Newsroom

မင်္ဂလာရှိပြီး၊ ကျန်းမာ၊ ပျော်ရွှင်၊ အကျိုးဖြစ်ထွန်း၊ ဖန်တီးမှုတွေ တိုးတဲ့ မဟာသင်္ကြန်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေ။

Thingyan ICT.com.mm Wishes

Team ICT.com.mm မှ ICT.com.mm သို့ လာရောက် လည်ပတ်နေကြသော၊ ဝယ်ယူအားပေးနေကြသော အိုင်စီတီ ချစ်ပရိတ်သက်ကြီးသို့ အထူးကျေးဇူးတင်ပါသည်။ ICT.com.mm သည် Online Shopping Website ဖြစ်သည့်အတွက်ကြောင့် ၃၆၅ ရက်၊ ၂၄ နာရီ စျေးဝယ်ထွက်နိုင်ပါသည်။ ငွေပေးချေမှု မျိုးစုံဖြင့်လည်း မိမိလိုချင်သည့် ကုန်ပစ္စည်းများကို အော်ဒါတင်ထားကာ reserve လုပ်ထားလို့ ရပါသည်။ လျင်မြန်သည့် ပို့ဆောင်မှုစံနစ်ဖြင့် အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်ပေးလျက်ရှိပါသည်။ လက်ရှိတွင်လည်း ကျောင်းသား၊ ကျောင်းသူများအတွက် Study from Home အစဥ်ပြေစေရန် Education Discount အစီအစဥ်အဖြစ်လည်းကောင်း၊ ICTApril ကူပွန်ကုဒ်ဖြင့် အခမဲ့ ပို့ဆောင်ခြင်းများကိုလည်းကောင်း ဆောင်ရွက်ပေးနေပါသည်။

သို့သော် မဟာသင်္ကြန်ကာလဖြစ်သည့် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အတွင်းတွင် delivery ပို့ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ICT.com.mm သည် အနယ်နယ်အရပ်ရပ်မှ မှာယူသည်များကိုလည်း မဟာသင်္ကြန်ကာလမတိုင်မီ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မရောက်ရှိခဲ့ပါက ဧပြီလ ၂၀ ရက်နေ့တွင် ပုံမှန်အတိုင်း ပို့ဆောင်မှုများကို ပြန်လည်စတင်သွားပါမည်။ အဆင်မပြေပါကလည်း အခမဲ့ cancellation and refund လုပ်ပေးပါသည်။ 

ယခုလိုအချိန်အခါမျိုးတွင် ဝန်ထမ်းဦးရေ ၆၀% မှာ Work from Home လုပ်နေရသည့်အတွက်ကြောင့် အဆင်မပြေမှုများ ရှိခဲ့ပါကလည်း ကြိုတင် တောင်းပန်အပ်ပါသည်။

အိုင်စီတီချစ်ပရိတ်သက်ကြီးသို့ မင်္ဂလာရှိပြီး၊ကျန်းမာ၊ပျော်ရွှင်၊အကျိုးဖြစ်ထွန်း၊ဖန်တီးမှုတွေတိုးတဲ့မဟာသင်္ကြန်ကာလ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ 


အစဥ်လေးစားလျက်

Team ICT.com.mm
အိုင်စီတီ အဖွဲ့သားများ

Leave a Reply

Your email address will not be published. Required fields are marked *