Fileတွေကို Devicesတွေကြားမှာ Syncလုပ်တယ်ဆိုတာ ကြားခံ Cloud Storageတစ်ခု လိုအပ်ပါတယ်။ Dropbox , GoogleDriveတို့လို Cloud Storageတွေကို အသုံးပြုပြီး Sync လုပ်ကြပါတယ်။ PCက ဖိုင်တစ်ခုကို တစ်ခြား Device တစ်ခုနဲ့ Syncလုပ်ဖို့အတွက် ဖိုင်ကို အရင်ဆုံး Cloud Storageကို Upload လုပ်ရပါတယ်။ ပြီးမှ တစ်ခြား Deviceကနေ Download ပြန်လုပ်ရတာပါ။ BitTorrent Systemဆိုတာကတော့ ဖိုင်တွေကို Peer-To-Peerနည်းနဲ့ Sync လုပ်ပေးတာပါ။ ဒီနည်းက ကြားခံ Cloud Storage မလိုဘဲနဲ့ Deviceတွေ ကြားမှာဖိုင်တွေကို တိုက်ရိုက် Sync လုပ်ပေးနိုင်ပါတယ်။ အဲဒီအတွက် Syncလုပ်ရတဲ့ အချိန်လည်း ပိုမြန်ပါတယ်။ BitTorrent Syncက ထွက်ရှိတာ သိပ်မကြားသေးဘဲ Windowsနဲ့ Androidအတွက် Clientတွေ အရင် ထွက်ရှိလာတာပါ။ အခုတော့ iOS အတွက်လည်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။
BitTorrent Syncကို Windows, iOSမှာ အင်စတောလုပ်ပြီးရင် Windows Clientကနေပြီး Sync လုပ်ချင်တဲ့ ဖိုဒါတွေကို ရွေးချယ်ပေးပါ။ ပြီးရင် ဖိုဒါပေါ်မှာ Right Click နှိပ်ပြီး Connect Mobile Deviceကို နှိပ်ပါ။ Barcode ကျလာရင် iOS App ကနေပြီး Barcodeကို Scanလုပ်ပြီး Sync လုပ်နိုင်ပါပြီ။
BitTorrent Sync Appက Sync Folderမှာ iOS Deviceနဲ့ Compatibleမဖြစ်တဲ့ ဖိုင်တွေကိုပါ တွေ ့မြင်နိုင်ပါတယ်။ Compatibleဖြစ်တဲ့ ဖိုင်တွေကိုပဲ ရွေးချယ်ပြီး Download လုပ်နိုင်ပါတယ်။ Full Viewကတော့ ဖိုင်တွေကို Organizeလုပ်ဖို့ အဆင်ပြေပါတယ်။ ဖိုင်တစ်ဖိုင်ကို Previewကြည့်ပြီး ဒေါင်းလုပ်လုပ်ဖို့ တစ်ချက် Tab လုပ်ရမှာပါ။ Main Screenမှာတော့ ဖိုင်ဆိုက်၊ ဖော်မက်တွေကို ပြပေးမှာပါ။
BitTorrent Syncရဲ့ အဓိက ရည်ရွယ်ချက်က ၀င်းဒိုးက ဖိုင်တွေကို iOS Deviceကနေ အသုံးပြုနိုင်ဖို့ပါ။ ဒါပေမယ့် ဒီထက်အသုံးပြုလို့ရတဲ့ Functionတွေလည်း ပါရှိပါသေးတယ်။ ‘Share files’ sectionမှာ Cameraက ပုံတွေကို တစ်ခြား QR Code Scannerရှိတဲ့ ဖုန်းတွေကို Share လုပ်နိုင်ပါတယ်။ Recipientမှာ BitTorrent Syncရှိစရာ မလိုပါဘူး။ Camera က ရိုက်ထားတဲ့ ပုံတွေကို PCနဲ့ တစ်ခြား Deviceတွေမှာ Backupလုပ်ဖို့ Backup tabက Camera Backupကို သုံးနိုင်ပါတယ်။ Mobile Dataကို အသုံးမပြုချင်ရင်လည်း Wifi အသုံးပြုတဲ့ အချိန်မှ Sync လုပ်နိုင်ပါတယ်။
Download BitTorrent Sync