Featured, Review

CES 2015 Day 2 မှ အကောင်းဆုံး နည်းပညာ ထုတ်ကုန်များ

CES 2015 Day 2 မှ အကောင်းဆုံး နည်းပညာ ထုတ်ကုန်များ

အမေရိကန် ပြည်ထောင်စု Las Vegas မှာ Consumer Electronics Showပွဲကြီးကို ကျင်းပနေပြီး နည်းပညာ  ကုမ္ပဏီတွေက ထုတ်ကုန်တွေကို အပြိုင်အဆိုင်ပြသနေကြပါတယ်။ Day 2မှာ ပြသခဲ့တဲ့ ထုတ်ကုန်များထဲကမှ အကောင်းဆုံးတွေကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

စမတ်နေအိမ်

စမတ်နေအိမ် နည်းပညာကိုတော့ ပွဲမှာ အဓိက ပြသနေကြပြီး အဲဒီနည်းပညာကို ရှေ့တစ်လှမ်းတိုးစေမယ့် ကိရိယာတွေကို တွေ့နေရပါတယ်။

အဲဒီထဲက တစ်ခုက Augustရဲ့ Smart Lockပါ။ အရင်ကတော့ Smart Lockဟာ Bluetoothကို မှီခိုနေရလို့ အကွာအဝေးတို အတွင်းမှာသာ အသုံးပြုနိုင်တဲ့ ကန့်သတ်ချက်ရှိပါတယ်။ အခုတော့ ၄၉ ဒေါ်လာတန် August Connectကို ပြသလိုက်ပြီး ဝိုင်ဖိုင်ကို အသုံးပြုနိုင်တဲ့အတွက် အသုံးပြုသူဟာ အိမ်တွင်းမှာသာမက ဘယ်နေရာမှာ မဆို အင်တာနက် ရှိရုံနဲ့ တံခါးကို Lock, Unlockပြုလုပ်နိုင်ပါပြီ။
Ashampoo_Snap_001_
နောက်ထပ် စိတ်၀င်စားစရာကောင်းတာ တစ်ခုက နေအိမ်အပူပေးတဲ့ သာမိုစတက်ထက်ပိုကောင်းတဲ့ Keenရဲ့ နည်းပညာတစ်ခုပါ။ Keen Home Smart Ventက အခန်းထဲမှာ လူရှိတဲ့ အပေါ်မူတည်ပြီး အပိတ်၊ အဖွင့်လုပ်ပေးနိုင်တဲ့ စမတ်လေ၀င်ပေါက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် နေ့လည်ဘက်မှာ အိပ်ခန်းထဲမှာ လူမရှိဘူးဆိုရင် အဲဒီအခန်းက လေ၀င်ပေါက်ကို ပိတ်ထားပေးမှာပါ။

စပီကာ ထုတ်လုပ်သူ iHomeက Siri ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကနေ အသံနဲ့ ထိန်းချုပ်နိုင်တဲ့ Smart Plugနဲ့ အတူ စမတ်နေအိမ် နယ်ပယ်ထဲကို ၀င်ရောက်လာပါတယ်။ iOS, Android Appsများကို စမတ်ဖုန်းများမှာ ထည့်သွင်းပြီး ဝိုင်ဖိုင် ချိတ်ဆက်နေတဲ့ Smart Plugကို ခိုင်းစေနိုင်မှာပါ။ ဒီနှစ်ရဲ့ ဒုတိယ ကွာတားဖြစ်တဲ့ ဧပြီလကနေ ဇွန်လအကုန်လောက်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ USB Plugပါတဲ့ ဒေါ်လာ ငါးဆယ်တန် အမျိုးအစားနဲ့ ဒေါ်လာ လေးဆယ်တန်အမျိုးအစားနှစ်ခုကို ထုတ်လုပ်ပေးထားပါတယ်။ iHomeက Appleရဲ့ HomeKit Smart Home Platformကို ဖြန့်ချီတာနဲ့ ပါတနာအဖြစ် ဆောင်ရွက်မယ်လို့ ကြေညာပါတယ်။

BlackBerryကတော့ စမတ်နေအိမ်နည်းပညာနဲ့ ပတ်သက်ရင် အလှမ်းကွာဝေးနေတဲ့ ကုမ္ပဏီပါ။ ဒါပေမယ့် BlackBerryက Internet of Thingsလို့ ခေါ်တဲ့ အင်တာနက် ချိတ်ဆက်နိုင်တဲ့ အရာ၀တ္ထုတွေရဲ့ တော်လှန်ရေးမှာ အဓိက နေရာက ပါ၀င်ဖို့ မျှော်လင့်နေပါတယ်။ BlackBerryရဲ့ Technology Solutionsဌာနမှ ဥက္ကဌဖြစ်သူ Sandeep Chennakeshuက BlackBerryရဲ့ IoT Platform အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ BlackBerryက သူ့ရဲ့ Messaging Serviceမှာ ဟိုးအရင်ကတည်းက အသုံးပြုနေတဲ့ လုံခြုံတဲ့ ကွန်ရက်ကို အသုံးပြုထားတဲ့ ကားများနဲ့ လုပ်ငန်းသုံး Appsများကို မောင်းနှင်မယ့် QNX Platformမှ နည်းပညာကို ပေါင်းစည်းနေတယ်လို့ ပြောပါတယ်။

