News, Opinion, Review

Best note-taking apps for Windows in 2022

မှတ်စုရေးခြင်း Note-taking ဆိုတာက ကိုယ်ရေးကိုယ်တာနဲ့ဆိုင်တဲ့အရာပါ။ တချို့ကတော့ စာလုံးလေးနည်းနည်းလောက်ပဲရေးမှတ်တတ်ကြပေမယ့် တချို့ကတော့ Note အများအပြားရေးလေ့ရှိပြီး အရေးကြီးတဲ့အပိုင်းတွေကို မှတ်သားထားဖို့အတွက် Headings တွေနဲ့ မတူညီတဲ့ကာလာတွေကို အသုံးပြုတတ်ကြပါတယ်။
အလုပ်သဘောအရပဲဖြစ်ဖြစ်၊ ကျောင်းစာတွေကိုမှတ်ဖို့ဖြစ်ဖြစ် ကွန်ပြူတာနဲ့ Notes တွေရေးသားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ပုံစံအတိုင်း အလွယ်တကူမှတ်စုထုတ်နိုင်မယ့် Notes App တွေကို အသုံးပြုဖို့လိုပါတယ်။
အကောင်းဆုံး Note Taking Apps တွေကို ဘယ်လိုသတ်မှတ်မလဲဆိုရင်တော့
Efficient text editor – အသုံးပြုရလွယ်ကူပြီး Text Editing အတွက်လုပ်ဆောင်ချက်တွေအများကြီးပါဝင်သင့်ပါတယ်။ fonts အမျိုးမျိုး၊ အရောင်အမျိုးမျိုး အသုံးပြုလို့ရသင့်ပြီး lists, tables, images နဲ့ hyperlinks တွေကိုလည်း support ပေးနိုင်တဲ့ Text Editor ဖြစ်ရပါမယ်။
Tags – ကိုယ့်ရဲ့ Notes တွေကို အကြောင်းအရာတစ်ခုနဲ့စုစည်းထားနိုင်ဖို့ဆို Tag တွဲထားမှာအဆင်ပြေမှာပါ။ ဒါကြောင့်ကိုယ့်ရဲ့ Note Taking Apps က Tagging ကိုထောက်ပံ့ပေးထားတယ်ဆိုရင် ကိုယ်ပြန်လည်ရှာချင်တဲ့အခါ Notes တွေကို တစ်စုတစ်စည်းတည်းနဲ့ ရှာတွေ့နိုင်မှာပါ။
Hierarchy – Professional note-taking applications တွေက ကိုယ့်ရဲ့ Notes တွေကို အထက်အောက်စီစဉ်လို့ရအောင် လုပ်ပေးနိုင်ပါတယ်။
Search – Notes Apps တွေရဲ့အဓိကအားသာချက်ကတော့ ကိုယ့်ရဲ့ Notes တွေကို တစ်ခဏအတွင်း ချက်ချင်းပြန်ရှာပေးနိုင်တာပါ။ Apps အများစုမှာ ဒီ feature က ပါဝင်ပြီးသား ဖြစ်ပါတယ်။
Web clipper – တစ်ခါတစ်လေမှာ ကိုယ်မှတ်ချင်တဲ့အကြောင်းအရာကို အင်တာနက်ပေါ်မှာ တစ်ဦးဦးက ရေးထားပြီးသားဖြစ်တဲ့အတွက် အစအဆုံးမှတ်စရာမလိုတော့ပါဘူး။ သူ့ရဲ့ Web စာမျက်နှာကို မှတ်သားထားလိုက်ရုံပါပဲ။ ဒီလိုမှတ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ Note Taking Apps ဟာ Web Browser ကနေတစ်ဆင့် ဓာတ်ပုံတွေနဲ့ လင့်ခ်တွေကို ရယူမှတ်သားနိုင်စွမ်းရှိသင့်ပါတယ်။
Encryption – ကိုယ့်ရဲ့အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ Notes တွေမှတ်မှာဆိုရင်တော့ လုံခြုံစိတ်ချရတဲ့ ကုဒ်ဝှက်စနစ်နဲ့ Password – protection ပေးနိုင်တဲ့ App ဖြစ်ဖို့ လိုပါတယ်။
Export – ကိုယ့်ရဲ့ Notes တွေကို ကိုယ်သုံးချင်တဲ့နေရာမှာသုံးနိုင်ဖို့ အလွယ်တကူထုတ်ယူနိုင်ဖို့လည်း လိုပါတယ်။ ဒါမှသာ အဆင်ပြေတဲ့ file format နဲ့ထုတ်ယူပြီး ကိုယ်သုံးချင်တဲ့ဆော့ဖ်ဝဲထဲမှာ ထည့်သွင်းအသုံးပြုနိုင်မှာပါ။ အဲ့လိုမှမဟုတ်ရင် ကိုယ့်ရဲ့ Notes တွေကို တစ်ခုချင်းပြန်ကူးနေရမှာဖြစ်လို့ အဆင်ပြေမှာမဟုတ်ပါဘူး။
1. MyInfo
ဒီ App က fully offline note taking app ဖြစ်လို့ ကိုယ့်ရဲ့ကွန်ပြူတာမှာပဲ သီးသန့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Text editor: Visual text editor with rich formatting, images, tables, links, checklists, attachments, and full text styles support.
