News

OnePlus X ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြသမည်

OnePlus One နှင့် OnePlus Two တို့ကို ထုတ်လုပ်၍ နာမည်ကျော်လာသော OnePlus ကုမ္ပဏီမှ နည်းပညာအသစ်တွေနဲ့ OnePlus X အမည်ရတဲ့ ဖုန်းကို အောက်တိုဘာ ၂၉ ရက်၊ လန်ဒန်မှာ ကျင်းပမည့် ကုန်ပစ္စည်းသစ် ပြသပွဲမှာ ထုတ်ဖော်ပြသသွားမယ်လို့ ကြေညာခဲ့ပါတယ်။

OnePlus X ဟာလည်း ယခင်စီးရီးတွေအတိုင်း Invite Only သာရရှိမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။

oneplus-x-100621851-large

Android Community ကတော့ Amazon India ကနေ OnePlus X ရဲက screenshot တွေကို ဖော်ပြထားပြီး မျက်နှာပြင် ၅.၅ လက်မနဲ့ 1.9 GHz processor ကို အသုံးပြုမယ်လို့ ပြောထားပါတယ်။

၎င်းတို့ရဲ့ပုံအရ OnePlus X ရဲ့ ဒီဇိုင်းဟာ iPHone နဲ့ဆင်တူနေပြီး iPhone 6s မှာပါတဲ့ 3D-touch လို နည်းပညာမျိုးလည်း ပါဝင်သွားနိုင်တယ်လို့ ကောလဟလတွေထွက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *