Apple ချစ်သူတွေ မျှော်လင့်စောင့်စားနေကြတဲ့ Apple Watch Series 7 လေး ရောက်ရှိလာပါပြီ။ ဒီတစ်ခါမှာရော Apple က ဘယ်လို features တွေကို ထပ်ထည့်ပေးထားသလဲ? ဘာတွေပိုကောင်းလာသလဲဆိုတာကို ကြည့်လိုက်ရအောင်။

မျက်နှာပြင်က သိသိသာသာပိုကြီးလာတဲ့အတွက် အရင် Apple Watch Series တွေထက် စာဖတ်တာ၊ စာပို့တာ၊ အီးမေးလ်ကြည့်တာ၊ Stopwatch သုံးတာ စတဲ့ အသုံးပြုမှုတွေမှာ ပိုပြီးလွယ်ကူစေပါတယ်။

မျက်နှာပြင်ကို အမြဲတမ်းဖွင့်ထားမှာဖြစ်လို့ နာရီကိုကြည့်ဖို့ screen ကို ထိစရာမလိုသလို လက်မြှောက်စရာလည်း မလိုပါဘူး။ indoor အသုံးပြုချိန်မှာ မျက်နှာပြင်က 70% ပိုမိုတောက်ပလာတာ တွေ့ရပါတယ်။

Blood Oxygen Level, ECG, Heart Rate စတဲ့အချက်အလက်တွေကို မှန်မှန်ကန်ကန် တိုင်းတာပေးနိုင်လို့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို အမြဲတမ်းစောင့်ကြည့်နိုင်နေမှာပါ။

ဘတ္ထရီအားသွင်းချိန်ကလည်း ပိုမြန်လာပြီး ၄၅ မိနစ်အတွင်း 0-80% အထိ အားဖြည့်သွင်းနိုင်ပါတယ်။
ချောမွတ်ပြီး ပိုမိုအကြမ်းခံလာတဲ့ကိုယ်ထည်ဒီဇိုင်းက ရေအနက် ၅၀မီတာအထိ ရေစိုခံနိုင်လို့ ရေကူးချိန်မှာ ချွတ်ထားစရာမလိုပါဘူး။

Apple Fitness+ က လုံးဝအမိုက်စား feature တစ်ခုပါ။ HIIT, Strength, Pilates နဲ့ Yoga အပါအဝင် Workouts (၁၁)မျိုး ပါဝင်ပြီး Workout တစ်ခုဟာ 5 မိနစ်ကနေ 45 မိနစ်အထိကြာပါတယ်။ တရားထိုင်ခြင်း (Guided Meditations)လည်း ပါဝင်လို့ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းဖို့ သင့်ကိုကူညီပေးမှာပါ။

လမ်းလျှောက်တာ၊ ကားမောင်းတာ၊ စက်ဘီးစီးတာ ဘယ်အတွက်ပဲသုံးသုံး အဆင်ပြေတဲ့ Map လည်း ပါဝင်ပါတယ်။ ဘယ်/ညာ ကွေ့ရမယ့်အချိန်မှာ Taptic Engine က အသိပေးမှာမို့ နာရီကို အမြဲတမ်း ကြည့်နေစရာမလိုပါဘူး။
စိတ်ဝင်စားလို့ ဦးဦးဖျားဖျားဝယ်ယူချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ link လေးကို နှိပ်ပြီး ဝယ်ယူနိုင်ပါတယ်နော်။
» ငွေသားနဲ့ပေးချေမယ်ဆိုရင် ၅% Cashback ပြန်အမ်းပေးဦးမှာမို့လို့ အခုပဲ အိုင်စီတီမှာ ဈေးဝယ်လိုက်တော့နော်။
မေးခွန်းများ ရှိပါက

Viber: 0942 000 4551

Happy Shopping!
Team ICT.com.mm