Hierarchy: Notes can be arranged in outlines (unlimited levels) and/or grouped by tags and other note attributes
Search: Basic and advanced queries, quick filter, search in attachments
Encryption: Yes (whole notebooks can be protected)
Export: Microsoft Word, HTML, plain text, folders & files, third-party plugins support
Unique note-taking features: Create perspectives – custom views of your notes grouped and sorted by tags & metadata.
Price: $99 USD (one-time fee)
2. Evernote
လူသိများတဲ့ Note-taking app ဖြစ်ပြီး cloud-based ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဖိုင်တွေဟာ Evernote ရဲ့ server တွေပေါ်မှာ သိမ်းထားမှာဖြစ်ပါတယ်။
Text editor: Visual text editor with rich formatting, images, tables, links, checklists, and attachments.
Hierarchy: Notes can be grouped by tags
Search: Basic and advanced queries, quick filter, search in attachments
Encryption: Limited (parts of notes can be protected)
Export: HTML
Unique note-taking features: Search in image texts. Multiple platform support.
Price: plans: Free, Personal ($7.99 a month or $69.99 a year), Professional ($9.99 a month or $99.99 a year)
3. OneNote for Windows 10
Windows 10 သို့မဟုတ် 11 အသုံးပြုသူတွေဆိုရင် Microsoft OneNote ကို တပါတည်း ထည့်သွင်းပေးပြီးသားဖြစ်ပါတယ်။ သူ့ရဲ့အဓိကအားသာချက်က digital pen & ink support ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။
Text editor: Visual text editor with rich formatting, images, tables, links, checklists, and attachments.
Hierarchy: Notes can be arranged in outlines (up to two levels)
Search: Basic queries
Encryption: None
Export: None
Unique note-taking features: Integration with Microsoft Outlook.
Price: free
Pre-installed in Windows 10 and newer
4. Joplin
ကျောင်းသားတွေအတွက် သင့်တော်တဲ့ Electron-based open-source note taking app ဖြစ်ပါတယ်။ Math expressions တွေနဲ့ diagrams တွေကို အဆင်ပြေပြေ မှတ်သားထားနိုင်ပါတယ်။
Text editor: Markup-based (Markdown) editor with rich formatting, images, links, checklists, and attachments.
Hierarchy: No
Search: Basic and advanced queries, quick filter
Encryption: None
Export: Markdown, HTML, PDF
Unique note-taking features: Create math expressions and diagrams directly from the app. Cross-platform support.
Price: free, open-source
ကဲ ချစ်ကာကာတို့ကရော ဘယ် Note-taking App ကိုပိုကြိုက်တယ်ဆိုတာ ပြောပြပေးသွားကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *