News, Review, Smart Watch

Apple Watch Series 6 အကြောင်း

Apple ချစ်သူတွေအတွက် Apple Watch Series 6 တွေကို ICT မှာ ဝယ်ယူနိုင်ပါပြီ။

Apple ရဲ့ ထုံးစံအတိုင်း ဒီဇိုင်းက သူမတူအောင် သပ်ရပ်လှပတဲ့အပြင် ကျန်းမာရေးအတွက်ပါ အထူး အထောက်အကူဖြစ်စေမယ့် Watch လေးတွေ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အဓိကကျတဲ့ သွေးတွင်း အောက်စီဂျင်ကိုလည်း အချိန်နဲ့တပြေးညီ တိုင်းတာပေးမှာပါ။ အချက်အလက်တွေကို watch ရဲ့ Retina display ပေါ်မှာ ပြသပေးနေမှာ ဖြစ်ပါတယ်။ ECG App လေးပါဝင်လာလို့ ဆရာဝန်တွေအတွက်လည်း အဓိကကျတဲ့ data တွေပေးနိုင်လို့ သင့်ကို စိတ်အေးရစေမှာပါ။t

အိပ်ချိန်ဘယ်လောက်ရှိလဲဆိုတာကိုလည်း စောင့်ကြည့်ပေးနိုင်လို့ အိပ်ချိန် မှန်မမှန်၊ လုံလောက်မှုရှိမရှိကိုလည်း သိနိုင်ပါသေးတယ်။ သင့် workout metrics ကိုလည်း တိုင်းတာပေးနိုင်လို့ gym ကို ပတ်သွားရင်လည်း တကယ်အဆင်ပြေမယ့် Apple Watch လေးပါပဲ။

Always-On Retina display ကြောင့် လက်ကိုမြှောက်ကြည့်ဖို့မလိုဘဲ အချက်အလက်တွေအားလုံးကို လွယ်လွယ်ကူကူနဲ့ ကြည့်နိုင်မှာပါ။ ဖုန်းလည်း ပြောလို့ရပါသေးတယ်။ CPU ကို Dual Core နဲ့ Capacity က 32 GB ပါဝင်တာကလည်း အဆင်ပြေတဲ့အချက်လေးပါပဲ။

စျေးနှုန်းတွေက ဒီဇိုင်း၊ အရောင်နဲ့ size တွေပေါ်မူတည်ပြီး K695,000 ကနေ K940,000 အထိရှိတာကြောင့် ကိုယ့်စိတ်ကြိုက်အရောင်နဲ့ ဒီဇိုင်းကို အောက်ကလင့်ခ်လေးထဲမှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူလိုက်ပါနော်။

Shop here:

Leave a Reply

Your email address will not be published. Required fields are marked *