News

KMD Computer Group မှ ကြီးမှူးပြီး ကုမ္ပဏီကြီးများစွာပါဝင်တဲ့ Job Fair ကိုဒုတိယအကြိမ် အဖြစ် ပြုလုပ်ကျင်းပသွားမည်။

KMD Computer Group မှ ကြီးမှူးပြီးကုမ္ပဏီကြီးများစွာပါဝင်တဲ့ Job Fair ကိုဒုတိယအကြိမ် အဖြစ် ပြုလုပ်ကျင်းပသွားမည် ။

ဒုတိယအကြိမ် Job Fair အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၌ မြေနီကုန်း KMD Computer Centre တွင် နံနက် ၉ နာရီ မှ ညနေ ၃ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ် ။ KMD Computer Group မှ ကြီးမှူး၍ ပြုလုပ်သော Job Fair အစီအစဉ်တွင် MIT, Mango, Myanmar CP LiveStock, EduLink (Australia ), KTGroup အစရှိတဲ့ ကုမ္ပဏီကြီးများစွာ မှ ပူးပေါင်းပါဝင်သွားမည် ဖြစ်ပါတယ် ။ စီးပွါးရေးလုပ်ငန်းတွေမှာ ဘယ်လိုအရည်အချင်းရှိတဲ့ လူမျိုးတွေက အလုပ်အကိုင်ကောင်းတွေ ရနိုင်လဲဆိုတာရယ် သင်ကြားတတ်မြောက်ထားတဲ့ ပညာရပ်များကို သက်ဆိုင်ရာ Industries များမှာ ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ချက် နှင့် KMD တွင် တက်ရောက်ခဲ့၊ တက်ရောက်နေသောကျောင်းသား၊ကျောင်းသူများအတွက် ကုမ္ပဏီကြီးများတွင် အလုပ်အကိုင် ဝင်ရောက် လျှောက်ထားနိုင်ရန် ရည်ရွယ်ပြီး Job Fair ကို ပြုလုပ်မှာဖြစ်ပါတယ်။ Job Fair သို့ လာရောက်သော ကျောင်းသားကျောင်းသူများ အနေဖြင့် မိမိကြိုက်နှစ်သက်ရာ ကုမ္ပဏီကို စုံစမ်းရွေးချယ်ပြီး တချိန်တည်းတွင် Interview ပါဝင် ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ် ။ KMD Computer Centre မှ Education Services အနေဖြင့် Computer,Mobile, IT နှင့် သက်ဆိုင်သောပညာရပ်များ ၊ ဘာသာရပ်များကို အစိုးရ အသိအမှတ်ပြု အခြေခံအဆင့် Diploma သင်တန်းများ မှ စပြီး နိုင်ငံတကာအသိအမှတ်ပြု Diploma နှင့် ဘွဲ့ရ သင်တန်းများ အထိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါတယ် ။ KMD 2nd Job Fair နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဖုန်း KMD 01-502-233, 01-534-170, 01-381-129 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *