Laptops, News, Review

Asus Zenbook UX581GV-H2035T Celestial Blue (i7-9th Gen) အကြောင်း

Asus ZenBook (UX581) (အပြာရောင်)ဟာ တည်ဆောက်ပုံသပ်ရပ်ပြီး ဒီဇိုင်းပိုင်း ဆန်းသစ်တဲ့ အဆင့်မြင့် Laptop တစ်လုံးဖြစ်ပါတယ်။

i7 (9th) Gen ပရိုဆက်ဆာ၊ RAM: 32GB နဲ့ 1TB PCIe® SSD တို့ကို တပ်ဆင်ထားတဲ့အတွက် ဓာတ်ပုံ/ဗီဒီယိုတည်းဖြတ်ခြင်းလို လုပ်ငန်းတွေကနေစပြီး အွန်လိုင်းဂိမ်းကစားခြင်းနဲ့ Streaming လုပ်တာတွေအထိ ဘယ်လိုစွမ်းရည်မြင့်အသုံးပြုမှုကိုမဆို အဆင်ပြေစေပါတယ်။

ဂရပ်ဖစ်လိုအပ်ချက်မြင့်မားတဲ့ ဂိမ်းတွေ၊ လုပ်ငန်းသုံးဆော့ဖ်ဝဲတွေကို အထူးအသုံးပြုချင်သူတွေအတွက် NVIDIA® GeForce RTX™ 2060 ဂရပ်ဖစ်ကတ်ကို ထည့်သွင်းပေးထားပါသေးတယ်။

15.6” အကျယ်ရှိ မျက်နှာပြင်အတွက် ဘေးဘောင်မဲ့ မြင်ကွင်းနဲ့အတူ OLED 4K Resolution (3840 x 2160) ကို အသုံးပြုထားပါတယ်။ OLED (4K) Display မှာ ရုပ်ရှင်အရောင်အသွေးအဆင့်ရှိ ရာနှုန်းပြည့် DCI-P3 ရောင်စဉ်တွေကို အသုံးပြုထားတဲ့အတွက် ရုပ်ထွက်အထူးကောင်းမွန်ပါတယ်။

မျက်နှာပြင်ဟာ Touchscreen အမျိုးအစားလည်း ဖြစ်တာကြောင့် Original ထည့်သွင်းပေးထားတဲ့ ASUS Pen ကိုသုံးပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ အလန်းစားဂရပ်ဖစ်ဒီဇိုင်းလက်ရာတွေကို ဖန်တီးနိုင်မှာပါ။ Laptop ရဲ့မျက်နှာပြင်ကို ဖွင့်လိုက်တာနဲ့ မီးရောင်ပါဝင်တဲ့ Backlit ကီးဘုတ်ကိုယ်ထည်ကို အလိုအလျောက် မြင့်တက်လာစေဖို့ ပြုလုပ်ထားတာကြောင့် သက်တောင့်သက်သာနဲ့ ကြာရှည်အသုံးပြုနိုင်စေမှာ ဖြစ်သလို Laptop ရဲ့ အေးမြမှုနဲ့ အသံအရည်အသွေးပိုင်းကိုလည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

OS အတွက် Windows 10 Home ကို ထည့်သွင်းပေးထားပြီး ဘတ္ထရီအတွက် အရည်အသွေးမြင့် 8 cell 71Wh Rechargeable Li-Polymer ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။ 14” အရွယ်အစားရှိ ScreenPad™ Plus ကို ကိုယ်ထည်မှာ ထည့်သွင်း ပေးထားတဲ့အတွက် ဆော့ဖ်ဝဲတွေကို မူလမျက်နှာပြင်တွင်သာမကဘဲ ကီးဘုတ်ပေါ်က ScreenPad မှာပါ တပြိုင်နက် အသုံးပြုနိုင်ပါတယ်။

အသုံးပြုသူတွေကို အဆင်ပြေစေမယ့် ထူးခြားဆန်းသစ်မှုတွေနဲ့ တကယ့်ကို အဖက်ဖက်က ပြည့်စုံတဲ့ စွမ်းရည်မြင့် Laptop ကောင်း တစ်လုံးဖြစ်ပါတယ်။

ဈေးနှုန်းက K4,478,600 နဲ့ Warranty ၂ နှစ်ပေးထားပါတယ်။

လေ့လာမယ်၊ ဝယ်မယ်ဆိုရင် အောက်က link ကို နှိပ်လိုက်ပါခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *