Laptops, News, Review

Alldocube KNote X Pro အကြောင်း

Alldocube KNote X Pro မီးခိုးရောင်လေးဖြစ်ပါတယ်။ CPU က 8th Gen Gemini Lake N4100 Quad Core ဖြစ်ပါတယ်။

အဲဒီ ပရိုဆက်ဆာအမျိုးအစားဟာ အဆင့်မြင့် 14nm ဖြစ်တဲ့အတွက် စွမ်းအင်သုံးစွဲမှုနည်းပါးရုံမကဘဲ အမြင့်ဆုံးကြိမ်နှုန်း 2.4 GHz အထိ ရရှိပါတယ်။ ဒါကြောင့် စက်ရဲ့လုပ်ဆောင်ချက်က မြန်ဆန်သွက်လက်နေမှာ အမှန်ပါပဲ။ OS က Windows 10 Home ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်မြင့်မားပါတယ်။

မျက်နှာပြင်အရွယ်အစားက 13.3 လက်မ ရှိပြီးတော့ IPS Screen အမျိုးအစားဖြစ်ပြီး Resolution က 2560 x 1440 ရရှိပါတယ်။ 2K high-definition IPS full-view display နဲ့ bandwidth က အရင်မျိုးဆက်တွေထက် ၃၃ ရာခိုင်နှုန်း ပိုပြီးမြင့်မားလာတာကြောင့် KNote X Pro ဟာ အိတ်ဆောင်ရုပ်ရှင်ရုံအသေးစားလေးလို့တောင် တင်စားလို့ရတဲ့အထိ ရုပ်ထွက်ကြည်လင်တောက်ပပြီး ရှင်းလင်းပါတယ်။

RAM 8 GB နဲ့ Stroage 128 GB SSD တပ်ဆင်ပေးထားပါတယ်။ 5500 mAh ဘက်ထရီတပ်ဆင်ထားတာမို့ တာရှည်ခံပါတယ်။

ရောင်းဈေးက K517,000 နဲ့ အာမခံ ၁ နှစ်ပေးထားပါတယ်။
ဝယ်မယ်ဆို အောက်က link လေးကို နှိပ်လိုက်နော်။

Leave a Reply

Your email address will not be published. Required fields are marked *