atmospheric Pressure Gaugeနဲ့ Compass စတဲ့ Featuresတွေ ပါ၀င်တဲ့ ဒေါ်လာသုံးရာတန် GW9400 Rangeman (G Collectionတွေရဲ့ ထိပ်တန်း) မော်ဒယ် နာရီဟာလည်း နို၀င်ဘာမှာပဲ သဘောၤတင်ပို့မှာ ဖြစ်ပြီးတော့ အဆိုပါနာရီဟာ “Shock Resistant Triple Sensor Technology” ပါ၀င်တဲ့ ပထမဦးဆုံး G-Shockနာရီ ဖြစ်ပါတယ်။