Mobile, News

Apple ရဲ့ MacBook Air မှာ Flash Drives ပြဿနာများဖြစ်ပေါ်။

အောက်တိုဘာ (၂၂) ရက်မှာ ကျင်းပမယ့် Event နဲ့ပတ်သက်ပြီးစိတ်၀င်စားစရာသတင်းတွေထွက်ပေါ်နေချိန်မှာပဲ MacBook Air Laptop တွေမှာ ပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။Apple Website က ကြာသာသပေးနေ့မှာ ထုတ်ပြန်တဲ့သတင်းမှာ 64GB , 128GB Flash Drives တွေတပ်ဆင်အသုံးပြုထားတဲ့ ၂၀၁၂ ကနေ ၂၀၁၃ ခုနှစ်အတွင်းမှာထုတ်လုပ်ရောင်းချခဲ့တဲ့ MacBook Air Laptop တစ်ချို့မှာ Drive Fail ဖြစ်တဲ့ ပြဿနာဖြစ်ပေါ်နိုင်တယ်လို့ပြောပါတယ်။

အဲဒီပြဿနာဖြစ်တဲ့ Drive တွေကို အခမဲ့လဲလှယ်ပေးမယ့်အစီအစဉ်ကိုလည်းပြုလုပ်ပေးလိုက်ပါပြီ။ “သင့် Drive တွေက ပြဿနာဖြစ်ခဲ့ရင် တစ်ခြား OS  , Applications တွေကိုအင်စတောမလုပ်ဖို့အထူးသတိပေးလိုက်ပါတယ်။Drive ကိုမလဲခင်မှာဒေတာတွေကိုလည်းမှန်မှန် Backup လုပ်ပေးဖို့လည်းအကြံပြုပါတယ်။ “ လို့ရေးသားထားပါတယ်။

သင့်ရဲ့ MacBook မှာ အဲဒီ ပြဿနာဖြစ်နိုင်လားဆိုတာသိနိုင်ဖို့ Computer ရဲ့အပေါ်က Menu မှာရှိတဲ့ Apple Logo အောက် က “About This Mac” ကိုနှိပ်ပါ။ နောက် “More Info” ကိုနှိပ်ပြီး MacBook ထုတ်လုပ်တဲ့ခုနှစ်ကိုကြည့်ပါ။

“Mid 2013” လို့ပြခဲ့ရင်အပေါ်မှာဖော်ပြထားတဲ့ ၂၀၁၂ -၂၀၁၃ ကြားမှာထုတ်လုပ်တာဖြစ်ပါတယ်။Apple က အဲဒီပြဿနာကို စစ်ဆေး ပြုပြင်ပေးဖို့ Firmware Update ကိုပေးထားပြီး Softwares Updates Panel ကနေ Update လုပ်နိုင်ပါတယ်။အဲဒီ Update ကိုအင်စတောလုပ်လို့မရရင်   Flsah Drive အခမဲ့လဲလှယ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *