Featured, News, Review

CES 2015 Day 3မှ အကောင်းဆုံး ထုတ်ကုန်များ

CES 2015 Day 3မှ အကောင်းဆုံး ထုတ်ကုန်များ

အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မြို့မှာ Consumer Electronics Showပွဲကြီးပြုလုပ်နေတာ သုံးရက်မြောက်နေ့ကို ရောက်ရှိပေမယ့်လည်း ဆန်းသစ်တဲ့ နည်းပညာမြင့် ထုတ်ကုန်တွေဟာ ကုန်ဆုံး မသွားသေးပါဘူး။ ဒီဆောင်းပါးမှာတော့ သုံးရက်မြောက်နေ့မှ အကောင်းဆုံး နည်းပညာထုတ်ကုန်များကို ဖော်ပြပေးလိုက်ပါတယ်။

Razerက စွမ်းဆောင်ရည်မြင့် ဂိမ်းကစားနိုင်တဲ့ တက်ဘလက်ကို ပြသလိုက်ပါတယ်။ Edge gaming tabletလို့ အမည်ပေးထားပြီး တက်ဘလက်မှာ စွမ်းဆောင်ရည်မြင့်ဂိမ်းကြီးတွေ ကစားနိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ တက်ဘလက်ရဲ့ ဘယ်၊ ညာ ဘေးနှစ်ဖက်မှာ လက်ကိုင်တပ်ဆင်ထားပြီး လက်ကိုင်မှာ ခလုတ်တွေ ထည့်သွင်းထားပါတယ်။ Razerရဲ့ Edgeတက်ဘလက်ဟာ အများပြည်သူရွေးချယ်တဲ့ People’s Voice Awardကိုလည်း ရရှိခဲ့ပါတယ်။

CES 2015 Day 3မှ အကောင်းဆုံး ထုတ်ကုန်များ

CES 2015 Day 3မှ အကောင်းဆုံး ထုတ်ကုန်များ

အခြား ထိပ်တန်းထုတ်ကုန်များအနေနဲ့ 3D Systems ရဲ့ CubeX 3D Printerနဲ့ သာမာန် LCD Displayအပြင် အနောက်ဘက်မှာ e-ink Displayတပ်ဆင်ထားတဲ့ မျက်နှာပြင်နှစ်ဖက်ပါတဲ့ YotaPhone Smart Phoneတို့ ဖြစ်ပါတယ်။ သင့်ရဲ့ မိုဘိုင်း ပါဝါကို များစွာ အသုံးပြုစရာမလိုဘဲ စာဖတ်ခြင်းနဲ့ မြေပုံကြည့်ခြင်းတို့ကို ပြုလုပ်ဖို့ အတွက် အဲဒီဖုန်းက အလွန်အသုံး၀င်ပါတယ်။
Ashampoo_Snap_002_

3D Printerကတော့ အရာ၀တ္ထုများကို တစ်ထိုင်တည်းထုတ်လုပ်ပေးနိုင်တဲ့ စက်ကိရိယာဖြစ်ပါတယ်။ ဥပမာ အားဖြင့် သင့်နေအိမ်မှာပဲ ဖိနပ်၊ ဦးထုပ်၊ ကလေးကစားစရာ စတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ အပြင် ချောကလက်၊ ကိတ်မုန့် စတဲ့ အစားအသောက်တွေ၊ ပရိဘောဂတွေ အပါအ၀င် အရာ၀တ္ထု အားလုံးနီးပါးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ လူ့ရဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေနဲ့ နေအိမ်တွေကိုတောင် တစ်ထိုင်တည်းထုတ်လုပ်ပေးနိုင်တဲ့ 3D Printerတွေကို ပညာရှင်တွေက တီထွင်နေကြပါတယ်။
Ashampoo_Snap_004_
CESပွဲမှာ တီဗီ၊ တက်ဘလက်နဲ့ ဂတ်ဂျတ်များစွာ အဓိက ပြသကြပေမယ့် ဒီနှစ်မှာတော့ အရွယ်စုံ၊ ပုံသဏ္ဍာန်စုံတဲ့ စက်ရုပ်တွေကို ပြသခဲ့ကြပါတယ်။ အဲဒီထဲမှာ စက်ရုပ်ဆရာ၀န်များ၊ လီဂို စက်ရုပ်များနဲ့ မြွေစက်ရုပ်များပါ၀င်ပါတယ်။

Corningရဲ့ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်ကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်ဟာ တစ်နေ့မှာတော့ ပုံသဏ္ဍာန်ဆန်းသစ်တဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ အလွန်ပြောင်မြောက်တဲ့ နည်းပညာ ဖြစ်ပါတယ်။

Day 3မှာတော့ အကောင်းဆုံးလို့ ပြောရမယ့် ထုတ်ကုန် များများစားစား သိပ်မရှိပါဘူး။ Day 1 နဲ့ Day 2မှာတော့ အလိုအလျှောက်မောင်းနှင်တဲ့ ကားနည်းပညာနဲ့ ချပ်၀တ်တန်ဆာကွန်ပြူ တာ၊ Virtual Realityနည်းပညာတို့လို ဆန်းသစ်တဲ့ ထုတ်ကုန်များကို ပိုမို တွေ့ရှိရတဲ့အတွက် Myanmar ICTပရိသတ်ကြီး သွားရောက်ဖတ်ရှုသင့်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *