Apps

Autoruns

auto-run

ကွန်ပျူတာ စနစ်တစ်ခု လည်ပတ်ဖို့ရာ နောက်ကွယ်ကနေ လူမသိသူမသိ လုပ်ဆောင်နေတဲ့ ပရိုဂရမ်တွေကို တွေ့မြင် သိရှိနိုင်မယ့် ဆော့ဖ်၀ဲ ဖြစ်ပါ တယ်။ Startup Folder, Run, RunOnce, Registry Key, Winlogon, Auto-Start Services, Drivers, Network Providers, Print Monitors စတဲ့ အကြောင်းအရာ အသေးစိတ်ကို Explorer တစ်ခုအသွင်နဲ့ ကြည့်ရှု နိုင်မှာ ဖြစ်ပြီး ကွန်ပျူတာထဲမှာရှိတဲ့ လုပ်ဆောင်မှုတွေကို ကွန်ပျူတာ ဆားဗစ်သမားတွေ အသုံးပြုလေ့ရှိတဲ့ MSConfig Utilityထက် ပိုမိုစုံလင်စွာ ပြသပေးမှာ ဖြစ်ပါတယ်။ မှတ်ချက် – Configuration လုပ်တဲ့ အခါမှာ ကွန်ပျူတာစနစ် ပျက်ယွင်းမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အသေးစား Errorတွေကို ပြင်ဆင်ပေး နိုင်ပါတယ်။

အရွယ်အစား – 522.1 KB

၀က်ဘ်ဆိုက် – http://technet.microsoft.com

တွဲသုံးနိုင်သည့်စနစ် – Windows XP/2003/Vista/7

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *