Gaming

အန်းဒရွိုက်အတွက် ဂိမ်းအသစ်တစ်မျိုး Astro Boy Dash

ဂျပန်ကာတွန်း ဇာတ်ကောင် တစ်ခုဖြစ်တဲ့ Astro Boyကတော့ သူ့ရဲ့ ဒုံးကျည်တွေကို သိမ်းထားလိုက်ပြီး ခြေလှမ်းကျဲကျဲတွေနဲ့ ပြေးလွှားနေတဲ့ အန်းဒရွိုက်ဂိမ်းတစ်မျိုး ထွက်ရှိလာခဲ့ပါတယ်။ Astro Boy Dashလို့ နာမည်ပေးထားပြီး ဟောင်ကောင်က ဂိမ်းရေးဆွဲ ဖန်တီးသူ Mr.Animocaဖန်တီး ခဲ့တာဖြစ်ပြီး ပြေးလွှားနေရတဲ့ Temple Runဂိမ်းနဲ့ ဆင်တူပါတယ်။ အခမဲ့ရယူနိုင်တဲ့ အန်းဒရွိုက်ဂိမ်း ဖြစ်ပြီး ဂိမ်းထဲမှာ Astro Boyအနေနဲ့ Coinတွေရှာတာ၊ Levelတွေ တက်အောင်လုပ်တာနဲ့ Astro Boyရဲ့ ကောင်မလေး Uranဆိုတဲ့ Characterအသစ် ကိုပါ Unlockဖြစ်အောင် ဆော့နိုင်ပါတယ်။ Temple Runဂိမ်းလိုပဲ ပြေးလိုက်၊ ခုန်လိုက်၊ ၀ပ်လိုက်၊ ကွေ့လိုက်၊ ကောက်လိုက်၊ ဒင်္ဂါးတွေ ယူလိုက်နဲ့ Levelတွေ၊ Scoreတွေ တက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းထဲမှာတော့ သင်ဟာ Astro Boyရဲ့ တီထွင်သူ၊ အုပ်ထိန်းသူ ဖြစ်တဲ့ ပရော်ဖက်ဆာ Ochanomizuရဲ့ လက်ကလွတ်အောင် ထွက်ပြေးတိမ်းရှောင်ရမှ ဖြစ်ပြီး လက်တွေ့ဆော့ကြည့်တဲ့အခါမှာ Temple Runထက် ပိုမိုလွယ်ကူ ကောင်းမွန်တာကို တွေ့ရမှာပါ။ အန်းဒရွိုက်သမားတွေ အတွက်တော့ ဒီနေရာမှာ ဒေါင်းလုဒ်ရယူနိုင်ပြီး iOSအတွက်လည်း မကြာခင် ထုတ်လုပ်ဖြန့်ချိသွားမယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *