Business, Lifestyle, News

Better Future Better Myanmar 2015

Better Future Better Myanmar 2015

Hub Myanmar Company Limited မှကြီးမှူးပြီး “ Better Future Better Myanmar 2015” စီးပွားရေးဆိုင်ရာ အခမဲ့ ဟောပြောပွဲအစီအစဉ်များ၏ ဒုတိယမြောက်ဟောပြောပွဲကို ၁၈.၁.၂၀၁၅ ရက် (တနင်္ဂနွေနေ့) တွင် မန္တလေးမြို့၊ Hotel Mandalay ၌ နံနက် ၉ နာရီမှ နေ ့လည် ၁၂ နာရီခွဲ အထိကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါဟောပြောပွဲတွင် ဆွေးနွေးခဲ့ကြသော နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် နှင့် Device Business Management Academy မှ Principal ဦးတင်ဇံကျော် တို့ မှ “Promoting Entrepreneurship” ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးသွားကြမည်ဖြစ်ရာ ဟောပြောပွဲသို့ တက်ရောက်လိုသူများအနေဖြင့် Better Future Better Myanmar ၏ Official Facebook Page ဖြစ်သည့် https://www.facebook.com/myanmarb2bfreeseminar နှင့် 09-730-451-40, 09-797-367-944, 09-797-367-955, နှင့် 09-797-367-966 သို့ အမည်၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်နှင့် အီမေးလ်လိပ်စာ တို့ကို Message/SMS ဖြင့် ပေးပို့၍ အခမဲ့ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါသည်။ (Register ပြုလုပ်ရာ၌ Hub Myanmar မှပြန်လည်ပေးပို့သည့် Reply Letter ဖြင့် အတည်ပြုချက်အား စောင့်ဆိုင်းရန်မလိုပါ။)

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။