Amazon Kindle Fire ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ Kindle Fire HDX ကိုဒီနေ့၀ယ်ယူနိုင်ပါပြီ။ခုနှစ်လက်မအရွယ်အစားရှိတဲ့ Tablet ကို Amazon.com ကနေမှာယူနိုင်ပါတယ်.။Kindle Fire အသစ်မှာ လျှင်မြန်တဲ့ Snapdragon 800 Processor ကိုတပ်ဆင်အသုံးပြုထားတာဖြစ်ပြီး Display က 1920×1200 Resolution ပါရှိပါတယ်။ 303 g အလေးချိန်ရှိပါတယ်။ Special Offer အနေနဲ့ 16 GB ကို $229 နဲ့ ၀ယ်ယူနိုင်မှာပါ။ Special Offer ကို၀ယ်ယူရင်တော့ Lock Screen မှာ ကြော်ညာတွေထည့်သွင်းမှာပါ။ကြော်ညာတွေမပါစေချင်ရင်တော့ ဈေးနှုန်းက $244 ဖြစ်သွားပါမယ်။ $100 ထပ်ဖြည့်မယ်ဆိုရင်တော့ Verizon , AT&T စတဲ့ Carrier Exclusive Models တွေရရှိမှာပါ။နောက်ထပ် ဒေါ်လာလေးဆယ် ထပ်ဖြည့်မယ်ဆိုရင် 32GB Storage ရရှိမှာဖြစ်ပြီး ဒေါ်လာ ရှစ်ဆယ်ထပ်ဖြည့်မယ်ဆိုရင် 64GB Storage ရရှိပါမယ်။ Tablet ကို Amazon ရဲ့နောက်ဆုံး ထုတ် Android-Based OS ဖြစ်တဲ့ FireOS 3.0 “Mojito” OS နဲ့ မောင်းနှင်လည်ပတ်မှာပါ။UK မှာ နို၀င်ဘာ (၁၃) ရက်နေ့ မှာ ရရှိနိုင်ပြီး Canada မှာတော့ နို၀င်ဘာ (၂၆) ရက်နေ့မှာ၀ယ်ယူနိုင်ပါမယ်။
Amazon ရဲ့ Kindle Fire HDX ကို၀ယ်ယူနိုင်ပြီ။

18
Oct
where? america?