News, Review

နောက်ဆုံးပေါ် features တွေနဲ့ အမိုက်စား Apple Watch Series 7

Apple ချစ်သူတွေ မျှော်လင့်စောင့်စားနေကြတဲ့ Apple Watch Series 7 လေး ရောက်ရှိလာပါပြီ။ ဒီတစ်ခါမှာရော Apple က ဘယ်လို features တွေကို ထပ်ထည့်ပေးထားသလဲ? ဘာတွေပိုကောင်းလာသလဲဆိုတာကို ကြည့်လိုက်ရအောင်။
⌚️ မျက်နှာပြင်က သိသိသာသာပိုကြီးလာတဲ့အတွက် အရင် Apple Watch Series တွေထက် စာဖတ်တာ၊ စာပို့တာ၊ အီးမေးလ်ကြည့်တာ၊ Stopwatch သုံးတာ စတဲ့ အသုံးပြုမှုတွေမှာ ပိုပြီးလွယ်ကူစေပါတယ်။
⌚️ မျက်နှာပြင်ကို အမြဲတမ်းဖွင့်ထားမှာဖြစ်လို့ နာရီကိုကြည့်ဖို့ screen ကို ထိစရာမလိုသလို လက်မြှောက်စရာလည်း မလိုပါဘူး။ indoor အသုံးပြုချိန်မှာ မျက်နှာပြင်က 70% ပိုမိုတောက်ပလာတာ တွေ့ရပါတယ်။
⌚️ Blood Oxygen Level, ECG, Heart Rate စတဲ့အချက်အလက်တွေကို မှန်မှန်ကန်ကန် တိုင်းတာပေးနိုင်လို့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို အမြဲတမ်းစောင့်ကြည့်နိုင်နေမှာပါ။
⌚️ ဘတ္ထရီအားသွင်းချိန်ကလည်း ပိုမြန်လာပြီး ၄၅ မိနစ်အတွင်း 0-80% အထိ အားဖြည့်သွင်းနိုင်ပါတယ်။
ချောမွတ်ပြီး ပိုမိုအကြမ်းခံလာတဲ့ကိုယ်ထည်ဒီဇိုင်းက ရေအနက် ၅၀မီတာအထိ ရေစိုခံနိုင်လို့ ရေကူးချိန်မှာ ချွတ်ထားစရာမလိုပါဘူး။
⌚️ Apple Fitness+ က လုံးဝအမိုက်စား feature တစ်ခုပါ။ HIIT, Strength, Pilates နဲ့ Yoga အပါအဝင် Workouts (၁၁)မျိုး ပါဝင်ပြီး Workout တစ်ခုဟာ 5 မိနစ်ကနေ 45 မိနစ်အထိကြာပါတယ်။ တရားထိုင်ခြင်း (Guided Meditations)လည်း ပါဝင်လို့ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းဖို့ သင့်ကိုကူညီပေးမှာပါ။
⌚️ လမ်းလျှောက်တာ၊ ကားမောင်းတာ၊ စက်ဘီးစီးတာ ဘယ်အတွက်ပဲသုံးသုံး အဆင်ပြေတဲ့ Map လည်း ပါဝင်ပါတယ်။ ဘယ်/ညာ ကွေ့ရမယ့်အချိန်မှာ Taptic Engine က အသိပေးမှာမို့ နာရီကို အမြဲတမ်း ကြည့်နေစရာမလိုပါဘူး။
စိတ်ဝင်စားလို့ ဦးဦးဖျားဖျားဝယ်ယူချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ link လေးကို နှိပ်ပြီး ဝယ်ယူနိုင်ပါတယ်နော်။
» အိုင်စီတီမှာ ဈေးဝယ်ရင် ပစ္စည်းတိုင်းအတွက် အပိုထပ်ဆောင်း % ပေးစရာမလိုဘဲ ဘဏ်စနစ်နဲ့ပေးချေနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေ။ #AYApay, #CBPay, #KBZPay, #OnePay, #WavePay တို့အပြင် #Visa, #MasterCard, #MPU, #UnionPay card တွေနဲ့လည်း ဝယ်လို့ရတော့ အားလုံးအေးဆေးပဲ။
» ငွေသားနဲ့ပေးချေမယ်ဆိုရင် ၅% Cashback ပြန်အမ်းပေးဦးမှာမို့လို့ အခုပဲ အိုင်စီတီမှာ ဈေးဝယ်လိုက်တော့နော်။
မေးခွန်းများ ရှိပါက❓
Viber: 0942 000 4551
🛍 Happy Shopping!
Team ICT.com.mm

Leave a Reply

Your email address will not be published. Required fields are marked *