မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် အန်းဒရွိုက်OSမှာ ဆော့ကစားနိုင်မယ့် အသစ်ထွက် Candy Crush Sagaကို တင်ဆက်ပေး လိုက်ပါတယ်။ ဒီဂိမ်းဟာ King.comမှ ထုတ်လုပ်တာ ဖြစ်ပြီးတော့ ဖိုင်အရွယ်အစား 3.5MBနဲ့ ဒီနေရာမှာ အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Facebookမှာ ဆော့နေကျသူတွေ အတွက် အခု အန်းဒရွိုက်မှာပါ ဆော့လို့ရပြီ ဆိုတော့ ၀မ်းမြောက်စရာပါပဲ။ ဒီဂိမ်းမှာ ဂရပ်ဖစ်တွေ ပိုကောင်းပြီး ကစားရပိုမို ကောင်းမွန်လာတယ် လို့သိရပါတယ်။ Level 100ကျော် ပါ၀င်ပြီး သင်နဲ့ သင့်သူငယ်ချင်းတွေ အတွက် Leaderboardစီစဉ် ပေးထားကာ ဂိမ်းအဆင့်ဆင့်တွေကို အနိုင်ယူကျော်ဖြတ် သွားရင်တော့ Itemsတွေ Unlockဖြစ်သွားမှာပါ။ အဲဒီလို အဆင့်ဆင့် ကျော်ဖြတ် အနိုင်ယူဖို့ အတွက်လည်း Boosterနဲ့ Charmတွေ ပေးထားပြီး Facebookဗားရှင်းနဲ့လည်း အဆင်ပြေအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
အန်းဒရွိုက်အတွက် “Candy Crush Saga”

29
Aug