Appleက ၎င်းတို့ရဲ့ ပထမဦးဆုံး 64-bit A7 Processorတပ်ဆင် ထားတဲ့ iPhone 5Sကို ကြေညာပွဲထုတ် ပြီးတဲ့နောက် တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီ ကလည်း ၎င်းတို့ရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းကို 64-bit Chipနဲ့ ထုတ်လုပ်သွားမယ်လို့ သတင်းရရှိပါတယ်။ ကုမ္ပဏီရဲ့ Mobile Businessအကြီးအကဲ ဖြစ်သူ JK Shinက ကိုရီးယားတိုင်းမ် သတင်းစာကို ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ 64-bit Chipတပ်ဆင် ထားတဲ့ Deviceတွေဟာ အချိန်တိုအတွင်းမှာတော့ ရောက်ရှိလာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒါဟာ Samsungအနေနဲ့ အဆိုပါ 64-bit Chipတွေကို ထုတ်လုပ်ဖို့ နည်းပညာပိုင်း အားနည်းနေလို့ မဟုတ်ပါဘူး။ ၎င်းတို့အနေနဲ့ Exynos 5 SoCမှာ Coreရှစ်ခုကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်မယ့် Processတစ်ခုကိုလည်း Customerတွေ သုံးစွဲကြဖို့ ဆွဲဆောင်နိုင်ဖွယ် ရှိနေပါတယ်။
Samsungအနေနဲ့ 64-bit Processorသုံးမယ် ဆိုရင် ARMv8 64-bitကို အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာ ဘယ်Androidဖုန်းကမှ 64-bit Processorမသုံးထား သလို အဆိုပါ 64-bitတပ်ဆင်မယ့် Androidဖုန်း ထွက်ရှိလာဖို့ဟာလည်း အချိန်ကာလတစ်ခုအထိ ကြာဦးမယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာ ကြည့်ရင်လည်း Appleဟာ ၎င်းတို့ရဲ့ iOS 7ကို 64-bit A7 Chipမှာ ကောင်းကောင်း Runနိုင်ဖို့ ပြန်လည်မွမ်းမံမှုတွေ လုပ်ထားကာ ပြီးခဲ့တဲ့ iPhone Eventမှာလည်း Appleအနေနဲ့ A7 Chipဟာ CPUရော GPUပါ လက်ရှိထက် နှစ်ဆပိုမို မြန်ဆန်လာမယ်လို့ အတည်ပြုပြောကြားခဲ့ ပါတယ်။
အပြိုင်အဆိုင်များပြီး သူ့ထက်ငါ ပိုမိုကောင်းမွန်အောင် ဖန်တီးနေကြတဲ့ စမတ်ဖုန်းလောကမှာ 64-bit Chipsတွေဟာ iPhoneမှာသာမက Android Phoneတွေမှာပါ တကယ်ပဲ တပ်ဆင်သုံးစွဲ လာကြမလား ဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေတစ်ခုပဲ ဖြစ်နေပါတယ်။
ဘယ်လောက် ပဲ မြန်မြန် အရေးမကြီးဘူး….အဓိ က မြန်မာစာရဘို့ပဲ လေ..နောက်မို့ ဆို ဈေးကြီးပေးဝယ်ပြိးစိတ်ညစ်ရမှာ fash player ရော ရလားမသိဘူး….
iPhone 5s မှာ64bitသုံးထားသလိုSAMSUNGွandroidတွေမှာရောသုံးလာနိုင်ပါသလား။