Virtual Reality

Oculusက ရောင်းတန်း၀င်အဆင့် Virtual Reality Deviceကို ပြသနိုင်ခြင်း မရှိသေးပေမယ့် နမူနာပုံစံတွေကိုတော့ နှစ်တိုင်းလိုလိုမှာ ပြသခဲ့ပါတယ်။ အဲဒီနေ့မှာလည်း သူ့ရဲ့ နောက်ဆုံး နမူနာပုံစံ Crescent Bayကို ပြသလိုက်ပါတယ်။ Crescent Bayမှာ ပိုမိုညက်ညောလျှင်မြန်တဲ့ အရသာကို ခံစားနိုင်ဖို့ Hardware Updatesများကို ထည့်သွင်ပေးထားပါတယ်။ အကြီးမားဆုံး ကွာခြားချက်က မြင်ကွင်းတွေကို သွားရောက်ရင် ပိုမိုလွတ်လပ်လာတာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ လမ်းလျှောက်တာ အပြင် တွားသွားတာ၊ ဘဲသွားသွားတာ၊ လှည့်ပတ်တာတို့ကို ပြုလုပ်နိုင်ပါပြီ။
Ashampoo_Snap_002_
ကားနည်းပညာ

ကားနည်းပညာတွေထဲမှာ ဆန်းသစ်မှုတစ်ခုက လေဆာရောင်ခြည်ဖြစ်ပါတယ်။ BMWက ကားရဲ့ မီးအလင်းရောင်စနစ်ကို ပိုမို စမတ်ကျစေဖို့ လေဆာတွေကို အသုံးပြုနိုင်တဲ့ နည်းပညာကို ပြသခဲ့ပါတယ်။ BMW’s M4 Concept Iconic Lightsဟာ အခြေအနေပေါ်မူတည်ပြီး ပုံစံတွေပြောင်းလဲနိုင်တဲ့ ကားရှေ့မီးတွေ ဖြစ်ပါတယ်။ ကားရဲ့ မီးတွေဟာ လမ်းသွားလမ်းလာ၊ တိရစ္ဆာန်နဲ့ အခြား အတားအဆီးတွေ အလိုက် မီးထိုးပြနိုင်ပြီး ယာဉ်မောင်းသူကို အာရုံစိုက်စေမှာ ဖြစ်ပါတယ်။
Ashampoo_Snap_003_

Harman International က ကားတစ်စီးထဲမှာ အသံထုတ်လွှတ်မှု ဇုန်တွေကို ပိုင်းခြားခြင်းဖြင့် မိသားစုတွေ ခရီးရှည်သွားရင် အဆင်ပြေအောင် ပြုလုပ်ပေးနိုင်တဲ့ နည်းပညာကို ပြသလိုက်ပါတယ်။ Independent Sound Zones Technologyက အနောက်ဘက်ထိုင်ခုံမှာ ထိုင်သူက ရုပ်ရှင်ကြည့်နိုင်ပြီး ယာဉ်မောင်းသူက သီချင်းနားထောင်နိုင်မှာ ဖြစ်ပါတယ်။

မိုဘိုင်း

မိုဘိုင်းဖုန်းထုတ်လုပ်သူ အများစုက CESမှာ ဖုန်ုးအသစ်တွေကို ကြေညာခြင်းမရှိဘဲ နောက်လမှာ ပြုလုပ်မယ့် Mobile World Congressမှာ ကြေညာဖို့ ချန်လှပ်ထားတာပါ။ ဒါပေမယ့် ဖုန်းအနည်းငယ်နဲ့ မျက်နှာပြင် နည်းပညာအချို့ကို ပြသခဲ့ပါတယ်။ LGက Samsung Galaxy Note Edgeရဲ့ မျက်နှာပြင်ကွေးကို အတုယူပြီး ဖုန်းရဲ့ ဘယ်နဲ့ ညာနှစ်ဖက်မှာ တပ်ဆင်နိုင်တဲ့ မျက်နှာပြင်ကွေး နည်းပညာကို ပြသလိုက်ပါတယ်။
Ashampoo_Snap_004_
BlackBerryကလည်း AT&Tအတွက် ဒီဇိုင်းပြုပြင်ထားတဲ့ Passportဖုန်းကို ကြေညာလိုက်ပါတယ်။ ထောင့်စွန်းတွေကို လုံး၀န်းအောင်လုပ်ထားပြီး အခြားအရာများကတော့ အတူတူပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက BlackBerry Classicကို ဒေါ်လာ ငါးဆယ် ဈေးလျှော့ရောင်းချပေးလိုက်ပါတယ်။

အခြားထုတ်ကုန်များ

နောက်တစ်ပတ်ထဲမှာ ၃၉၉ ဒေါ်လာနဲ့ ရောင်းချမယ့် Neil Youngရဲ့ Pono Playerကိုလည်း ပြပွဲမှာ စမ်းသပ် အသုံးပြုနိုင်ခဲ့ပါတယ်။ ကိရိယာဟာ သာမာန် MP3 Playerတစ်ခု မဟုတ်ဘဲ အရည်အသွေးမြင့် အသံတွေကို ခံစားနိုင်အောင် ပြုလုပ်ပေးထားတာပါ။

ဒါတွေကတော့ Day 2မှာ ပြသခဲ့တဲ့ ထုတ်ကုန်များအနက် အကောင်းဆုံးတွေ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ ကြေညာမယ့် နည်းပညာမြင့် ထုတ်ကုန်တွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *