မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် တယ်လီဖုန်းအား အသုံးပြု၍ ဘဏ်လုပ်ငန်း ဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ယခုက့ဲသို့ ပြုလုပ် ခြင်းကို Tele-Banking စနစ်ဟု ခေါ်ပြီး အဆိုပါ စနစ်ကို အာရှစိမ်းလန်း ဖံွ့ဖြိုးရေး ဘဏ် (AGD)တွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Tele-Banking စနစ်အတွက် ဝန်ဆောင်မှု ရယူလိုပါက “1878”သို့ ခေါ်၍ မေးမြန်းနိုင်မည် ဖြစ် ကြောင်း သိရသည်။ အင်တာနက် ရှိရန် မလိုအပ်ဘဲ မည်သည့် ဖုန်းအမျိုးအစားမှာ မဆို 1878သို့ ခေါ်ဆို၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ခေါ်ဆိုအသုံးပြုသူ အနေဖြင့် ရရှိနိုင်မည့် ဘဏ်ဝန်ဆောင်မှုများ မှာ ၂၄ နာရီပတ်လုံး Current, Saving and Online Payment အကောင့်များ၏ Balanceကို စုံစမ်းမေးမြန်းနိုင်မည် ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် မိမိ ဖွင့် လှစ်ထားသော ဘဏ်စာရင်းရှိငွေ စာရင်း များကို ဘဏ်သို့ ကိုယ်တိုင်သွားစရာ မလို ဘဲ Tele-Banking စနစ်ဖြင့် စုံစမ်း မေးမြန်း နိုင်မည် ဖြစ်သည်။ ထို့ပြင် တစ်ဦးမှ တစ်ဦး သို့ ငွေစာရင်းပြောင်းခြင်းကိုလည်း ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဘဏ်ငွေ စာရင်း အကောင့်ရှိသူ များသည် အဆိုပါ Tele-Banking စနစ်ကို အသုံးပြုနိုင်မည် ဖြစ်ပြီး လိုအပ်ချက်အဖြစ် မိမိအကောင့် ဖွင့်လှစ်ထားသော ဘဏ်ခွဲ၌ Pin Code ကို Register ပြုလုပ်ရမည် ဖြစ်ကြောင်း သိရ သည်။ သို့မှသာ Pin Codeကို တယ်လီဖုန်းမှ တစ်ဆင့် ဖြေရှင်းခြင်းဖြင့် မိမိပြုလုပ်လိုသည် များကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရ သည်။ နိုင်ငံတကာတွင် အဆိုပါ Tele-Banking စနစ်ကို တွင်ကျယ်စွာ အသုံးပြု လျက်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း မကြာမီတွင် AGD ဘဏ်၌ စတင် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ “အခု လက်ရှိမှာတော့ ကျွန်တော်တို့ဆီက ၀န် ထမ်းတွေပဲ သုံးလို့ရပါတယ်။ အပြင် Custo -merတွေကတော့ ဗဟိုဘဏ်ရဲ့ ခွင်ပြုချက် ရမှ သုံးလို့ရမှာပါ။ လောလောဆယ် လျှောက်လွှာတွေပဲ လက်ခံထားတယ်”ဟု AGC Bankမှ တာ၀န်ရှိသူ တစ်ဦးက ပြော သည်။ AGDဘဏ်သည် လက်ရှိတွင် နိုင်ငံ တကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တို့ကို ရရှိခဲ့ပြီး နိုင်ငံခြား ဘဏ်လုပ်ငန်းဌာန (၁)ခု ငွေလဲကောင်တာ (၇)ခုနှင့် ဘဏ်ခွဲပေါင်း (၂၅)ခုကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖွင့် လှစ်ခဲ့ပြီး ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သော၊ ပြည်တွင်း/ ပြည်ပ ငွေလွဲှလုပ်ငန်း၊ ငွေလဲလှယ်မှု လုပ်ငန်း၊ ငွေစု ဘဏ်လုပ်ငန်း၊ စာရင်းရှင်အပ်ငွေ၊ စာရင်း သေအပ်ငွေ၊ ငွေချေးလုပ်ငန်း၊ အငှားဝယ် စနစ်လုပ်ငန်း၊ ဘဏ်အာမခံ လုပ်ငန်းများကို လုပ်ကိုင်ပေးလျက်ရှိပြီး နောက်ထပ် အသစ် အဖြစ် တယ်လီဖုန်းမှ တစ်ဆင့်ဘဏ်၏ ဝန်ဆောင်မှုများကို အသံဖြင့် ဖြေကြား လုပ် ဆောင်ပေးနိုင်သော (Tele-Banking) စနစ် ကိုလည်း မကြာမီ ဆောင်ရွက်ပေးနိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် Tele-Banking စနစ်ကို AGD ဘဏ်မှ စတင်ပြုလုပ်

08
Jun