PadFone Infinity Lite ကို ထိုင်၀မ်မှာ စတင်ရောင်းချပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ Asus PadFone Infinity 2 လောက်တော့ စွမ်းဆောင်ရည် မကောင်းဘူးလို့ သိရပါတယ်။ PadFone Infinity Lite တွင် Qualcomm Snapdragon 800 SoC တပ်ဆင်ထားပါတယ်။ Tablet မှာ ၁၀.၁ လက်မ 1080 IPS Display နဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။
Asus PadFone Infinity Lite ရဲ့ အခြား Specification များကတော့ 2GB RAM, 32GB Internal Memory ပါရှိပါတယ်။ ၅ လက်မအရွယ် 1080p Display တပ်ဆင်ထားပါတယ်။ 13MP Camera နဲ့ 2,400mAh Battery တပ်ဆင်ထားပါတယ်။ Android 4.1 Jelly Bean ကို အသုံးပြုမောင်းနှင်မှာ ဖြစ်ပါတယ်။ Android 4.4 KitKat ကို အသုံးမပြုထားတာကတော့ အံ့ဩစရာ ဖြစ်ပါတယ်။ Asus PadFone Infinity Lite ကို ထိုင်၀မ်ဒေါ်လာ (13,990) နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ နဲ့တွက်ရင် ဒေါ်လာ (463)ခန့် ဖြင့် ၀ယ်ယူနိုင်ပါတယ်။ Tablet ကိုတော့ ထိုင်၀မ်ဒေါ်လာ (7,000) ထပ်မံပေးချေ၀ယ်ယူရမှာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာနဲ့ တွက်ချက်ရင်တော့ ဒေါ်လာ (230) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။