News

နှစ် ၅၀ကြာ အာကာသမှာ…

www.spacefacts.de

လူသားတွေရဲ့ အာကာသခရီးစဉ်တွေ စတင်လျှောက်လှမ်းခဲတာဟာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပြီးတော့ အဲဒီထဲကမှ အမျိုးသမီး အာကာသယာဉ်မှူးတွေရဲ့ အာကာသမြေ
ပေါ် လျှောက်လှမ်းမှုတွေဟာ နှစ်ပေါင်း ၅၀ပြည့်မြောက်ခဲ့ပြီ ဖြစ်တာကြောင့် ရွေှရတုတိုင်ပြီ လို့တောင်ဆိုနိုင်ပါတယ်။ ဒါကြောင့် ရွေှရတု အထိမ်းအမှတ် အဖြစ်နဲ့ အမျိုးသမီး အာကာသယာဉ်မှူးတွေရဲ့ မှတ်တမ်းတွေကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။

၁၉၆၃ ခုနှစ်မှာ ပထမဆုံး အမျိုးသမီး အာကာသ ယာဉ်မှူးဖြစ်တဲ့ ဆိုဗီယက် လူမျိုး Valentina Tereshkovaဟာ Vostok 6အမည်ရှိ အာကာသယာဉ်နှင့် အတူ အာကာသခရီးစဉ် စတင်ခဲ့ပြီး ၇၁ နာရီ အတွင်း ကမ္ဘာကို ၄၈ ပတ် လည်ပတ်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်အရောက်မှာတော့ Neil Armstrong နဲ့ Buzz Aldrinတို့ဟာ လပေါ်မှာ ပထမဆုံး လမ်းလျှောက်နိုင်တဲ့ လူသားတွေ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

၁၉၇၁ ခုနှစ် အရောက်မှာတော့ USSRဟာ ကမ္ဘာ့ပထမဆုံး အာကာသစခန်း ဖြစ်တဲ့ Salyutကို တည်ဆောက်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ အမေရိကန် အမျိုးသမီး အာကာသ ယာဉ်မှူးဖြစ်တဲ့ Sally Rideဟာ အာကာသပေါ် ပထမဆုံး ခြေချနိုင်ခဲ့တဲ့ အမေရိကန် အမျိုးသမီး အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နောက်နှစ် ၁၉၈၄အရောက်မှာတော့ အမျိုးသမီး အာကာသ ယာဉ်မှူးတစ်ဦး ဖြစ်တဲ့ Svetlana Savitskayaဟာ အာကာသပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး အာကာသ ယာဉ်မှူးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ ပြန်ပါတယ်။

နောက်ပိုင်း ၁၉၉၁ခုနှစ်မှာ အင်္ဂလန်နို်င်ငံသူ Dr. Helen Sharman၊ ၁၉၉၃ ခုနှစ်မှာ စပိန်သူ Ellen Ochoa၊ ၁၉၉၄ ခုနှစ်မှာ ဂျပန်သူ Chiaki Mukai၊ ၂၀၀၈ ခုနှစ် အရောက်မှာ တောင်ကိုရီးယားသူ Yi So-Yeonနဲ့ ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံသူ Liu Yangတို့ဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပထမဆုံး အမျိုးသမီး အာကာသ ယာဉ်မှူးတွေ အဖြစ် မှတ်တမ်းတင်နိုင် ခဲ့ကြပါတယ်။ အဲဒီထဲကမှ ထူးခြားတာ တစ်ခုက ပထမဆုံး လူမဲ အမျိုးသမီး အာကာသ ယာဉ်မှူးအဖြစ် ၁၉၉၂ ခုနှစ်က အမေရိကန် နိုင်ငံသူ Mae Jemisonက အာကာသပေါ်မှာ ခြေချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: www.cnn.com

One thought on “နှစ် ၅၀ကြာ အာကာသမှာ…

  1. may thu kyaw says:

    အာကာသထဲမှာ ပထမဆုံးခြေချတဲ့ မြန်မာအမျိုးသမီးဖြစ်ချင်တယ်

Leave a Reply

Your email address will not be published. Required fields are marked *