Foods, News

Cape Mentelle Cabernet Sauvignon 2014 အကြောင်း

အေးချမ်းတဲ့ညနေခင်းလေးတစ်ခု ကိုယ်ချစ်ရတဲ့သူနဲ့အတူ Dining room ထဲမှာ ဖယောင်းတိုင်မီးလေးထွန်းပြီး Romantic ဆန်တဲ့ Dinner ပွဲလေးတစ်လုပ်ဖို့အစီစဉ်ရှိနေပြီလား။

မိတ်ဆွေတို့ရဲ့ Dinner ပွဲလေးကို ပြီးပြည်စုံသွားစေဖို့ Cape Mentelle ဆိုတဲ့ Red Wine လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။
Cape Mentelle ဆိုတာ South Australia ရဲ့ Penola တောင်ပိုင်းက စပျစ်စိုက်ခင်းတွေ မျက်စိတစ်ဆုံးမြင်တွေ့ရမဲ့ Margaret River ဆိုတဲ့ မြို့ငယ်လေးတစ်ခုကနေ ထုတ်လုပ်ထားတဲ့အမျိုးစားဖြစ်ပါတယ်။

Margaret River မြို့ငယ်လေးဟာ ပြင်သစ်နိုင်ငံရဲ့ Wine မြို့တော်လို့ပြောရမဲ့ Bordeaux လိုပဲ စပျစ်ပင်တွေအတွက် သင့်တင့်လျောက်ပတ်တဲ့ ရာသီဥတုရှိနေတဲ့အတွက် Wine နဲ့ပတ်သက်လာရင် အရမ်းနာမည်ကြီးတဲ့မြို့တစ်မြို့ပါ။

အဲ့လိုမြို့ကနေ ထုတ်လုပ်ထားတဲ့ ဝိုင်တစ်လုံးရဲ့အရည်သွေးဟာဘာတွေများလဲ…?

Cape Mentelle ကို စပျစ်နီတွေရဲ့ ဘုရင်လို့တင်စားထားတဲ့ Cabernet Sauvignon အမျိုးစားနဲ့အခြေခံပြီးထုတ်လုပ်ထားပါတယ်။ သက်တမ်းအားဖြင့် 2014 ခုနှစ်မှာ ထုတ်လုပ်ထားတာဖြစ်လို့ သက်တမ်း၆နှစ်လောက်ရှိပြီဖြစ်ပါတယ်။

Alcohol 14% ပါဝင်ပြီးတော့ အရသာအားဖြင့် Cabernet Sauvignon 100% နဲ့ထုတ်လုပ်ထားတာမို့ Wine တစ်လုံးမှာရှိသင့်တဲ့ အရသာမျိုးကို ပြည့်ဝစွာခံစားရစေမှာဖြစ်ပါတယ်။

Beef, Lamb နဲ့ Poultry တွေနဲ့ တွဲဖက်စားသုံးခြင်းဟာလည်း Red Wine တွေရဲ့ အရသာကို အကောင်းမွန်ဆုံးပေးစွမ်းနိုင်မှာဖြစ်သလို ကျန်းမာရေးအရကြည့်မယ်ဆိုရင်လည်း ဝိုင်နီတွေဟာ စပျစ်အခွံကိုပါကြိတ်ပြီး အချဉ်ဖောက်ထားတာမို့ ဝိုင်ဖြူတွေထက်ပိုပြီးတော့ ကျန်းမာရေးအရ အထောက်ကူဖြစ်စေပါတယ်။

Cape Mentelle ရဲ့ အရသာကို အပြည့်ဝဆုံးခံစားနိုင်စေဖို့ Temperature 60°F 65°F လောက်နဲ့ ၁၅ မိနစ်လောက် Chill လုပ်ပြီး သုံးဆောင်ခြင်းဟာ အကောင်းမွန်ဆုံး အရသာကိုသုံးဆောင်နိုင်မှာဖြစ်တယ်လို့ Wine Maker တွေက အကြံပေးထားပါသေးတယ်။

ကဲ ICT ပရိတ်သက်ကြီးရေ အခုလိုပျင်းဖို့ကောင်းတဲ့ Stay Home ကာလကြီးမှာ ကိုယ့်ချစ်သူနဲ့အတူ အရသာပြည့်ဝတဲ့ ဝိုင်နီတစ်လုံးအတူသောက်ဖို့စဥ်းစားနေတယ်ဆိုရင်တော့ Cape Mentelle Cabernet Sauvignon 2014 ဟာ အသင့်တော်ဆုံးပါပဲလို့ အကြံပေးပါရစေခင်ဗျာ။
Cape Mentelle ကို အောက်က Link မှာ အသေးစိတ်ကြည့်ရှုပြီးတော့ အော်ဒါတင်လို့ရပါတယ်။

Shop here:

Leave a Reply

Your email address will not be published. Required fields are marked *