Mac, News, Review

ICT.com.mm မှာ Apple MacBook Air 2020 i5 512GB Gold & Silver color နှစ်မျိုး stock ပြန်ရောက်နေပါပြီနော်

ICT.com.mm မှာ Apple ရဲ့ နောက်ဆုံးပေါ် MacBook ဖြစ်တဲ့ Apple MacBook Air 2020 i5 512GB Gold & Silver color နှစ်မျိုး stock ပြန်ရောက်နေပါပြီနော်…

Apple MacBook Air 2020 ကတော့ အဆင့်မြင့်ဆော့ဖ်ဝဲတွေကို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ဖို့ 3733 MHz ရှိတဲ့ RAM (8GB) ကို တပ်ဆင်ပေးထားပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက်ကိုတော့ Integrated အမျိုးအစား Intel Iris Plus ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။ လှပတဲ့ အလူမီနီယမ်ကိုယ်ထည်ဒီဇိုင်းနဲ့ ပြုလုပ်ထားပြီး FaceTime HD Web ကင်မရာ၊ Touch ID နဲ့ Force Touch Trackpad တို့ကိုတပ်ဆင်ထားပါတယ်။

Keyboard ကို အဆင့်မြှင့်တင်ပေးထားပြီး Scissor Mechanism နည်းပညာအသုံးပြု Magic Keyboard ကို တပ်ဆင်ထားပါတယ်။ အရောင်အသွေး စိုပြည်လှပတဲ့ True Tone နည်းပညာအသုံးပြု ‘Retina’ Display ကို တပ်ဆင်ပေးထားပြီး 2560×1600 (227 ppi) Resolution ရှိတဲ့အတွက် တစ်ကယ့်ကို ရုပ်ထွက်ကြည်လင်ကောင်းမွန်ပါတယ်။

ငွေရောင် နဲ့ ရွှေရောင် တို့ဖြင့် ဝယ်ယူရရှိနိုင်ပြီး အလေးချိန်အားဖြင့် (2.8) ပေါင်သာရှိမှာ ဖြစ်ပါတယ်။ မိမိရဲ့အသုံးပြုပုံအလိုက် (၁၁) နာရီမှ (၁၂) နာရီအထိ ဘတ္ထရီအားခံပါတယ်။ ချိတ်ဆက်မှုအမျိုးမျိုးအတွက် 802.11ac (Wi-Fi) ၊ Bluetooth 5 ၊ Thunderbolt 3 ports (USB-C) နဲ့ Headphone jack တို့ ပါဝင်ပါတယ်။

Apple ရဲ့ နောက်ဆုံးပေါ် Advanced Desktop OS ဖြစ်တဲ့ Catalina ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ယခင် မော်ဒယ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဈေးနှုန်းကလည်း ပြောပလောက်အောင် ကွာဟမှုသိပ်မရှိဘဲ စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းနေတဲ့အတွက် MacBook အသစ်ဝယ်ဖို့ စဉ်းစားနေသူတွေ လုံးဝရွေးချယ်သင့်တဲ့ MacBook Air (2020) ပဲ ဖြစ်လို့ ပစ္စည်းမကုန်ခင် မြန်မြန်မှာဝယ်ထားလိုက်တော့နော်…
👇👇👇👇
Apple MacBook Air 2020 13-inch MVH52 i5 512GB (Gold)
K1,800,000

👇👇👇👇
Apple MacBook Air 2020 13-inch MVH42 i5 512GB (Silver)
K1,800,000

Leave a Reply

Your email address will not be published. Required fields are marked *